ကန်ပက်လက်မြို့နဲ့ ဆောမြို့အကြား တိုက်ပွဲပြင်းထန်

ကန်ပက်လက်မြို့နဲ့ ဆောမြို့အကြားမှာ တိုက်ပွဲပြင်းထန်နေပြီး လက်နက်အင်အားနဲ့ ကျည်အင်အား မမျှတမှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုရှိနေတယ်လို့ CDF Kanpetlet က ဒီကနေ့ ဧပြီလ ၂၂ ရက်နေ့ နေ့လည်ပိုင်းမှာ အရေးပေါ် သတင်းထုတ်ပြန်လာခဲ့ပါတယ်။
မနေ့က ဧပြီလ ၂၁ ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုဟာ ဆောမြို့ကနေ အင်အား ၆၀ ကျော်ပါဝင်တဲ့ စစ်ကြောင်းတစ်ကြောင်း ၊ ကန်ပက်လက်မြို့ကနေ အင်အား ၈၀ ကျော်ပါဝင်တဲ့ စစ်ကြောင်းတစ်ကြောင်း စစ်ကြောင်းနှစ်ကြောင်းခွဲကာ ထိုးစစ်ဆင်လာတာပါ။
ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ လက်နက်အင်အား ကျည်အင်အား မမျှတတာအပြင် နှစ်ဖက်ထိုးစစ်ကြားမှာ ညှပ်နေခဲ့တာကြောင့် ထိခိုက်မှုတွေ ရှိနေခဲ့တာလို့ သိရပါတယ်။
တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာကြောင့် ပြည်သူတွေအနေနဲ့ ဆောမြို့နဲ့ ကန်ပက်လက်မြို့အကြားကို ဖြတ်သန်းသွားလာတာတွေ လုံးဝမလုပ်ဆောင်ဖို့ သတိပေးထားပါတယ်။