တမူးမှာ စစ်ကောင်စီက လက်နက်ကြီးနဲ့ ဒရုန်းတွေသုံးပြီးတိုက်ခိုက်နေ

စစ်ကိုင်းတိုင်း၊တမူးမြို့မှာ စစ်ကောင်စီက PDF တပ်ရင်း၊တပ်ဖွဲ့တွေရဲ့ လှုပ်ရှားနယ်မြေတွေကို လက် နက်ကြီးနဲ့ ဒရုန်းတွေသုံးပြီး တိုက်ခိုက်နေတယ်လို့ တမူး PDF တပ်ဖွဲ့ဝင်တွေကပြောပါတယ်။
“တခြားနယ်မြေမှာဆို PDFဘက်ကပဲ droneသုံးပီးတိုက်တာလေ၊ ဒို့ဘက်ကျမှ PDFက ပြန်တိုက်ခံ ရတယ်လို့၊ ကြားလို့တောင်မကောင်းဘူး” လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဩဂုတ်လနှောင်းပိုင်းနဲ့ အခုစက်တင်ဘာလဆန်းပိုင်းအတွင်း ဒေသကာကွယ်ရေး တပ်တွေကို ဒရုန်းနဲ့အနည်းဆုံး သုံးကြိမ်လောက်တိုက်ခိုက်ခဲ့တာမှာ PDF တပ်ဖွဲ့ဝင်နှစ်ဦးထိခိုက်ဒဏ်ရာ ရခဲ့ပြီး အသက်အမန္တရာယ်တော့စိုးရိမ်စရာမရှိဘူးလို့သိရပါတယ်။
စက်တင်ဘာနှစ်ရက် မနက်အစောပိုင်းကလည်း PDFပူးပေါင်းအဖွဲ့တွေ စစ်ဆေးရေးလုပ်နေတဲ့တမူးမြို့ပြင် Denko ဆီဆိုင်နားတစ်ဝိုက်ကို စစ်ကောင်စီက Droneနဲ့ တိုက်ခိုက်ခဲ့သေးတယ်လို့ တမူး PDF တပ်ဖွဲ့ဝင် တွေကပြောပါ တယ်။
စစ်ကောင်စီဒရုန်းတွေကို ပစ်ချဖို့ကြိုးစားတာရှိပေမယ့် လက်ရှိအချိန်အထိ ပျက်ကျလာတာမျိုးမရှိသေး ဘူးလို့ ဆိုပါတယ်။တမူးမြို့ကွန်းတောင်းရွာဘက်မှာလည်း အခုရက်ပိုင်းအတွင်း စစ်ကောင်စီက လက်နက် ကြီးနဲ့ ပစ် ခတ်တာတွေကြောင့် အနည်းကျေးရွာနှစ်ရွာက အိမ်ခြေနှစ်ဆယ်လောက်ကပြည်သူတွေ နေအိမ် ကိုစွန့်ခွာပြီး အိန္ဒိယနိုင်ငံဘက်တိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။