ပြည်သူ့ဂုဏ်ရည်ဆုအတွက်ရတဲ့ ဆုငွေကန်ဒေါ်လာတသောင်းကို သံအမတ်ကြီးဦးကျော်မိုးထွန်းက CDM တွေအတွက် ပြန်လှူ

ပြည်သူ့ဂုဏ်ရည်ဆုအတွက်ရတဲ့ ဆုငွေကန်ဒေါ်လာတသောင်းကို သံအမတ်ကြီးဦးကျော်မိုးထွန်းက CDM တွေအတွက် ပြန်လှူ

မေ၊ ၂၂   အခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်ခံရတဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းဟာ အဲ့ဒီဆုရွေးချယ်ရေးအဖွဲ့က ချီးမြှင့်တဲ့ ဆုငွေအမေရိကန်ဒေါ်လာတသောင်းကို CDM ဝန်ထမ်းတွေအတွက် NUG အစိုးရကတဆင့် ပြန်လည်လှူဒါန်းလိုက်ပါတယ်။   ၁၄ ကြိမ်‌မြောက် ပြည်သူ့ဂုဏ်ရည် ဂုဏ်ပြုပွဲအခမ်းအနားကို အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျယ်လ်စ်မြို့မှာ မနေ့ကညနေပိုင်းက ကျင်းပခဲ့ပြီး အဲ့ဒီအခမ်းအနားမှာ အခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် ရွေးချယ်ခံထားရတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုယ်တိုင် ဆုတက်ရောက်လက်ခံခဲ့ပါတယ်။   ” ဒီဆု…

Read More
တော်လှန်ရေးမှာ စွန့်လွှတ်ထားတဲ့သူတွေ ပညာသင်ခွင့်ရဖို့ NUGဆောင်ရွက်နေတယ်ဆို

တော်လှန်ရေးမှာ စွန့်လွှတ်ထားတဲ့သူတွေ ပညာသင်ခွင့်ရဖို့ NUGဆောင်ရွက်နေတယ်ဆို

မေ၊ ၁၂ နိုင်ငံတဝှန်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ(PDF)နဲ့ တိုက်ပွဲမှာ ကိုယ်လက်အင်္ဂါဆုံးရှုံလိုက်ရတဲ့ PDF ကျောင်းသား/သူတွေအပါအဝင် CDM ပြုလုပ်ပြီး တော်လှန်ရေးမှာပါဝင်တဲ့ ကျောင်းသား/သူတွေ ပညာသင်ကြားခွင့် ရဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့သိရပါတယ်။  နွေဦးတော်လှန်ရေးကာလ၊ အဆင့်မြင့်ပညာရေးကဏ္ဍ ပထမအကြိမ်ညီလာခံကို ဧပြီလထဲ (၅)ရက်တာ ကျင်းပခဲ့မှုနဲ့ ပတ်သက်လို့ ဒီကနေ့ မေလ ၁၂ရက်မှာ ရှေ့ဆက်ဆောင်ရွက်မဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ သတင်းစာရှင်းလင်ပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။  “PDF တွေ အခြေခံပညာပြီးမြောက်ကြောင်း ဖြေဆိုခွင့် ရအောင်၊ အဆင့်မြင့်…

Read More
စစ်ကောင်စီတပ်အနားမနေကြဖို့ ချင်းလက်နက်ကိုင်အဖွဲ့သတိပေးအပြီး ဒေသခံတွေရွေ့ပြောင်းကြ

စစ်ကောင်စီတပ်အနားမနေကြဖို့ ချင်းလက်နက်ကိုင်အဖွဲ့သတိပေးအပြီး ဒေသခံတွေရွေ့ပြောင်းကြ

မေ၊ ၁၀   စစ်ကောင်စီတပ်ဖွဲ့နား မနေကြဖို့ ချင်းလက်နက်တပ်ဖွဲ့ဖြစ်တဲ့ CDF CDM SIYIN အဖွဲ့က သတိပေးပြီးနောက် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က ဒေသခံတွေဟာ ဒီကနေ့မေလ ၁၀ ရက်မနက်မှာ မြို့ထဲတဟန်းရပ်ကွက်နဲ့ နီးစပ်ရာအခြားနေရာတွေကို ပြောင်းရွှေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။   ” မနက်ကတော့ အထုပ်တွေ၊ ဆိုင်ကယ်တွေနဲ့ ပြောင်းကြတာ ရှုပ်နေတယ်။ သူ့နီးစပ်ရာ၊ ကိုယ့်နီးစပ်ရာပြောင်းကြတာပါ။ ဦးရေကိုကတော့ အတိအကျမပြောတတ်ဘူး။ တထောင်ဝန်းကျင်တော့ ရှိလောက်တယ်…

Read More
မလေးကနေ ပြန်ပို့ခံရတဲ့ CDM ရေတပ်အရာရှိခြောက်ဦးထဲက တဦးနှိပ်စက်ခံနေရတယ်လို့ဆို

