တမူးမြို့အနီးတိုက်ပွဲ ဒေသကာကွယ်ရေးတပ်က နှစ်ဦးကျဆုံးပြီး စစ်ကောင်စီ အကျအဆုံးများ

တမူးမြို့အနီးတိုက်ပွဲ ဒေသကာကွယ်ရေးတပ်က နှစ်ဦးကျဆုံးပြီး စစ်ကောင်စီ အကျအဆုံးများ

တမူးမြို့အနီးမှာ စက်တင်ဘာ ၁၉ရက်ကဖြစ်ခဲ့တဲ့ ရင်ဆိုင် တိုက်ပွဲအတွင်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးပြီး စစ်ကောင်စီတပ်သား အများအပြားသေဆုံးခဲ့တယ်လို့ တမူးမြို့ဒေသခံတွေနဲ့ တော်လှန်ရေး အင်အားစု တွေကပြောပါတယ်။ ကလေးမြို့ဘက်ကလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ရန်လင်းဖိုင်ရွာ၊ နန်းမွန်တားရွာနဲ့လေးမိုင်ဂိတ်တို့မှာ ဒေသ ခံကာကွယ်ရေးတပ်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း ပါဝင်တိုက်ခိုက်ခဲ့တဲ့ ကလေးမြို့ ပကဖတပ်ရင်း (၅) တပ်ရင်းမူး ဗိုလ်လင်းယုန် ကျဆုံးခဲ့သလို ဗာမာ့ကျောင်းသားတပ်မတော်က ရဲဘော်တစ်ဦး လည်း ကျဆုံးခဲ့တယ်လို့သိရပါတယ်။ “တနေ့ကညနေကတော့ လက်နက်ကြီးသံတွေ၊…

Read More
တမူးမြို့အနီးမှာ စစ်တပ်နဲ့ ကာကွယ်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေ

တမူးမြို့အနီးမှာ စစ်တပ်နဲ့ ကာကွယ်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေ

စစ်ကိုင်းတိုင်း၊ကလေးမြို့နဲ့ တမူးမြို့ကြား ထန်းတပင်ရွာလမ်းလွဲမှာ စစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ ဒီနေ့ညပိုင်း လက်ရှိအချိန်အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ ဒီကနေ့ ၇နာရီဝန်းကျင်က ပစ်ခတ်သံတွေစကြားရပြီး အခုအချိန်အထိ တိုက်ပွဲပြင်းထန်နေတာဖြစ်လို့ သိရပါ တယ်။ ကလေးကနေ တမူးမြို့ဘက် ထွက်ခွာလာတဲ့ စစ်ကောင်စီကြောင်းကို ဒေသကာကွယ်ရေးတပ်တွေက ကြား ဖြတ်တိုက်ခိုက်နေတာဖြစ်နိုင်တယ်လို့ ဒေသခံတွေကဆိုပါတယ်။ လက်ရှိတိုက်ပွဲဖြစ်နေတဲ့ စစ်ကြောင်းဟာ ဒီနေ့မနက်ပိုင်းက တမူးမြို့အနီးက ရန်လင်းဖိုင်ကျေးရွာကို မီးရှိုခဲ့ တဲ့စစ်ကြောင်းဖြစ်ပြီး ဒေသခံကာကွယ်ရေးတပ်တွေဘက်ကဘယ်အဖွဲ့တွေပါဝင်တိုက်ခိုက်နေ တယ်ဆို…

