တမူးမြို့က CDM ကျောင်းဆရာမ တစ်ဦး ကြိုးဆွဲချ အဆုံးစီရင်

တမူးမြို့၊ ဈေးတန်း (၁၀) ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၃၀ အရွယ် CDM ကျောင်းဆရာမ ဒေါ်စန်းမို့မို့ ဟာ သြဂုတ် ၂၆ ရက် ညနေ ၄ နာရီဝန်းကျင် သူ့ရဲ့နေအိမ်မှာ ကြိုးဆွဲချ အဆုံးစီ ရင်ခဲ့တယ်လို့ မြို့ခံတွေ က DNA ကိုပြော ပါတယ်။
သေဆုံးသူ ဆရာမ ဒေါ်စန်းမို့မို့ဟာ မနေ့ကခင်ပွန်းဖြစ်သူနဲ့ တရားရုံးမှာတရားဝင်ကွာရှင်းခဲ့အပြီး ညနေ ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတာဖြစ်တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
“သူတို့အိမ်တွင်းရေးဆိုတော့ အတိအကျမသိနိုင်ဘူးဗျ၊ယောကျ်ားနဲ့တရားရုံးမှာကွာပြီးတဲ့နေ့ကပဲ ဖြစ် သွားတာပါ၊တမူးအနေနဲ့တော့ CDM တွေအနေနဲ့ ဖိအားများတာတော့အမှန်ပါပဲ” လို့ မြို့ခံ တစ်ဦးက ဆိုပါတယ်။
အဆုံးစီရင်ခဲ့တဲ့ဆရာမကို မြို့ခံလူမှုရေးအသင်းက ဆေးရုံပို့ပြီး ဆေးကုသမှုခံယူနေစဉ်မှာ အသက် ဆုံး ရှုံးခဲ့ရ တာဖြစ်တယ်လို့ မြို့ခံတွေပြောပါတယ်။ သေဆုံးသူဆရာမဟာ တမူးမြို့ ၊ ကနန် ၊ အ.ထ.က ခွဲ မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အလယ်တန်းပြဆရာမတစ်ဦးဖြစ်ပြီး အာဏာသိမ်း ပြီးကတည်းက CDM ဝင် ရောက်ခဲ့တာလို့ ဒေသခံတွေဆီကသိရပါတယ်။
ဆရာမကွယ်လွန်ချိန်မှာ Federal Education School , Tamu Township မှာ စေတနာ့ဝန်ထမ်း ဆရာမ တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေဆဲဖြစ်ကြောင်းသိရပြီး ဆရာမကွယ်လွန်ခဲ့ တဲ့အတွက် F.E.S.T က ဝမ်းနည်းကြောင်း သဝဏ်လွှာထုတ်ပြန်ပါတယ်။