မလေးကနေ ပြန်ပို့ခံရတဲ့ CDM ရေတပ်အရာရှိခြောက်ဦးထဲက တဦးနှိပ်စက်ခံနေရတယ်လို့ဆို

မေ၊ ၈   မလေးရှားနိုင်ငံကနေ မြန်မာပြည်ကို ပြန်ပို့ခံရတဲ့ CDM ရေတပ်အရာရှိခြောက်ဦးအနက် တဦးဟာ ရန်ကုန်တိုင်း၊ သန်လျင်ရေတပ်စခန်းမှာ နှိပ်စက်ခံနေရတယ်လို့ မြန်မာရွှေ့ပြောင်းလုပ်သားကော်မတီ MMWC (မလေးရှား)ထံက သိရပါတယ်။   ” အရာရှိတယောက်ရဲ့မိသားစုနဲ့ ကျမတို့ အမြဲတမ်းအဆက်အသွယ်ရှိတယ်။ ဒီလိုတွေဖြစ်နေပါပြီဆိုပြီး ပြောတယ်၊ ကူညီပေးပါအုံးဆိုပြီးတော့ အကူအညီတောင်းတယ်။ အဲ့အရာရှိလေးက သန်လျင်ရေတပ်စခန်း အချုပ်ထဲမှာရှိတယ်။ ချုပ်နှောင်ထားပြီး မိဘတွေနဲ့လည်း အဆက်အသွယ်မပေးဘူး။ အထဲမှာလည်း ရိုက်နှက်နှိပ်စက်ခံရတယ်။ ခုက အဲ့တယောက်ပဲ…

Read More
င်းတော်မှာ CDMဆရာမအပါအဝင်  အမျိုးသမီးသုံးဦးကို စစ်ကောင်စီက ထောင်ဒဏ်တသက်ချပြန်

င်းတော်မှာ CDMဆရာမအပါအဝင် အမျိုးသမီးသုံးဦးကို စစ်ကောင်စီက ထောင်ဒဏ်တသက်ချပြန်

ဧပြီ၊ ၅ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်၊အင်းတော်မြို့က CDM ဆရာမအပါအဝင် အမျိုးသမီးသုံးဦးကို ဧပြီလ ၃ ရက်နေ့မှာ အင်းတော် စစ်ခုံရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) ၊ ၅၂(က)နဲ့ အမှုဖွင့်အရေးယူပြီး အမြင့်ဆုံပြစ်ဒဏ် ထောင်ဒဏ်တသက်တကျွန်း ချမှတ်လိုက်တယ်လို့ Indaw Revolution က ပြောပါတယ်။   ” မတ်လ ၅ ရက်နေ့ မနက်ပိုင်းမှာ ပကဖ အဖွဲ့ဝင်နှစ်ယောက် ဖမ်းခံရတယ်။…

Read More
စစ်ကောင်စီတပ်ကို လက်နက်ကိုယ်စီနဲ့ စွန့်ခွာလာသူခုနှစ်ဦးအတူလွတ်မြောက်နယ်မြေရောက်ပြီ

စစ်ကောင်စီတပ်ကို လက်နက်ကိုယ်စီနဲ့ စွန့်ခွာလာသူခုနှစ်ဦးအတူလွတ်မြောက်နယ်မြေရောက်ပြီ

ဧပြီ ၊ ၄ မြိုင်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဆီကို  အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှု ( CDM ) ပြုလုပ်ပြီးလက်နက်နဲ့အတူ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား ၇ ဦးကို မီသားစုနဲ့ အတူ လွတ်လပ်နယ်မြေတခုကို ပို့ဆောင်ပေးခဲ့တယ်လို့ အဲဒီအဖွဲ့ရဲ့ တာဝန်ခံ တဦးဖြစ်တဲ့ ဗိုလ်လက်ယျာ က DNA ကိုပြောပါတယ်။ စစ်ကောင်စီအဖွဲ့ဝင်တွေ CDM အဖြစ်ဝင်ရောက်လာတာ ကြာပြီးဖြစ်သော်လည်း ပြီးခဲ့တဲ့လနောက်ဆုံးအပတ်လောက်မှာ လွတ်လပ်နယ်မြေကိုပို့ဆောင်ပြီးတာ ဖြစ်တဲ့အတွက် လူထုကိုအသိပေးရတာဖြစ်တယ်လို့ သူကဆိုပါတယ်။ ”…

Read More
ညောင်တုန်းမှာဖမ်းဆီးခံထားရတဲ့ ဒေသခံနှစ်ဆယ်ဦးကို စစ်ကောင်စီက အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်

ညောင်တုန်းမှာဖမ်းဆီးခံထားရတဲ့ ဒေသခံနှစ်ဆယ်ဦးကို စစ်ကောင်စီက အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်

မတ်၊ ၃၀   ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်က CDM (Civil Disobedience Movement) ပညာရေးဝန်ထမ်း ၃ ဦးအပါအဝင် ဒေသခံနှစ်ဆယ်ဦးကို စစ်ကောင်စီက မတ်လ ၂၈ရက် မှာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)ဖြင့် အမှုဖွင့်တရားစွဲဆိုထားတယ်လို့ ဖမ်းဆီးခံထားရတဲ့ မိသားစုဝင်တွေက ပြောပါတယ်။   ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်၊ ည ၉နာရီအချိန်မှာ ညောင်တုန်းမြို့နယ်၊ ကုန်းဝဲဒေါင့်ကျေးရွာက လူငယ်တဦး ဖမ်းဆီးခံရပြီးနောက်…

