ဒီးမော့ဆိုအနောက်ခြမ်းမှာ လေကြောင်းတိုက်ခိုက်ခံရလို့ နှစ်ဦးဒဏ်ရာရ၊ အဆောက်အအုံတချို့ပျက်စီး

ဒီးမော့ဆိုအနောက်ခြမ်းမှာ လေကြောင်းတိုက်ခိုက်ခံရလို့ နှစ်ဦးဒဏ်ရာရ၊ အဆောက်အအုံတချို့ပျက်စီး

ဧပြီ၊​၂၉   ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ရှိတဲ့ စစ်ရှောင်စခန်းတခုကို ဒီကနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်က လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲခဲ့တာကြောင့် နှစ်ဦးဒဏ်ရရကာ ဘုန်းကြီးကျောင်းအပါအဝင် အဆောက်အအုံတချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။   “ အခုက ပြေးကုန်နေကြပြီ၊ ဒီနေရာက စစ်ရှောင်နေတဲ့ သူတွေပဲ နေကြတာပါ၊ အခုသူတို့လေယာဉ်နဲ့ လာပစ်တော့ ဒီနေ့ဆို အကုန်ထွက်ပြေးကြကုန်ပြီ၊ အားလုံးပေါ့၊ ဟို…

Read More
စစ်တပ်ရိက္ခာပို့စစ်ကြောင်းကို ကရင်နီ တပ်တွေ တိုက်ခိုက်၊တဦးအရှင်မိပြီးသေဆုံးသူတွေလည်းရှိ

စစ်တပ်ရိက္ခာပို့စစ်ကြောင်းကို ကရင်နီ တပ်တွေ တိုက်ခိုက်၊တဦးအရှင်မိပြီးသေဆုံးသူတွေလည်းရှိ

ဧပြီ၊ ၂၀ ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြိုနယ်အရှေ့ခြမ်း ဒေါတမကြီးကျေးရွာအုပ်စုအတွင်း စစ်ကောင်စီစခန်းတွေကို ရိက္ခာလာပို့တဲ့ ခလရ (၈၀) တပ်နဲ့ ကရင်နီပူးပေါင်းတပ်တွေ မနေ့က တိုက်ပွဲဖြစ်ရာမှာ စစ်ကောင်စီတပ်မှ ရှစ်ဦးသေဆုံးပြီး တဦးကို အရှင်ဖမ်းဆီးမိတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ ဒီးမော့ဆိုမြို့နယ်နဲ့ ဘောလခဲမြို့နယ်အကြားမှာ စစ်ကောင်စီတပ် ခလရ (၈၀) တပ်ရင်းရဲ့ ရိက္ခာလာပို့တဲ့ စစ်ကြောင်းကို  ဧပြီလ ၁၉ရက် နေ့လယ် တနာရီ ဝန်းကျင်မှာ ကရင်နီပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ကပြည်ထဲရေးဝန်ကြီး…

Read More
ကရင်နီပူးပေါင်းတပ်တွေထိုးစစ်ဆင်လို့ စစ်ကောင်စီတပ်သား သုံးဆယ်ထက်မနည်း သေဆုံးတယ်လို့ဆို

ကရင်နီပူးပေါင်းတပ်တွေထိုးစစ်ဆင်လို့ စစ်ကောင်စီတပ်သား သုံးဆယ်ထက်မနည်း သေဆုံးတယ်လို့ဆို

ဧပြီ၊ ၁၉   ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက် ဒေါတမကြီးအုပ်စု၊ ဒေါညီကို ကျေးရွာအနီးက စစ်ကောင်စီတပ်တွေကို ကရင်နီပူးပေါင်းတပ်တွေက ၂ ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ရာ စစ်တပ်က ၃၀ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်သေဆုံးမှုများသဖြင့် လေကြောင်း၊ လက်နက်ကြီးနဲ့ အဆက်မပြတ်ပစ်ကူပေးနေတယ်လို့ သိရပါတယ်။   ကရင်နီပူးပေါင်းတပ်တွေကဧပြီလ ၁၆ ရက်၊ မနက် ၇ နာရီခန့်မှာ ဒေါညီကို ကျေးရွာအနီးတဝိုက်မှာ စခန်းထိုင်နေတဲ့ စစ်ကောင်စီတပ်တွေကို သွားရောက်တိုက်ခိုက်ရာ…