Read More
တမူးမြို့က ရန်လင်းဖိုင်ရွာကို စစ်ကောင်စီကဒုတိယအကြိမ် မီးရှို့ဖျက်ဆီး

တမူးမြို့က ရန်လင်းဖိုင်ရွာကို စစ်ကောင်စီကဒုတိယအကြိမ် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်က ရန်လင်းဖိုင်ကျေးရွာကို စစ်ကောင်စီစစ်ကြောင်းက စက်တင်ဘာ (၁၉) ရက် ဒီနေ့မနက်ပိုင်းမှာ ထပ်ပြီးမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ကလေးမြို့ကနေ တမူးမြို့ဆီလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တမူးဒေသခံကာကွယ်ရေးတပ်တွေ ရန်လင်းဖိုင် ရွာနားမှာထိတွေ့မှု ဖြစ်အပြီးမှာ စစ်တပ်ကရွာကို မီးရှို့ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ “ရန်လင်းဖိုင်က ပထမအကြိမ်မီးရိူ့ခံရပြီးကတည်းက ရွာမှာလူတစ်ယောက်မှကိုမနေကြတော့တာ၊မီးမလောင်သေးတဲ့အိမ်တွေလည်း ဒီတိုင်းပဲရှိနေတာ၊အဲဒီအိမ်တွေကို ထပ်ရှို့တာနေမှာ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ရန်လင်းဖိုင်ကျေးရွာဟာ တမူးမြို့တောင်ဘက် ဆယ့်နှစ်မိုင်ဝန်းကျင်အကွာ ကလေး-တမူး လမ်းမကြီးဘေးမှာ တည်ရှိပြီးအိမ်ခြေ ၅၀…

Read More
တမူးမြို့ပေါ်ကနေအိမ်တအိမ်ကို ဓားပြတိုက်သူငါးဦး မြို့ခံဂေါ်ရခါးလူငယ်အဖွဲ့က ဖမ်းဆီး

တမူးမြို့ပေါ်ကနေအိမ်တအိမ်ကို ဓားပြတိုက်သူငါးဦး မြို့ခံဂေါ်ရခါးလူငယ်အဖွဲ့က ဖမ်းဆီး

တမူးမြို့၊ ဇမ္ဘူရတနာဘုန်းတော်ကြီးကျောင်းအနီးက နေအိမ်တအိမ်ကို စက်တင်ဘာ ၄ ရက် မနေ့ကညအချိန် ဓားပြဝင်တိုက်သူ ငါးဦးကို မြို့ခံဂေါ်ရခါးလူငယ်အဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ “တမူးမှာ ဓားပြမှုတွေက ခပ်စိပ်စိပ်ဖြစ်လာတော့ ဂေါ်ရခါးတွေကလည်း လူငယ်အဖွဲ့ဖွဲ့ထားပြီး ကင်းစောင့်ကြတာပေါ့၊ဘုန်းကြီးကျောင်းလမ်းထဲက ဂေါ်ရခါးအိမ်တစ်အိမ်ကို ဝင်တိုက်တာမှာ ဝိုင်းဖမ်းကြတာ၊ သေနတ်မပါဘူး၊ ဓားမနှစ်ချောင်းနဲ့ သံတုတ်တစ်ခုပါတာ ဓားပြတွေက” လို့ ဖြစ်စဉ်ကိုသိတဲ့ မြို့ခံတစ်ဦးက ပြောပါတယ်။ ဓားပြတိုက်ရာမှာ စုစုပေါင်း ခုနစ်ယောက်ဖြစ်ပေမယ့် နှစ်ယောက်က…

Read More
တမူးမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ဒရုန်းတွေသုံးပြီးတိုက်ခိုက်နေ

တမူးမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ဒရုန်းတွေသုံးပြီးတိုက်ခိုက်နေ

စစ်ကိုင်းတိုင်း၊တမူးမြို့မှာ စစ်ကောင်စီက PDF တပ်ရင်း၊တပ်ဖွဲ့တွေရဲ့ လှုပ်ရှားနယ်မြေတွေကို လက် နက်ကြီးနဲ့ ဒရုန်းတွေသုံးပြီး တိုက်ခိုက်နေတယ်လို့ တမူး PDF တပ်ဖွဲ့ဝင်တွေကပြောပါတယ်။ “တခြားနယ်မြေမှာဆို PDFဘက်ကပဲ droneသုံးပီးတိုက်တာလေ၊ ဒို့ဘက်ကျမှ PDFက ပြန်တိုက်ခံ ရတယ်လို့၊ ကြားလို့တောင်မကောင်းဘူး” လို့ သူကပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဩဂုတ်လနှောင်းပိုင်းနဲ့ အခုစက်တင်ဘာလဆန်းပိုင်းအတွင်း ဒေသကာကွယ်ရေး တပ်တွေကို ဒရုန်းနဲ့အနည်းဆုံး သုံးကြိမ်လောက်တိုက်ခိုက်ခဲ့တာမှာ PDF တပ်ဖွဲ့ဝင်နှစ်ဦးထိခိုက်ဒဏ်ရာ ရခဲ့ပြီး အသက်အမန္တရာယ်တော့စိုးရိမ်စရာမရှိဘူးလို့သိရပါတယ်။ စက်တင်ဘာနှစ်ရက် မနက်အစောပိုင်းကလည်း…

