တမူးမြို့မှာ သြဂုတ်လအတွင်း အသတ်ခံရတဲ့ ပြည်သူ ခုနစ်ဦးအထိရှိလာ

တမူးမြို့မှာ သြဂုတ်လအတွင်း အသတ်ခံရတဲ့ ပြည်သူ ခုနစ်ဦးအထိရှိလာ

တမူးမြို့နဲ့ မြို့အနီးဝန်းကျင်မှာ သြဂုတ်လအတွင်း ဥပဒေမဲ့ သတ်ဖြတ်ခံရတဲ့ပြည်သူ (၇) ဦးအထိရှိလာပြီး ​ဖြစ်ပွားခဲ့တဲ့နေရာတွေဟာ ပျူစောထီးတွေ ကြီးစိုးတဲ့နေရာတွေဖြစ်တယ်လို့တမူးမြို့ခံတွေက DNA ကိုပြောပါတယ်။ “တမူးမှာ လူသတ်တာ ထမင်းစားရေသောက် အဆင့်ဖြစ်နေပြီ၊ လုယက်တာ၊ ရိုက်နှက်တာကတော့ သရေစာစားသလောက်ပဲ၊ တော်တော့ကို ဆိုးဝါးသွားပြီ” လို့ မြို့ခံတစ်ဦးကပြောပါတယ်။ သြဂုတ်လ ၂၂ ရက်တရက်တည်းမှာပဲ တမူးမြို့မှာ လူသုံးဦးအသတ်ခံခဲ့ရပါတယ်။ အဲ့ဒီ​နေ့မနက်ပိုင်းက မျက်နှာကိုအဝတ်စည်းထားတဲ့ ရုပ်အလောင်းတစ်လောင်း တမူးမြို့တောင်ဘက်အထွက် လမ်းမကြီးပေါ်မှာ တွေ့ရှိရပြီး ညပိုင်းမှာ​တော့…

Read More
တမူးမြို့မှာ ဆိုင်ကယ်ကို ယောကျ်ားလေးနှစ်ယောက်စီးရင် ဖမ်းဆီးနေ

တမူးမြို့မှာ ဆိုင်ကယ်ကို ယောကျ်ားလေးနှစ်ယောက်စီးရင် ဖမ်းဆီးနေ

စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ ဆိုင်ကယ်တစ်စီးကို ယောကျ်ားလေးနှစ်ယောက်စီးပါက စစ်ကောင်စီက ဖမ်းဆီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ” မနေ့က (ဇူလိူင် ၁၇) တော်တော်ဖမ်းခံရတယ်။ ယောကျ်ားလေးနှစ်ယောက်စီးလာတဲ့ဆိုင်ကယ်တွေကိုဖမ်းပြီး ရဲစခန်းအချုပ်ထဲထည့်တယ်။” လို့ တမူးမြို့ခံတစ်ဦးကဆိုပါတယ်။ ဆိုင်ကယ်နှစ်ယောက်စီးတဲ့အတွက် ဖမ်းဆီးခံရသူတွေကို အာမခံနဲ့ပြန်သွားထုတ်ရတယ်လို့ သိရပြီး ငွေပေးပြီးပြန်ရွေးခဲ့ရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။ ” မြို့ထဲက လူကြီးတစ်ချို့နဲ့ အာမခံပြီးသွားထုတ်ရင် လွတ်ပေးတယ်။ ပိုက်ဆံပေးရတာတွေလည်းရှိတယ်။ သုံးသောင်းပေးရတယ်” လို့ မြို့ခံတစ်ဦးကဆိုပါတယ်။ တမူးမြို့မှာ ဆိုင်ကယ်တစ်စီးကိုယောကျ်ားလေး…