Read More
ဒီးမော့ဆိုက နှစ်ရက်တာတိုက်ပွဲအတွင်း KNDFတပ်ဖွဲ့ဝင်တဦး ကျဆုံး၊ စစ်အုပ်စု သေဆုံးထိခိုက်မှုများတယ်လို့ဆို

ဒီးမော့ဆိုက နှစ်ရက်တာတိုက်ပွဲအတွင်း KNDFတပ်ဖွဲ့ဝင်တဦး ကျဆုံး၊ စစ်အုပ်စု သေဆုံးထိခိုက်မှုများတယ်လို့ဆို

ဧပြီ၊ ၈   ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအရှေဘက်ခြမ်းရှိ တနီးလာလဲကျေးရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ KA ၊ KNDF ကရင်နီပူးပေါင်းတပ်တွေအကြား နှစ်ရက်တာတိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုများသလို ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)က တဦးကျဆုံးတယ်လို့ KNDF က ဒီကနေ့ထုတ်ပြန်ပါတယ်။   ဒီးမော့ဆိုမြို့နယ် တနီးလာလဲကျေးရွာ အရှေ့ဖက်တောင်ပေါ်တကြောမှာ စစ်ကြောင်းထိုး လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်တွေနဲ့ ကရင်နီပူးပေါင်းတပ်တွေ ဧပြီလ ၄ ရက်နဲ့ ၅ ရက်တို့မှာ တနေကုန်နီးပါး တိုက်ပွဲတွေ…

Read More
ဒီမော့ဆိုမှာ နှစ်ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၁၅ ဦးအထက်သေဆုံး

ဒီမော့ဆိုမှာ နှစ်ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၁၅ ဦးအထက်သေဆုံး

မတ်၊ ၃၁ ကရင်နီပြည်နယ်(ကယားပြည်နယ်)ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ဒေါလျားခူကျေးရွာအနီး စစ်ကောင်စီရဲ့ ခလရ (၂၇၈) တပ်နဲ့ ကရင်နီတပ်မတော်KA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDF ဗျူဟာ (၃)က ပူးပေါင်းတပ်တွေကြား ၂ရက်နီးပါး တနေ့ကုန်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက် ၁၅ ဦးနဲ့အထက် သေဆုံးပြီး ဒဏ်ရာရရှိသူ များပြားတယ်လို့ သိရပါတယ်။ ဒေါလျာခူကျေးရွာ အရှေ့ဘက်ရှိ ညေးဘူးခူတောင်ပေါ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီရဲ့ ခလရ ၂၈၇ တပ်နဲ့ KA ၊…

Read More
ဒီးမော့ဆိုမှာ လေးရက်ကြာတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်ကအ များအပြားသေဆုံးတယ်လို့ KNDFပြော

ဒီးမော့ဆိုမှာ လေးရက်ကြာတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်ကအ များအပြားသေဆုံးတယ်လို့ KNDFပြော

မတ်၊ ၂၅ ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စုအတွင်း ကရင်နီပူးပေါင်းတပ်တွေနဲ့ စစ် ကောင်စီတပ် တွေအကြားလေးရက်တာ တိုက်ပွဲအပြင်းအထန်ဖြစ်ရာမှာ စစ်ကောင်စီဘက်က အရာရှိ တွေ အပါ အဝင် (၉၀) ကျော်သေဆုံးကာ (၅၀)ထက်မနည်းဒဏ်ရာရပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ထုတ်ပြန်ပါတယ်။ “သူတို့ စစ်ကြောင်းတွေကတော့ ရှိနေ တုန်း ပဲ၊ ထိတွေ့တိုက်ပွဲတွေကတော့ ပြင်းထန်နေတုန်းပါပဲ” လို့KNDF ဗဟိုသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ တဦးက DNAကို…

Read More
ဒီမော့ဆိုမြို့နယ်မှာ စစ်ကောင်စီအထိနာနေလို့ အင်အားဖြည့်တင်းနေ

ဒီမော့ဆိုမြို့နယ်မှာ စစ်ကောင်စီအထိနာနေလို့ အင်အားဖြည့်တင်းနေ

မတ် ၊ ၂၀ ကရင်နီပြည်နယ်(ကယားပြည်နယ်)၊ ဒီးမော့ဆိုမြို့နယ်၊ အရှေ့ခြမ်းက တနီးလာလဲကျေးရွာအနီးက ကရင်နီတပ်မတော် (KA) ၊ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲမှာ စစ်ကောင်စီတပ် အထိနာတဲ့အတွက် စစ်ကား (၁၀) ကျော်နဲ့ အင်းအားဖြည့်လာတယ်လို့ သိရပါတယ်။ “၁၈ ရက်က အဲမှာ တနေကုန်ဖြစ်တယ်။ခမရ ၅၁၃ နဲ့ ဖြစ်တာပါ။ တနီလာလဲဆိုတာ ကန်ခုနှစ်ဆင့်ပေါ့။ အဲဒီမြောက်ဘက်မှာ တောတပို့ဆိုတဲ့ ရွာရှိတယ်။ အဲဘက်ရွာရဲ့ ရှေ့ဘက်တောင်တန်းမှာ…

