စစ်အုပ်စုရဲ့ မြေမြုပ်နင်းမိုင်းကြောင့် KNDF ရဲဘော်တစ်ဦး ခြေထောက်နှစ်ဖက်ဆုံးရှုံ

ဓာတ်ပုံ- (KNDF)တပ်ရင်း-၉
ကယားပြည်နယ်(ကရင်နီ) ဒီမော့ဆိုမြို့နယ်မှာ နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဥ် အကြမ်းဖက်စစ်အုပ်စုက အများပြည်သူသွားလာရာလမ်းမှာ ထောင်ထားခဲ့တဲ့ မြေမြုပ်နင်းမိုင်းနင်းမိပြီး KNDF တပ်ရင်း ၉က တပ်ဖွဲ့ဝင်တစ်ဦး ခြေထောက်နှစ်ဖက် ဆုံးရှုံးခဲ့တယ်လို့ (KNDF)တပ်ရင်း-၉က သတင်းထုတ်ပြန်လာခဲ့ပါတယ်။
ဒီကနေ့ ဧပြီလ ၂၂ရက်နေ့ မနက် ၇နာရီလောက်မှာ (KNDF)တပ်ရင်း-၉နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရေးလုပ်ရင်း တပ်ဖွဲ့ဝင်တဦး အခုလို မိုင်းနင်းမိပြီး ခြေထောက်နှစ်ဖက် ဆုံးရှုံးခဲ့တာပါ။
KNDFတပ်ရင်း တပ်ဖွဲ့တွေမှာ ခေတ်မှီမိုင်းရှာစက်တွေ လိုအပ်နေပြီး တပ်ရင်းတပ်ဖွဲ့အချို့ဟာ မိုင်းရှာစက်မရှိတာကြောင့် လယ်ယာသုံးထွန်ခြစ်တွေနဲ့ မိုင်းရှာဖွေရှင်းလင်းနေရတယ်လို့ ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ စစ်ကိုင်းတိုင်း ကရင်နီပြည်နဲ့ တိုင်းရင်းသားဒေသတွေမှာ မြေမြုပ်မိုင်းတွေကို ပြည်သူတွေကို သွားလာရာလမ်းတွေနဲ့ တောင်ယာတွေအတွင်းမှာ တပ်ဆင်လေ့ရှိပြီး ပြည်သူတွေ မကြာခဏ ထိခိုက် အသက်ဆုံးပါးမှုတွေ ကြုံတွေ့ခဲ့ရပါတယ်။