Read More
တမူးက ပျူစောထီးမိသားစုတွေ စစ်တပ်ဝန်းထဲ ဝင်ပုန်းနေ

တမူးက ပျူစောထီးမိသားစုတွေ စစ်တပ်ဝန်းထဲ ဝင်ပုန်းနေ

စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ အိန္ဒိယနိုင်ငံသား ၂ ဦးကို သတ်ခဲ့တဲ့ ပျူစောထီးတွေရဲ့ မိသားစုဝင်တွေဟာ မြို့အဝင်သစ်စက်ကုန်းမှာ ရှိတဲ့ ခလရ ၈၉ ထဲကိုဝင်ပုန်းနေရတယ်လို့ စစ်တပ်အတွင်းသတင်းပေးတဦးက DNA ကိုပြောပါတယ်။ “လူသတ်ပျူမိသားစုတွေကို ခွေးတပ်ကုန်းမှာခေါ်ထားကြရတယ်။ စော်ဘွားအင်းရပ်ကွက်ထဲက ခလရ ၈၉”လို့ ပြောပါတယ်။ ဇူလိုင် ၅ ရက်နေ့က တမူးမြို့ထဲမှာ အိန္ဒိယနိုင်ငံသား နှစ်ဦးကို ပျူစောထီးတွေက သေနတ်နဲ့ပစ်သတ်ပြီး မိသားစုဝင်တွေကို ရုပ်အလောင်းပြန်မပေးပဲ သဂြိုလ်လိုက်တဲ့အတွက် နှစ်နိုင်ငံ နယ်စပ်အကြား…

Read More
တမူးမြို့၊ နန်းဖာလုံရပ်ကွက်မှာ ရာအိမ်မှူးတစ်ဦး ပစ်ခတ်ခံရ

တမူးမြို့၊ နန်းဖာလုံရပ်ကွက်မှာ ရာအိမ်မှူးတစ်ဦး ပစ်ခတ်ခံရ

အိန္ဒိယ – မြန်မာနယ်စပ်၊တမူးမြို့မှာ ဇူလိုင် ၈ ရက်က အသက် ၅၀ အရွယ် ရာအိမ်မှူးတစ်ဦးဖြစ်တဲ့ ဦးအောင်ဆွေ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဇူလိုင် ၈ ရက်နေ့၊ ည ၁၁ နာရီဝန်းကျင်က နန်းဖာလုံရပ်ကွက်က ရာအိမ်မှူးဦးအောင်ဆွေဟာ နေအိမ်မှာရှိနေစဥ် အမည်မသိလက်နက်ကိုင်အဖွဲ့က လာရောက်ပစ်ခတ်သွားတာလို့ဒေသခံတွေက ပြောပါတယ်။ “မနေ့ညက ၁၁ နာရီလောက်မှာ လာပစ်သွားတာလို့ပြောတယ်။ ဘယ်အဖွဲ့ကဘယ်သူတွေပစ်သွားတာလဲတော့မသိဘူး” လို့ တမူးမြို့ခံတစ်ဦးက DNA ကို…

Read More
အသတ်ခံရတဲ့ အိန္ဒိယနိုင်ငံသားနှစ်ဦးရုပ်အလောင်းပြန်မရလို့ နှစ်နိုင်ငံနယ်စပ်မှာ တင်းမာမှုဖြစ်

အသတ်ခံရတဲ့ အိန္ဒိယနိုင်ငံသားနှစ်ဦးရုပ်အလောင်းပြန်မရလို့ နှစ်နိုင်ငံနယ်စပ်မှာ တင်းမာမှုဖြစ်

မြန်မာ-အိန္ဒိယနယ်စပ်က တမူးမြို့မှာ အသတ်ခံခဲ့ရတဲ့ အိန္ဒိယနိုင်ငံသားနှစ်ဦးရဲ့ ရုပ်အလောင်းကို အကြမ်းဖက် စစ်အုပ်စုက ပြန်မပေးတာကြောင့် နှစ်နိုင်ငံတင်းမာမှုတွေဖြစ်နေတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ “အလောင်းတွေက ခေါင်းကိုတေ့ပစ်ထားတာဆိုတော့ ရုပ်ကပျက်နေတာ။ အဲဒါကြောင့် မြန်မာဘက်က ပြန်မပေးချင်တာဖြစ်မယ်။ ပြန်ပေးလိုက်ရင် အလောင်းကိုမြင်ကြရင် ပိုဆိုးမယ်ထင်တယ်။ အခုမပေးတော့လည်း ပြသနာတက်နေတာပဲ” လို့ တမူးမြို့ခံတစ်ဦးကဆိုပါတယ်။ တမူးမြို့မှာ ဇူလိုင် ၅ရက်က လက်နက်ကိုင်အဖွဲ့တစ်ခုက အိန္ဒိယနိုင်ငံသား တလ်မီးလူမျိူး နှစ်ဦးပစ်ခတ်သတ်ဖြတ်ခဲ့တာပါ။ ပစ်သတ်ခံရတဲ့ အိန္ဒိယနိုင်ငံသား တလ်မီးလူမျိုးနှစ်ဦးဟာ…