Read More
တမူးမြို့က CDM ကျောင်းဆရာမ တစ်ဦး ကြိုးဆွဲချ အဆုံးစီရင်

တမူးမြို့က CDM ကျောင်းဆရာမ တစ်ဦး ကြိုးဆွဲချ အဆုံးစီရင်

တမူးမြို့၊ ဈေးတန်း (၁၀) ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၃၀ အရွယ် CDM ကျောင်းဆရာမ ဒေါ်စန်းမို့မို့ ဟာ သြဂုတ် ၂၆ ရက် ညနေ ၄ နာရီဝန်းကျင် သူ့ရဲ့နေအိမ်မှာ ကြိုးဆွဲချ အဆုံးစီ ရင်ခဲ့တယ်လို့ မြို့ခံတွေ က DNA ကိုပြော ပါတယ်။ သေဆုံးသူ ဆရာမ ဒေါ်စန်းမို့မို့ဟာ မနေ့ကခင်ပွန်းဖြစ်သူနဲ့ တရားရုံးမှာတရားဝင်ကွာရှင်းခဲ့အပြီး ညနေ ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတာဖြစ်တယ်လို့…

Read More
တမူးမြို့မှာ သြဂုတ်လအတွင်း အသတ်ခံရတဲ့ ပြည်သူ ခုနစ်ဦးအထိရှိလာ

တမူးမြို့မှာ သြဂုတ်လအတွင်း အသတ်ခံရတဲ့ ပြည်သူ ခုနစ်ဦးအထိရှိလာ

တမူးမြို့နဲ့ မြို့အနီးဝန်းကျင်မှာ သြဂုတ်လအတွင်း ဥပဒေမဲ့ သတ်ဖြတ်ခံရတဲ့ပြည်သူ (၇) ဦးအထိရှိလာပြီး ​ဖြစ်ပွားခဲ့တဲ့နေရာတွေဟာ ပျူစောထီးတွေ ကြီးစိုးတဲ့နေရာတွေဖြစ်တယ်လို့တမူးမြို့ခံတွေက DNA ကိုပြောပါတယ်။ “တမူးမှာ လူသတ်တာ ထမင်းစားရေသောက် အဆင့်ဖြစ်နေပြီ၊ လုယက်တာ၊ ရိုက်နှက်တာကတော့ သရေစာစားသလောက်ပဲ၊ တော်တော့ကို ဆိုးဝါးသွားပြီ” လို့ မြို့ခံတစ်ဦးကပြောပါတယ်။ သြဂုတ်လ ၂၂ ရက်တရက်တည်းမှာပဲ တမူးမြို့မှာ လူသုံးဦးအသတ်ခံခဲ့ရပါတယ်။ အဲ့ဒီ​နေ့မနက်ပိုင်းက မျက်နှာကိုအဝတ်စည်းထားတဲ့ ရုပ်အလောင်းတစ်လောင်း တမူးမြို့တောင်ဘက်အထွက် လမ်းမကြီးပေါ်မှာ တွေ့ရှိရပြီး ညပိုင်းမှာ​တော့…

