မတူပီမြို့ လေမျိုတံတားအနီး မြေပြို

Photo- CJ
ချင်းပြည်နယ် မတူပီမြို့ လေမျိုတံတားအနီးမှာ မြေပြိုလို့လမ်းပိတ်ဆို့ပြီး ကုန်တင်ယာဉ်တွေမြို့ တွင်းမဝင်နိုင်ဘဲ ပိတ်မိနေတယ်လို့ မြို့ခံတွေက DNA ကိုပြောပါတယ်။
မြေပြိုပြီးလမ်းပိတ်ဆို့နေတာကြောင့် ကုန်တင်ယာဉ်တွေသယ်ဆောင်လာတဲ့ ကုန်စည်တွေကို အဲ့ဒီနေ ရာ ကနေ မြို့တွင်းကို ဆက်လက်သယ်ယူဖို့ ကားပြောင်းပြီး သယ်ယူနေရတယ်လို့သိရပါတယ်။
“ဆိုင်ကယ်နဲ့မြို့ပေါ်ကိုသွားရင်း လမ်းပြိုတဲ့နေရာရောက်တော့ တယောက်ထဲဖြစ်နေတာ ဆိုင်ကယ်တွန်း လို့လည်း မရဘူးတယောက်ထဲဆိုတော့ တော်တော်ဒုက္ခရောက်ခဲ့ရတယ် ကားဆိုပို​ပြီးတော့တောင် သွားနိုင်မှာမဟုတ်ဘူး” လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့သူ တစ်ဦးက ပြောပါတယ်။
ချင်းပြည်နယ် ဒေသအနှံ့မှာ နှစ်စဉ်မိုးရာသီအတွင်းမြေပြိုမှုတွေဖြစ်တတ်လို့ ဒေသခံတွေမကြာခဏ လမ်း ပန်း ဆက်သွယ်ရေးပြတ်တောက်လေ့ရှိနေတာပါ။အခုမြေပြိုမှုဖြစ်တဲ့ နေရာဟာလည်း နှစ်စဉ်မြေပြိုနေကျ နေရာ တွေထဲက တခုဖြစ်တယ်လို့ မတူပီမြို့ခံတွေကပြောပါတယ်။
မြို့ခံတွေက ရာသီဥတုကောင်းတဲ့အချိန် ပြိုကျနေတဲ့ မြေသားတွေကိုဖယ်ရှားရှင်းလင်းကြပေမယ့် မိုးရွာတိုင်း မြေပြိုမှုပြန်ဖြစ်လေ့ရှိတယ်လို့သိရပါတယ်။
အဲ့ဒီလို မြေပြိုမှုဖြစ်ပြီး ပိတ်ဆို့နေတတ်တဲ့ လမ်းအခြေအနေကြောင့် မတူပီမြို့တွင်းကို ကုန်စည်တွေ သယ်ယူရ ာမှာ ကားနှစ်ဆင့်ငှားရပြီး တန်ဆာခနှစ်ခါပေးရတာကြောင့် စရိတ် ပိုထောင်းပြီး ကုန်ဈေး နှုန်းတွေလည်း ပိုမိုမြင့်တက် လာတာဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။