Read More
တမူးမြို့မှာ အိန္ဒိယနိုင်ငံသားနှစ်ဦး အသတ်ခံရပြီးနောက် အိန္ဒိယလူငယ်အဖွဲ့က မြန်မာ က.ည.န ရုံးကို ဝင်ရောက်မီးရှို့

တမူးမြို့မှာ အိန္ဒိယနိုင်ငံသားနှစ်ဦး အသတ်ခံရပြီးနောက် အိန္ဒိယလူငယ်အဖွဲ့က မြန်မာ က.ည.န ရုံးကို ဝင်ရောက်မီးရှို့

တမူးမြို့၊ စော်ဘွားရပ်ကွက် အ.ထ.က ကျောင်းအနီးမှာဇွန်လ ၅ ရက်နေ့ နေ့လယ်တစ်နာရီဝန်းကျင်က အိန္ဒိယနိုင်ငံသား တလ်မီလူမျိုးနှစ်ဦး ပစ်သတ်ခံရတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ အခုလိုသတ်ဖြတ်ခံရတာဟာ ပျူစောထီးအဖွဲ့ဝင်တွေရဲ့ လက်ချက်ဖြစ်နိုင်ပြီး ငွေပေးငွေယူကိစ္စတွေကြောင့် သတ်ဖြတ်ခံရတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပါတယ်။ “ဟုတ်တယ်။စော်ဘွား ရပ်ကွက်ထဲက စာသင်ကျောင်းနားမှာ။ နိုင်ငံရေးနဲ့တော့မဆိုင်ဘူးးထင်တယ်။ ငွေပေးငွေယူကိစ္စဖြစ်မယ်။ အဲဒါအဆင်မပြေလို့၊ ငွေမပေးချင်လို့ ပျူစောထီးတွေကိုငွေပေးပြီး သတ်ခိုင်းတာလို့ ထင်တယ်” လို့ တမူးမြို့ခံတစ်ဦးက DNA ကိုပြောပါတယ်။ တမူးမြို့ဟာ…

Read More
စစ်တပ်နဲ့ပျူစောထီး တမူးမြို့ပေါ် လုယက်ဓားပြတိုက်မှု ကျူးလွန်နေ

စစ်တပ်နဲ့ပျူစောထီး တမူးမြို့ပေါ် လုယက်ဓားပြတိုက်မှု ကျူးလွန်နေ

အကြမ်းဖက်စစ်တပ်နဲ့ပျူစောထီးတို့ဟာ စစ်ကိုင်းတိုင်း၊တမူးမြို့ပေါ်မှာ လုယက်ဓားပြတိုက်မှုတွေ အတိအလင်း ကျူးလွန်နေကြောင်း Local Defense Force Tamu ရဲ့ ထုတ်ပြန်ချက်တွေအရသိရပါတယ်။ ဇွန်၂၆ရက်၊ည၉နာရီကျော်မှာ ပျူစောထီးတွေဟာ တမူးမြို့၊နန်ဖာလုံက ပြည်သူပိုင် Scopy smart keyဆိုင်ကယ်တစ်စီးနဲ့ တခြားဆိုင်ကယ်တစ်စီးတို့ကို လုယက်သွားခဲ့ကြောင်း Local Defense Force Tamu ကထုတ်ပြန်ပါတယ်။ ဇွန်၂၅ရက်နေ့ည၇နာရီလောက်ကလည်း စစ်တပ်နဲ့ပျူစောထီးတွေကင်းလှည့်နေတဲ့ ရပ်ကွက်အတွင်းရှိ ဂဏပါမောက်ခဘုန်းကြီးကျောင်းအနီး စန္ဒကူးရာအိမ်မှူးဟောင်းအိမ်ကို သေနတ်အရှည်နဲ့ဓားအရှည်ကိုင်ထား သူ၇ဦး ဝင်ရောက်စီးနင်းကာ ရွှေနဲ့ငွေတော်တော်များများကို ဓားပြတိုက်သွားကြောင်းသိရပါတယ်။…