Read More
တမူးမြို့မှာ ဆိုင်ကယ်ကို ယောကျ်ားလေးနှစ်ယောက်စီးရင် ဖမ်းဆီးနေ

တမူးမြို့မှာ ဆိုင်ကယ်ကို ယောကျ်ားလေးနှစ်ယောက်စီးရင် ဖမ်းဆီးနေ

စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ ဆိုင်ကယ်တစ်စီးကို ယောကျ်ားလေးနှစ်ယောက်စီးပါက စစ်ကောင်စီက ဖမ်းဆီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ” မနေ့က (ဇူလိူင် ၁၇) တော်တော်ဖမ်းခံရတယ်။ ယောကျ်ားလေးနှစ်ယောက်စီးလာတဲ့ဆိုင်ကယ်တွေကိုဖမ်းပြီး ရဲစခန်းအချုပ်ထဲထည့်တယ်။” လို့ တမူးမြို့ခံတစ်ဦးကဆိုပါတယ်။ ဆိုင်ကယ်နှစ်ယောက်စီးတဲ့အတွက် ဖမ်းဆီးခံရသူတွေကို အာမခံနဲ့ပြန်သွားထုတ်ရတယ်လို့ သိရပြီး ငွေပေးပြီးပြန်ရွေးခဲ့ရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။ ” မြို့ထဲက လူကြီးတစ်ချို့နဲ့ အာမခံပြီးသွားထုတ်ရင် လွတ်ပေးတယ်။ ပိုက်ဆံပေးရတာတွေလည်းရှိတယ်။ သုံးသောင်းပေးရတယ်” လို့ မြို့ခံတစ်ဦးကဆိုပါတယ်။ တမူးမြို့မှာ ဆိုင်ကယ်တစ်စီးကိုယောကျ်ားလေး…

Read More
တမူးက ပျူစောထီးမိသားစုတွေ စစ်တပ်ဝန်းထဲ ဝင်ပုန်းနေ

တမူးက ပျူစောထီးမိသားစုတွေ စစ်တပ်ဝန်းထဲ ဝင်ပုန်းနေ

စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ အိန္ဒိယနိုင်ငံသား ၂ ဦးကို သတ်ခဲ့တဲ့ ပျူစောထီးတွေရဲ့ မိသားစုဝင်တွေဟာ မြို့အဝင်သစ်စက်ကုန်းမှာ ရှိတဲ့ ခလရ ၈၉ ထဲကိုဝင်ပုန်းနေရတယ်လို့ စစ်တပ်အတွင်းသတင်းပေးတဦးက DNA ကိုပြောပါတယ်။ “လူသတ်ပျူမိသားစုတွေကို ခွေးတပ်ကုန်းမှာခေါ်ထားကြရတယ်။ စော်ဘွားအင်းရပ်ကွက်ထဲက ခလရ ၈၉”လို့ ပြောပါတယ်။ ဇူလိုင် ၅ ရက်နေ့က တမူးမြို့ထဲမှာ အိန္ဒိယနိုင်ငံသား နှစ်ဦးကို ပျူစောထီးတွေက သေနတ်နဲ့ပစ်သတ်ပြီး မိသားစုဝင်တွေကို ရုပ်အလောင်းပြန်မပေးပဲ သဂြိုလ်လိုက်တဲ့အတွက် နှစ်နိုင်ငံ နယ်စပ်အကြား…

Read More
တမူးမြို့၊ နန်းဖာလုံရပ်ကွက်မှာ ရာအိမ်မှူးတစ်ဦး ပစ်ခတ်ခံရ

တမူးမြို့၊ နန်းဖာလုံရပ်ကွက်မှာ ရာအိမ်မှူးတစ်ဦး ပစ်ခတ်ခံရ

အိန္ဒိယ – မြန်မာနယ်စပ်၊တမူးမြို့မှာ ဇူလိုင် ၈ ရက်က အသက် ၅၀ အရွယ် ရာအိမ်မှူးတစ်ဦးဖြစ်တဲ့ ဦးအောင်ဆွေ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဇူလိုင် ၈ ရက်နေ့၊ ည ၁၁ နာရီဝန်းကျင်က နန်းဖာလုံရပ်ကွက်က ရာအိမ်မှူးဦးအောင်ဆွေဟာ နေအိမ်မှာရှိနေစဥ် အမည်မသိလက်နက်ကိုင်အဖွဲ့က လာရောက်ပစ်ခတ်သွားတာလို့ဒေသခံတွေက ပြောပါတယ်။ “မနေ့ညက ၁၁ နာရီလောက်မှာ လာပစ်သွားတာလို့ပြောတယ်။ ဘယ်အဖွဲ့ကဘယ်သူတွေပစ်သွားတာလဲတော့မသိဘူး” လို့ တမူးမြို့ခံတစ်ဦးက DNA ကို…

Read More