ဒီမောဆို အရှေ့ခြမ်းကို စစ်ကောင်စီက စစ်ကြောင်းသုံးခုနဲ့ ထိုးစစ်ဆင်နေ၊ဒေသခံ ငါးထောင်ကျော် စစ်ရှောင်နေရ

 

မတ်၊ ၁၁

ကရင်နီ(ကယား)ပြည်နယ်၊ ဒီမောဆိုအရှေ့ခြမ်းဒေသကို စစ်အုပ်စုက စစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ်ဆင် နေပြီး မနေ့က ဒေသအခြေစိုက် ကာကွယ်ရေးတပ်တွေနဲ့တိုက်ပွဲပြင်းထန်ခဲ့သလို ဒီကနေ့မှာလည်း တိုက်ပွဲ တွေဆက်ဖြစ် နေတယ်လို့ သိရပါတယ်။

ဒီမောဆို ဒေသတွင်းမှာ မတ်လ ၁၀ရက်က မနေ့ကမနက်ပိုင်းကစလို့ ပြင်းထန်ခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီ ဘက်က ထိခိုက်ကျဆုံးမှုများတယ်လို့ ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ တာဝန်ရှိသူ ခူညေး ရယ်က DNA ကိုပြောပါတယ်။

“မနေ့က ဒေါသဲရွာ ရင်ဆိုင်တိုက်ပွဲဖြစ်တယ်၊သူတို့ဘက်က ၁၄ ဦးကျတယ်၊ကျွန်တော်တို့ဘက်က လက်မောင်း ရှပ် ထိ ဒဏ်ရာရတာရှိတယ်၊ ဒေါတမြေးမှာတော့ကျွန်တော်တို့က စောင့်ပစ်တာပေါ့လေ။ ဘောလခဲဘက် တက်လာ တာက (စစ်ကြောင်း)နှစ်ကြောင်းရှိတယ်”လို့ သူကပြောပါတယ်။

တိုက်ပွဲအတွင်း နှစ်ဘက်ထိခိုက်ကျဆုံးမှုအခြေအနေတွေနဲ့ ပတ်သက်လို့ DNA က သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီဘက်ကလည်း အဲ့ဒီတိုက်ပွဲနဲ့ပတ်သက်လို့ ထုတ်ပြန်တာမရှိသေးပါဘူး။

ဒီမောဆိုအရှေ့ခြမ်း ဒေါသဲရွာအတွင်း မနေ့ မနက်ပိုင်းက ဖြစ်ခဲ့တဲ့တိုက်ပွဲဟာပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ၁၄ ဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ (KMIC)က ဆိုပါတယ်။

ဒါ့အပြင် ဒီမောဆိုအရှေ့ခြမ်း၊ ဒေါတမြေးရွာရဲ့ အရှေ့ဖက်တောင်ပေါ်မှာစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော် KA က ပြောက်ကျားပစ်ခတ်လို့ စစ်ကောင်စီဘက်က နှစ်ဦး သေဆုံးတယ်လို့လည်း KIMC ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဒီကနေ့မှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေပေမယ့် အသေးစိတ်အချက်အလက်တွေမသိရသေးပါဘူး။ လက်ရှိကရင် နီဒေသတွင်းတိုက်ပွဲတွေကြောင့် ဒေါတမကြီးကျေးရွာအုပ်စုအတွင်း ကျေးရွာ၇ ရွာက အရပ်သား ၅၀၀၀ လောက် တနိုင်စာရိက္ခာနဲ့ ပစ္စည်းတချို့ယူပြီး စစ်ရှောင်နေရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။

ဒါ့အပြင် ကရင်နီဒေသတွင်းကို ဦးတည်လာတဲ့ စစ်အုပ်စုစစ်ကြောင်းသုံးခုဟာ လမ်းတလျှောက် ဒေသခံတွေကို ဓားစာခံအဖြစ် ဖမ်းဆီးလာတာမျိုးတွေလည်းရှိပြီး အခုထိ မလွတ်သေးသူတွေလည်း ရှိနေတယ်လို့ ကရင်နီစစ် ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့တာဝန်ရှိသူ ခူညေးရယ်က ပြောပါတယ်။

ဘောလခဲစစ်ဗျူဟာကလာတဲ့ အင်အား ၇၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းဟာ မတ်လ ၇ ရက်က လမ်းမှာတွေ့တဲ့ တောင်ယာတဲတွေက ဒေသခံ ကလေး၊ လူကြီးနဲ့ အမျိုသမီး (၁၄) ဦးကို လမ်းပြအဖြစ်ဖမ်းခေါ်သွားပြီး အမျိုး သ မီးနဲ့ ကလေး (၂)ဦးကို ပြန်လွှတ်ပေးပေမယ့် အမျိုးသား (၁၁) ဦးကတော့ ဒီကနေ့အထိ မလွတ်လာသေးဘူးလို့ သူကပြောပါတယ်။

စစ်ကောင်စီက ဒီမောဆို ဒေသကို အင်အား (၂၇၀)ဝန်းကျင်ပါ စစ်ကြောင်းတကြောင်း၊နှစ်ရာဝန်းကျင်ပါ စစ် ကြောင်းတကြောင်း၊(၇၀)ဝန်းကျင်ပါ စစ်ကြောင်းတကြောင်း စုစုပေါင်း အင်အား ၅၅၀ ဝန်းကျင်နဲ့ ထိုးစစ် ဆင် နေတာဖြစ်ပြီး နောက်ထပ်အင်အားဖြည့်တင်းမှုတွေလည်း ဆက်လုပ်နေတယ်လို့ ခူညေးရယ်ကပြောပါတယ်။

“မနေ့က သိရသလောက် စစ်ကားတွေနဲ့ စစ်ယာဉ်တန်းတွေ အများကြီး ထပ်ဆင်းလာတယ်”လို့ သူကဆိုပါတယ်။

စစ်ကောင်စီဟာ ကရင်နီပြည်မှာ နယ်မြေရှင်းလင်းရေး ထိုးစစ်ဆင်မှုတွေ လုပ်ဖို့ ဖေဖော်ဝါရီလ ကတည်းက လူ အင်အား၊လက်နက်အင်အားတွေ ဖြည့်တင်းနေခဲ့တာလို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

စစ်လေယာဉ်တွေနဲ့ စစ်ဆင်ရေးပြုလုပ်မယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပြီး လက်ရှိ ဒီမောဆိုမြို့ အရှေ့ ဘက်ခြမ်းမှာ စစ်ဘေးရှောင်ပြည်သူ (၁၅၀၀၀) ကျော် ရှိနေပြီး  တိုက်ပွဲပြင်းထန်လာတာနဲ့အမျှ ဒီထက် ပိုများ လာနိုင်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။

ဓာတ်ပုံ – KMIC

ပုံစာ – ကရင်နီဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