Read More
ဒီမော့ဆိုမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီးနှစ်ဦးဒါဏ်ရာရ

ဒီမော့ဆိုမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီးနှစ်ဦးဒါဏ်ရာရ

မတ်၊ ၁၄ ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်ပြည်သူတွေ ရှိနေတဲ့နေရာတခုကို မြို့ပေါ်ရှိ စစ်ကောင်စီတပ်တွေက လက်နက်ကြီး ၆လုံးထက်မနည်းပစ်ခေတ်ခဲ့တဲ့အတွက်  လမ်းမကြီးပေါ်သွားလာနေတဲ့ ကားတစီးထိမှန် ပြီးအမျိုးသမီးနှစ်ဦးထိခိုက်ဒါဏ်ရာရခဲ့တယ်လို့သိရပါတယ်။ ဒီကနေ့ မတ်လ ၁၄ရက်နေ့ ညနေပိုင်း ၅နာရီဝန်းကျင်မှာ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အနောက်ဘက်တစ်နေရာကို စစ်ကောင်စီတပ်မှ လက်နက်ကြီး ၆လုံးခန့်ပစ်ခတ်ခဲ့ပြီး လမ်းမကြီးပေါ်သွားလာနေတဲ့ ကားတစ်စီးထိမှန်ပြီး အမျိုးသမီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြိးတော့တဦးမှာဒါဏ်ရာပြင်းထန်ခဲ့တာဖြစ်တယ်လို့စစ်ရှောင်အရေးကူညီပေးနေသူတွေကဆိုပါတယ်။ “တိုက်ပွဲမရှိပဲတောက်လျောက်ပစ်နေတာအနာက်ခြမ်းကတော့လက်နက်ကြီးပဲ။စစ်ရှောင်စခန်းကတောပြောလို့မရဘူး။အဲ့စခန်းအတွက်စျေးသွားဝယ်နေတဲ့ကားအနီးကျတာ။ အဲ့မှာပါတဲ့အမျိုးသမီးနှစ်ယောက်ထိတာတယောက်ကတော့အတော်ဒါဏ်ရာပြင်းတယ်။ဘေးလွတ်ရာတော်လှန်ရေးဆေးရုံတခုမှာတင်ထားတယ်”လို့ကရင်နီစစ်ရှောင်အရေးကူညီပေးနေသူတဦးကပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဒီးမော့ဆိုအနောက်ခြမ်းနဲ့အရှေ့ခြမ်းရှိကျေးရွာတွေနဲ့စစ်ရှောင်နေရာတွေကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ လက်နက်ကြီးအပါအဝင်လေယာဥ်တွေနဲ့ပါဗုံးကြဲတိုက်ခိုက်ခဲ့တာတွေကြောင့်  ဒေသခံအပါအဝင် စစ်ရှောင်လူထုတွေ စိုးရိမ်ထိတ်လန့်နေရတယ်လို့လဲသိရပါတယ်။ မတ်လ ၉…

Read More
ဒီမောဆို အရှေ့ခြမ်းကို စစ်ကောင်စီက စစ်ကြောင်းသုံးခုနဲ့ ထိုးစစ်ဆင်နေ၊ဒေသခံ ငါးထောင်ကျော် စစ်ရှောင်နေရ

ဒီမောဆို အရှေ့ခြမ်းကို စစ်ကောင်စီက စစ်ကြောင်းသုံးခုနဲ့ ထိုးစစ်ဆင်နေ၊ဒေသခံ ငါးထောင်ကျော် စစ်ရှောင်နေရ

