ဒီးမော့ဆို စစ်ရှောင်ပြည်သူတွေ သောက်သုံးရေနဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေ

ဒီးမော့ဆို စစ်ရှောင်ပြည်သူတွေ သောက်သုံးရေနဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေ

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်စပ် ဒီးမော့ဆိုမြို့နယ်နဲ့ အနီးနားဒေသတွေက စစ်ရှောင်ပြည်သူတွေအတွက် သောက်သုံးရေ ရိက္ခာနဲ့ဆေးဝါးတွေ အဓိက လိုအပ်နေတယ်လို့ ပြည့်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆိုက တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ အခုဆို စစ်ရှောင်ပြည်သူ သိန်းကျော်ရှိနေပြီဖြစ်ပြီး နေရာအနှံနီးပါး တိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူတွေ အနေနဲ့ နေရာအမြဲပြောင်းနေရတဲ့အပြင် လိုအပ်ချက်တွေ အများကြီး ရှိနေပြီး အခက်အခဲတွေ ကြုံနေရတယ်လို့ သူကဆက်ပြောပါတယ်။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က စတင်ကာ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့ကနေ ဒီးမော့ဆိုမြို့နယ်အထိ အကြမ်းဖက်…

Read More
ဒီးမော့ဆိုမြို့နယ် တိုက်ပွဲမှာ ၁၅ ရက်အတွင်း PDF ရဲဘော် ၇ ဦးကျဆုံးခဲ့

ဒီးမော့ဆိုမြို့နယ် တိုက်ပွဲမှာ ၁၅ ရက်အတွင်း PDF ရဲဘော် ၇ ဦးကျဆုံးခဲ့

ကယားပြည်နယ် (ကရင်နီ) ဒီးမော့ဆိုမြို့နယ်နဲ့ အနီးတဝိုက်ကျေးရွာတွေမှာ နေ့တိုင်းနီးပါးထိ တွေ့တိုက်ပွဲတွေ ဖြစ်နေပြီး မတ်လ လဆန်းကနေ ဒီနေ့အထိ ၁၅ ရက်အတွင်း PDF ရဲဘော် ၇ ဦးကျဆုံးခဲ့တယ်လို့ ပြည့်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုက ဆိုပါတယ်။ အကြမ်းဖက်စစ်အုပ်စုက မတ်လဆန်းပိုင်းက စတင်ကာ စစ်ကြောင်း ၃ ကြောင်းနဲ့ စစ်ကြောင်းထိုးကာ အကြိမ်ပေါင်းများစွာ တာဝေးပစ်လောင်ချာတွေနဲ့ ဆက်တိုက်ပစ်ခတ်သလို လေယာဉ်နဲ့ပါ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နန်းမယ်ခုံမြို့နဲ့ ဒေါငံခါးရွာတွေကို ယာယီဆုတ်ခွါ လက်လွှတ်လိုက်ရတယ်လို့ သူဆက်ပြောပါတယ်။…

Read More
အကြမ်းဖက်စစ်အုပ်စု စစ်ရှောင်ရွာသားတွေရှိတဲ့ ဒေါစဲကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခက်

အကြမ်းဖက်စစ်အုပ်စု စစ်ရှောင်ရွာသားတွေရှိတဲ့ ဒေါစဲကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခက်

ဒီနေ့ မတ်လ ၁၄ ရက်နေ့မနက် ၁ နာရီခန့်တွင် အကြမ်းဖက်စစ်အုပ်စုက စစ်ရှောင်ရွာသားတွေရှိတဲ့ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲက ဒေါစဲကျေးရွာကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခက်မှု့တွေကြောင့် ဆေးပေးခန်းအဆောင်အအုံနှင့် ရွာသားအချို့ ထိခိုက်မှု့များ ရှိတယ်လို့ သိရပါတယ်။

Read More
လွိုင်ကော်-ဒီးမော့ဆို လမ်းကို အကန့်သတ် မရှိ ပိတ်ထားကြောင်း ကြေညာ

လွိုင်ကော်-ဒီးမော့ဆို လမ်းကို အကန့်သတ် မရှိ ပိတ်ထားကြောင်း ကြေညာ

ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF B- 09 ) နယ်မြေအတွင်းရှိ အကြမ်းဖက်စစ်အုပ်စုသွားရာ လမ်းကြောင်းဖြစ်တဲ့ လွိုင်ကော် -ဒီးမော့ဆို လမ်းကို အကန့်သတ်မရှိ ပိတ်ထားကြောင်း KNDF B- 09 က ဒီကနေ့ထုတ်ပြန်ပါတယ်။ ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ အဲဒီလမ်းကြောင်းပေါ် သွားလာခြင်းမပြုကြဖို့ KNDF B- 09 က ဆိုပါတယ်။