Read More
မောင်တောမှာ နယ်ခြားစောင့်တပ်ဖွဲ့ဝင် လေးဦး လက်နက်နဲ့ထွက်ပြေးလို့ စစ်တပ်က အပူတပြင်းလိုက်ရှာနေ

မောင်တောမှာ နယ်ခြားစောင့်တပ်ဖွဲ့ဝင် လေးဦး လက်နက်နဲ့ထွက်ပြေးလို့ စစ်တပ်က အပူတပြင်းလိုက်ရှာနေ

မတ်၊ ၇ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း မြင်းလွှတ်နယ်ခြားစောင့်စခန်းက သင်တန်းဆင်းကာစ တပ်ဖွဲ့ဝင် လေးဦးဟာ လက်နက်တွေနဲ့ ထွက်ပြေးသွားလို့စစ်တပ်က အပူတပြင်းလိုက်ရှာနေတယ်လို့ မောင်တောမြို့ နယ်အတွင်းက နယ်ခြားစောင့်ရဲနဲ့ နီးစပ်သူတွေက ပြောကြပါတယ်။ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ဝင်လေးဦးဟာ မနေ့က မတ်လ ၆ ရက် မနက်အစောပိုင်းမှာ လက်နက်တွေနဲ့ ထွက်ပြေးသွားခဲ့ကြတာဖြစ်ကာ စစ်ကောင်စီလက်အောက်ခံ တပ်သားတွေနဲ့ နယ်ခြားစောင့်တွေက အင်အားအလုံးအရင်းသုံးပြီး အပူတပြင်းလိုက်ရှာနေ‌ကြတယ်လို့ ဆိုပါတယ်။  “သေနတ်တွေရော အကုန်ယူပြီး ထွက်ပြေးသွားကြတာ၊ သူတို့က…

Read More
အင်းတော်မှာ PDF ထောက်ပံ့တယ်ဆိုပြီး CDM ဆရာမ သုံးဦးအပါအဝင်၁၅ ဦးကို စစ်တပ်က ဖမ်းဆီးထား

အင်းတော်မှာ PDF ထောက်ပံ့တယ်ဆိုပြီး CDM ဆရာမ သုံးဦးအပါအဝင်၁၅ ဦးကို စစ်တပ်က ဖမ်းဆီးထား

မတ်၊​ ၅ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ပေါ်မှာ PDF ကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ CDM ကျောင်းဆရာမသုံးဦး အပါအဝင် ပြည်သူ ၁၅ဦးကို မတ်လ ၃ရက်က စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက DNA ကို ပြောပါတယ်။ အင်းတော်မြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကို ဒီလ ၃ရက် မနက်ပိုင်းက စစ်တပ်က ဖမ်းဆီးရမိပြီးနောက်ပိုင်း မြို့မစျေးတိုက်တန်းအတွင်းက အရပ်သားတွေကို ဖမ်းဆီးခဲ့တာလို့လည်း သိရပါတယ်။ “ပကဖ (ပြည်သူ့ကာကွယ်ရေးအဖွဲ့)ရဲဘော် နှစ်ဦး…

Read More
သရက်ချောင်းမြို့နယ်က စစ်ကောင်စီဆေးတပ်သားတဦး လက်နက်ခဲယမ်းတွေနဲ့အတူ CDM ပြုလုပ်လာ

သရက်ချောင်းမြို့နယ်က စစ်ကောင်စီဆေးတပ်သားတဦး လက်နက်ခဲယမ်းတွေနဲ့အတူ CDM ပြုလုပ်လာ

ဖေဖော်ဝါရီ၊ ၂၆ တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ဆေးတပ်သားတဦးကလက်နက်ခဲယမ်းတွေနဲ့အတူ တော်လှန်ရေးအင်အားစုတွေဆီကို  CDM ပြုလုပ်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။ သရက်ချောင်းမြို့နယ် ဝင်းဝရဲစခန်းမှာ တာဝန်ထမ်းဆောင်နေချိန် တော်လှန်ရေးအင်အားစုအဖွဲ့တွေဆီ ဆက်သွယ်ပြီး CDM ပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့ သရက်ချောင်းမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက DNA ကို ပြောပါတယ်။ “ ဝင်းဝရဲစခန်းကဆေးတပ်သားပါ။ ဒီလအစောပိုင်းကာလတွေမှာ ကျွန်တော်တို့ဆီကို ဆက်သွယ်လာတာပါ။ ဒီတောအတွင်းမှာ (၁၃)ရက်နေ့က ကျွန်တော်တို့နဲ့ ချိတ်ဆက်ပြီး သူ့ကို လွတ်မြောက်နယ်မြေရောက်နေပါပြီး၊ အခြေအနေအကြောင်းကြောင့် ကျွန်တော်တို့…

Read More