တမူးမြို့အနီးတိုက်ပွဲ ဒေသကာကွယ်ရေးတပ်က နှစ်ဦးကျဆုံးပြီး စစ်ကောင်စီ အကျအဆုံးများ

Photo – Google

တမူးမြို့အနီးမှာ စက်တင်ဘာ ၁၉ရက်ကဖြစ်ခဲ့တဲ့ ရင်ဆိုင် တိုက်ပွဲအတွင်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးပြီး စစ်ကောင်စီတပ်သား အများအပြားသေဆုံးခဲ့တယ်လို့ တမူးမြို့ဒေသခံတွေနဲ့ တော်လှန်ရေး အင်အားစု တွေကပြောပါတယ်။

ကလေးမြို့ဘက်ကလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ရန်လင်းဖိုင်ရွာ၊ နန်းမွန်တားရွာနဲ့လေးမိုင်ဂိတ်တို့မှာ ဒေသ ခံကာကွယ်ရေးတပ်တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း ပါဝင်တိုက်ခိုက်ခဲ့တဲ့ ကလေးမြို့ ပကဖတပ်ရင်း (၅) တပ်ရင်းမူး ဗိုလ်လင်းယုန် ကျဆုံးခဲ့သလို ဗာမာ့ကျောင်းသားတပ်မတော်က ရဲဘော်တစ်ဦး လည်း ကျဆုံးခဲ့တယ်လို့သိရပါတယ်။

“တနေ့ကညနေကတော့ လက်နက်ကြီးသံတွေ၊ ပစ်ခတ်သံတွေ ဆူညံလို့၊မနေ့ကတော့နည်းနည်းကျဲတယ်”လို့ တ မူးမြို့ခံတစ်ဦးကတိုက်ပွဲအခြေအနေကို ပြောပြပါတယ်။

တမူးမြို့ အပြင်ဘက်ကလေးမိုင်ဂိတ်စခန်းကို ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်စီးနင်းတိုက် ခိုက်ရာမှာ စစ်ကောင်စီဘက်က စစ်သား သုံးဦးသေဆုံးပြီး ဂိတ်စခန်းကို စွန့်ခွာထွက်ပြေးကြတယ်လို့ ဒေသခံ ကာကွယ်ရေးတပ်တွေဆီကသိရပါတယ်။

လေးမိုင်ဂိတ်စခန်းကိုတိုက်ခိုက်နေချိန်မှာ စစ်ကူပေးဖို့တမူးမြို့ကထွက်လာတဲ့ စစ်ကောင်စီတပ်တွေကိုလည်း မန်း မော်ကျေးရွာနဲ့ ထန်းတပင်ကျေးရွာကြားမှာမိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က အကျအဆုံးရှိခဲ့တယ်လို့ Freedom Rangers အဖွဲ့ကထုတ်ပြန်ပါတယ်။
ရန်လင်းဖိုင်ကျေးရွာတိုက်ပွဲ၊ နန်းမွန်တားရွာနားမှာမိုင်းဆွဲတိုက်ခိုက်မှု၊လေးမိုင်ဂိတ်စခန်းတိုက်ပွဲနဲ့ Freedom Rangeers Tamu အဖွဲ့ရဲ့ မိုင်းဆွဲတိုက်ခိုက်မူတွေကြောင့် စစ်ကောင်စီတပ်သားသုံးဆယ်ကျော်သေဆုံးတယ်လို့ မြေပြင်ကာကွယ်ရေး တပ်ဖွဲ့ဝင်တချို့က ပြောပေမယ့်အဖွဲ့အစည်းတွေက သတင်းထုတ်ပြန်တာမျိုး မရှိသေး ပါဘူး။

အဲံဒီအချက်အလက်ကို DNA အနေနဲ့လည်း လတ်တလောသီးခြားအတည်ပြုနိုင်တဲ့အခြေအနေမရှိသေးပါဘူး။ တမူးဘက်ကိုသွားတဲ့စစ်ကောင်စီစစ်ကြောင်းဟာ စက်တင်ဘာ (၁၉)ရက်မှာ တမူးမြို့နယ်ထဲက ရန်လင်းဖိုင်၊ နန်း မွန်တားနဲ့ ခွမ်းမွမ်းနွမ်း ရွာတွေက နေအိမ် ဆယ်လုံးဝန်းကျင်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

အဲ့ဒီနေ့မှာပဲ စစ်ကောင်စီစစ်ကြောင်းဟာ လမ်းတလျှောက် အကြိမ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခံရပြီး ရင်ဆိုင်တိုက်ပွဲ တွေလည်းရှိခဲ့တာဖြစ်ပါတယ်။