ချောင်ဦးတောင်ပိုင်း ကျေးရွာတွေကို စစ်တပ် ကမီးရှို့လို့ နေအိမ်သုံးရာကျော်ပျက်စီး

Photo- Chaung U Revolution
စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်တောင်ပိုင်းက ကျေးရွာတွေ ကို စစ်တပ်ကစစ်ကြောင်းထိုး မီးရှို့ဖျက်ဆီး ခဲ့တာ ကြောင့် ပြည်သူ့နေအိမ် ပေါင်း သုံးရာ ကျော်လောက် ပျက်စီးဆုံးရှုံး သွားတယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့CHU-PDF အဖွဲ့ က တာဝန်ရှိသူတစ်ဦးက DNA ကို ပြောပါတယ်။
စင်္စကောင်စီတပ်တွေဟာ ချောင်းဦးမြို့နယ်အတွင်းက ကျေးရွာတွေ ဖြစ်တဲ့ ခင်မွန်၊မယ်သဲကြိုး ၊ မှန်ချို ၊ ဆင်မြ ငါးလုံး တင်၊ မထိသာ စတဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး ငါးလုံးတင် ကျေးရွာ တရွာတည်းကပဲ အိမ်ခြေ ပေါင်း (၁၅၀) ထိ မီးလောင်ပြာကျခဲ့တာဖြစ်တယ်လို့ Chaung U Revolution အဖွဲ့က လည်းထုတ်ပြန်ထားပါတယ်။
“(ငလုံးတိင်ရွာ)တစ်ရွာလုံးကတော့ မီးအပူရှိန်ဒဏ်တွေကျန်နေသေးတာကြောင့် ခုချိန်ထိရွာထဲကိုဝင်ခွင့် မရကြ သေးပါဘူး၊ လက်ရှိအချိန်ထိတော့ နေဖို့နဲ့စားဖို့က ခက်ခဲလျက်ရှိနေပါတယ်၊မီးခိုးနံ့ညှော်နံ့တွေကြောင့် ရွာသူရွာ သားအားလုံးဟာ ကိုယ့်အိုးအိမ်တောင်ကြည့်ခွင့်မရသေးဘဲ နီးစပ်ရာနေရာတွေမှာ ဖြစ်သလိုကြုံသလို နေထိုင် နေကြရပါ တယ်” လို့ Chaung U Revolution အဖွဲ့ကဆိုပါတယ်။
နေအိမ်တွေ မီးရှို့ခံလိုက်ရတဲ့ ချောင်းဦး ဒေသခံပြည်သူတွေဟာ နီးစပ်ရာ ရွာတွေမှာ ခေတ္တနေထိုင်နေကြရပြီး စား နပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လည်းလိုအပ်နေတယ်လို့ သိရပါတယ်။လက်ရှိမှာ စစ်ဘေးရှောင်ဦးရေ ဘယ် လောက်အထိရှိနေတယ်ဆိုတာကိုတော့ အတိအကျမသိရပါဘူး။
“နေဖို့က အဆင်ပြေကောင်းပြေနိုင်တယ်၊သို့သော် စစ်ဘေးရှောင်ဦးရေ တစ်အားများတဲ့အခါကျတော့ လက်ခံထား တဲ့ကျေးရွာတွေက တင်ပြီး ကျွေးထားမွေးထားဖို့ကျတော့ တစ်ရက် နှစ်ရက် မက တင်ကျွေးထားရမှာဆိုတော့ စား နပ်ရိက္ခာ လိုအပ်ချက်ကတော့ရှိနေတယ်” လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့CHU-PDF က တာ ဝန်ရှိသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ အခုလ ပထမပတ်အတွင်း မုံရွာမြို့နယ် မုံရွေးရွာကို မီးရှို့ပြီးနောက် ချောင်းဦးမြို့နယ်ထဲ စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာဖြစ်ပြီး အောက်တိုဘာခြောက်ရက်ကနေ လက်ရှိအချိန်အထိ မြို့တွင်းကျေးရွာတွေ ထဲ စစ်ကြောင်းတွေခွဲပြီး လှည့်လည်မွှေနှောက်ဖျက်ဆီးနေတာပါ။
အဲ့ဒီလို စစ်ကောင်စီစစ်ကြောင်းက ရွာစဉ်လှည့်စစ်ကြောင်းထိုးနေချိန်အတွင်း ဒေသခံ ပြည်သူအများအပြား ဖမ်း ဆီးခံရသလို လူသားဒိုင်းအဖြစ် စစ်ကြောင်းနဲ့အတူ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူတွေလည်း ရှိတယ်လို့ Chaung U Revolution အဖွဲ့ကဆိုပါတယ်။