Read More
စစ်ရေးအရ အရေးပါတဲ့ ဒေါငံခါးရွာကို ယာယီလက်လွှတ်လိုက်ရ

စစ်ရေးအရ အရေးပါတဲ့ ဒေါငံခါးရွာကို ယာယီလက်လွှတ်လိုက်ရ

စစ်ရေးအရ အရေးပါတဲ့ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးရွာကို ယာယီလက်လွှတ်လိုက်ရတယ်လို့ ကရင်နီ အမျိုးသားကာကွယ်ရေးတပ် (KNDF တပ်ရင်း ၁) က ဒီကနေ့မနက်မှာ ထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်တပ်က အကြိမ်ပေါင်းများစွာ လက်နက်ကြီးနဲ့ပစ်ခတ်သလို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မတ်လ ၁၃ ရက်နေ့မှာ ဒေါငံခါးရွာကို ယာယီလက်လွှတ်လိုက်ရတယ်လို့ ဆိုပါတယ်။ နန်းမယ်ခုံမြို့ကို ယာယီဆုံးရှုံးရပြီး‌နောက် ဒေါငံခါးရွာကို ထပ်မံ လက်လွှတ်လိုက်ရခြင်းဖြစ်ပြီး KNDF ရဲဘော် တချို့လည်း ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ပုံစာ-ဒေါငံခါးရွာထဲ…

Read More
ဒီးမော့ဆိုမြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုက တိုက်လေယာဉ်သုံး ဗုံးကြဲ တိုက်ခိုက်

ဒီးမော့ဆိုမြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုက တိုက်လေယာဉ်သုံး ဗုံးကြဲ တိုက်ခိုက်

ကယားပြည်နယ်(ကရင်နီ) ဒီမော့ဆိုမြို့နယ်နဲ့ အနီးတ၀ိုက်ကျေးရွာတွေကို အကြမ်းဖက်စစ်အုပ်စုက မတ်လ ၉ ရက်နေ့ မနက် ၉ နာရီတွင်တကြိမ် ယမန်နေ့ည ၂ နာရီတွင်တကြိမ်တိုက်လေယာဥ်သုံး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုက ဆိုပါတယ်။ မနက် ၂ နာရီလောက်က ဗုံးကျတဲ့ ပြင်းအားကြောင့် ၅ ပေနီးပါးနက်တဲ့ကျင်းကြီး ဖြစ်သွားပြီး ကက်သလစ်ခရစ်ယာန်ဘုရားကျောင်း (၁) ခု ပျက်ဆီးသွားတယ်လို့ သိရပါတယ်။ ဒီနေ့မနက် ၉ နာရီ ဗုံးကြဲတိုက်ခိုက်ချိန်တွင် အင်တာနက်လိုင်းအခက်အခဲကြောင့် တောင်ပေါ်လိုင်းတက်သုံးရင်း…

Read More
ဒီးမော့ဆိုမြို့နယ် တိုက်ပွဲအတွင်း KGZက စစ်ကြောင်းမှူးတစ်ဦး ကျဆုံ

ဒီးမော့ဆိုမြို့နယ် တိုက်ပွဲအတွင်း KGZက စစ်ကြောင်းမှူးတစ်ဦး ကျဆုံ

ကယားပြည်နယ်(ကရင်နီ) ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ Karenni Generation Zတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက သေဆုံးသူတွေရှိခဲ့သလို့ KGZက စစ်ကြောင်းမှူးဖြစ်သူ ဗိုလ်ဆော်ရယ်(ခ) ဇော်လင်းထွန်း ကျဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဒီကနေ့ မတ်လ ၉ရက်နေ့ မနက်ပိုင်းက စပြီး ကုန်းသာကျေးရွာအနီးမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး KGZ စစ်ကြောင်းမှူးဖြစ်သူ ဗိုလ်ဆော်ရယ် ကျဆုံးခဲ့ရတာပါ။ အသက် ၂၄နှစ်အရွယ် ဗိုလ်ဆော်ရယ်(ခ) ဇော်လင်းထွန်းဟာ လွိုင်ကော်ပညာရေးကောလိပ် DTEd အပတ်စဉ်…