Read More
တမူးမြို့၊ ရန်လင်းဖိုင်ကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုလက်ချက်ကြောင့် ရွာသား သုံးဦးသေဆုံး

တမူးမြို့၊ ရန်လင်းဖိုင်ကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုလက်ချက်ကြောင့် ရွာသား သုံးဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ၊ တမူးမြို့ ၊ ရန်လင်းဖိုင်ကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုက ရွာသား ၃ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက DNA ကို ပြောပါတယ်။ ကနဦးဖြစ်စဉ်မှာ ဇွန် ၂၃ရက်က အကြမ်းဖက်စစ်အုပ်စုစစ်ကြောင်းဟာ ကလေးမြို့ဘက်ကနေ တမူးဘက်ကို ဆိုင်ကယ်စီးလာတဲ့ လူသုံးဦးကို တားဆီးခဲ့ပြီး အနောက်ကနေသေနတ်နဲ့ ချိန်ကာ ရန်လင်းဖိုင်ရွာကို မီးရှို့ဖို့ ခြိမ်းခြောက်ခိုင်းခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။ “စစ်သားတွေကနောက်ကနေ သေနတ်နဲ့ချိန်ပြီး ရှို့ခိုင်းတော့ သူတို့လည်းဘယ်လိုမှ မတတ်သာလို့ ရှို့…

Read More
PDF မဟာမိတ်တပ်ပေါင်းစုတွေရဲ့ စွန်ရဲစစ်ဆင်ရေးမှာ စစ်အုပ်စုနဲ့ ပျူစောထီး ၂၅ဦးသေ

PDF မဟာမိတ်တပ်ပေါင်းစုတွေရဲ့ စွန်ရဲစစ်ဆင်ရေးမှာ စစ်အုပ်စုနဲ့ ပျူစောထီး ၂၅ဦးသေ

မကွေးတိုင်းဒေသကြီး၊ တမူးမြို့မှာ ဇွန် ၂၂ရက် က ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုတွေက ပူးပေါင်းပြီး အကြမ်းဖက်စစ်တပ်နဲ့ပျူစောထီးအဖွဲ့တွေကို ဝင်ရောက်ခိုက်ခဲ့တာမှာ အကြမ်းဖက်စစ်တပ်ဘက်က ၂၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။ တမူးမြို့ ၊ ပန်းသာကျေးရွာမှာရှိနေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးအဖွဲ့တွေကို ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုတွေက စွန်ရဲစစ်ဆင်ရေးနာမည်နဲ့ တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဟာ ဇွန် ၂၂ရက် မနက် ၁၀နာရီခွဲကနေ ညနေ ၄နာရီ မိနစ် ၂၀လောက်အထိ အချိန်ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။…

Read More
တမူး PDFက စစ်တပ်ထုတ် မြန်မာဘီယာအမြောက်အများကို ဖျက်ဆီး

တမူး PDFက စစ်တပ်ထုတ် မြန်မာဘီယာအမြောက်အများကို ဖျက်ဆီး

တမူးမြို့နယ်၊ ကလေး – တမူး အာရှလမ်းမမှာ ကုန်တင်ကားနဲ့သယ်လာ​တဲ့ စစ်​အုပ်စုတပ်ထုတ် မြန်မာဘီယာဖာ ၁၀၀လောက်ကို တမူး​မြို့နယ် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့တပ်ရင်း (၃) က မနေ့က ဇွန်လ ၂၀ ရက်နေ့ ည​နေမှာဖမ်းဆီး ဖျက်ဆီးခဲ့​​​တယ်လို့ Just you Tamu ​ဖေစ်ဘွခ်စာမျက်နှာမှာ ​ဖော်ပြထားပါတယ်။ ည​နေ ၆နာရီဝန်းကျင်မှာအာရှလမ်းမကြီး​ပေါ်ရှိ နန်မွန်းထားရွာရှေ့မှာ ကုန်တင်ကားဖြင့် သယ်ဆောင်လာတဲ့ အကြမ်းဖက်စစ်တပ်ထုတ်ကုန် ဘီယာ(၉၈)ဖာ ကို တမူး PDF တပ်ရင်း…

Read More