  မတ်၊ ၁၁ ကရင်နီ(ကယား)ပြည်နယ်၊ ဒီမောဆိုအရှေ့ခြမ်းဒေသကို စစ်အုပ်စုက စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ်ဆင် နေပြီး မနေ့က ဒေသအခြေစိုက် ကာကွယ်ရေးတပ်တွေနဲ့တိုက်ပွဲပြင်းထန်ခဲ့သလို ဒီကနေ့မှာလည်း တိုက်ပွဲ တွေဆက်ဖြစ် နေတယ်လို့ သိရပါတယ်။ ဒီမောဆို ဒေသတွင်းမှာ မတ်လ ၁၀ရက်က မနေ့ကမနက်ပိုင်းကစလို့ ပြင်းထန်ခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီ ဘက်က ထိခိုက်ကျဆုံးမှုများတယ်လို့ ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ တာဝန်ရှိသူ ခူညေး ရယ်က DNA ကိုပြောပါတယ်။ “မနေ့က ဒေါသဲရွာ…

Read More
ဒီမော့ဆိုမြို့နယ်မှာ စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်လို့ အရပ်သားနှစ်ဦးသေ၊ လေးဦးဒဏ်ရာရ

ဒီမော့ဆိုမြို့နယ်မှာ စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်လို့ အရပ်သားနှစ်ဦးသေ၊ လေးဦးဒဏ်ရာရ

ဖေဖော်ဝါရီ ၊ ၂၈ ကယားပြည်နယ်၊ဒီမော့ဆိုမြို့နယ်တွင်းကစစ်ဘေးရှောင်နဲ့အရပ်သားတွေရှိနေတဲ့နေရာကိုစစ်ကောင်စီတပ်တွေကလက်နက်ကြီးနဲ့ပသ်ခတ် ခဲ့တာကြောင့်ဖေော်ဝါရီလ ၂၇ရက်၊ မနေ့ကအသက် ၇၀ အရွယ် အမျိုးသားတဦးနဲ့ အသက် ၃၀ အရွယ်အမျိုးသမီးတဦးသေဆုံးခဲ့သလို အရပ်သား၄ ဦးထိခိုက်ဒါဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ စစ်ကောင်စီရဲ့ဒီမော့ဆိုအထိုင်တပ်ရင်းတွေဖြစ်တဲ့၄၀၂၊၁၀၇နဲ့ဖရူဆိုမြို့တောင်ဘက် အမှတ် ၁၄တန်းမြှင့်စစ်လေ့ကျင့်ရေကျောင်းနဲ့ဘော်လခဲအခြေစိုက်စစ်ဗျူဟာတို့က ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ “စစ်ကောင်စီအထိုင်တပ်ရင်းကမနေ့ည ၇နာရီ၊ ၄၅လောက်ကပစ်နေတာ၊အရှေ့ဖက်ခြမ်းမှာရော၊အနောက်ဖက်ခြမ်းမှာရောစပြီးပစ်တော့ခုနှစ်ကြိမ်လောက်ပစ်တာ၊စစ်ရှောင်တွေနေတဲ့နေရာကိုပစ်တော့ကျသွားရာကနေပေါက်ကွဲပြီးတော့ပြည်သူကတော့ပွဲချင်းပြီးဆုံးတယ်”လို့ဒီမောဆိုမြို့နယ်၊ဒေသကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတဦးကပြောပါတယ်။ သေဆုံးသူဟာအသက် ၃၀အရွယ် အိမ်ထောင်သည်အမျိုူသမီးဖြစ်ပြီးသူ့ရဲ့ ခင်ပွန်းနဲ့ ညီမဖြစ်သူကတော့ ပြင်းထန်တဲ့ဒဏ်ရာရရှိတဲ့အတွက်လုံခြုံတဲ့နေရာမှာဆေးကုသမှုပေးနေတယ်လို့လည်းသိရပါတယ်။ “ဆုံးတဲ့အမျိုးသမီးမှာနှစ်နှစ်သားအရွယ်ကလေးတဦးကျန်တယ်။သူ့အမေကတော့နှလုံးရောဂါဖောက်သွားတယ်။ထိတွေ့တိုက်ပွဲကမရှိပဲနဲ့ကိုပစ်နေတာ”လို့ လည်းအဲဒီတာဝန်ရှိသူကပြောပါတယ်။ ဒါ့အပြင် ဘော်လခဲမြိုံအခြေစိုက်စစ်တပ်ကလည်းဒီမော့ဆိုမြို့အရှေ့ခြမ်းကိုမနေ့ကမွန်းလွဲပိုင်းက လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ အသက် ၇၀အရွယ်အမျိုးသားတဦးသေဆုံးပြီး…

Read More