Read More
ပြည်သူတွေ ခိုအောင်းနေတဲ့ရွာကို ဗုံးကြဲတိုက်ခိုက်၊ခရစ်ယာန် ဘုရားကျောင်းဆောင် ပျက်စီး

ပြည်သူတွေ ခိုအောင်းနေတဲ့ရွာကို ဗုံးကြဲတိုက်ခိုက်၊ခရစ်ယာန် ဘုရားကျောင်းဆောင် ပျက်စီး

အကြမ်းဖက်စစ်တပ်ဟာ အရပ်သားပြည်သူတွေ ခိုအောင်းနေတဲ့ ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူလာရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ခရစ်ယာန်ဘုရားကျောင်းဆောင်တစ်ဆောင် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ မတ်လ၈ရက်နေ့မနက် ၂ နာရီလောက်မှာ လေယာဉ်နဲ့ ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး ဆောင်ဒူလာရွာဟာ ကျေးရွာသားတွေနဲ့ စစ်ရှောင်ပြည်သူတွေ ခိုအောင်းနေတဲ့ ရွာဖြစ်တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ဒီနေ့မနက်မှာ ထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်တဲ့ စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်းဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဗုံးကြဲတိုက်ခိုက်ခံရတဲ့ နေရာဆီ သွားရောက်ကြည့်ရှုတဲ့ပြည်သူနဲ့…

Read More
ကျောက်ဆည်ကန်တိုက်ပွဲမှာ ဖမ်းမိတဲ့ စစ်သား ၂ဦးကို ဆေးကုပေးပြီး ကရင်နီရဲတပ်ဖွဲ့ဆီအပ်နှံ

ကျောက်ဆည်ကန်တိုက်ပွဲမှာ ဖမ်းမိတဲ့ စစ်သား ၂ဦးကို ဆေးကုပေးပြီး ကရင်နီရဲတပ်ဖွဲ့ဆီအပ်နှံ

ကယားပြည်နယ်(ကရင်နီ) ဒီးမော့ဆိုမြို့နယ် ကျောက်ဆည်ကန်ကျေးရွာအနီး တိုက်ပွဲမှာ အရှင်ဖမ်းဆီးရမိခဲ့တဲ့ အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ စစ်သား ၂ ဦးကို ကောင်းမွန်စွာ ဆေးဝါးကုသမှုပေးပြီး ကရင်နီရဲတပ်ဖွဲ့ထံ အပ်နှံခဲ့တယ်လို့ KNDFက ဒီကနေ့ မတ်လ ၇ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ တိုက်ပွဲအတွင်းမှာ စစ်အုပ်စုရဲ့ MA1, MA2, MA4, MA Sniper အပါအဝင် လက်နက်အချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ ကရင်နီပြည်အတွင်းမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး အကြမ်းဖက်စစ်အုပ်စုက သာလွန်လက်နက်အင်အားနဲ့…

Read More
ဒီးမော့ဆိုမှာ စစ်​ရှောင်​တွေအတွက် အကူအညီလိုအပ်နေ

ဒီးမော့ဆိုမှာ စစ်​ရှောင်​တွေအတွက် အကူအညီလိုအပ်နေ

ကယားပြည်နယ် (ကရင်နီ) ဒီးမော့ဆိုမြို့နယ်ဖက်မှာလက်နက်အင်အား ငွေအင်အားတွေအပြင် စစ်ဘေးရှောင်တွေအတွက်ပါ အစစအရာရာ လိုအပ်ချက်တွေ ရှိနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုက ဆိုပါတယ်။ ဖေဖေါ်ဝါရီ ၁၆ ရက်နေ့တည်းက တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်အုပ်စုက ဖြတ် ၄ ဖြတ် လုပ်ထားတာ ကြာပြီဖြစ်သလို စစ်ရှောင်တွေ ပိုများလာတာကြောင့် အကူညီတွေလိုအပ်နေတာလို့ သူကဆက်ပြောပါတယ်။ မတ်လ ၅ ရက်နေ့က စစ်အုပ်စုရဲ့ လွိုင်ကော်အခြေစိုက်တပ်တွေဟာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေခဲ့ပြီး အင်အား ၄၀၀ ကျော်ပါဝင်တဲ့ စစ်ကြောင်း ၄…

Read More