စစ်ကောင်စီတပ်ရဲ့ ကြိတ်စခန်း KNLA ပူးပေါင်းအဖွဲ့ကတိုက်ခိုက် သိမ်းပိုက်

Photo – KNU

စစ်ကောင်စီတပ်ရဲ့ ခြေကုတ်စခန်းတစ်ခုဖြစ်တဲ့ ကော့ကရိတ်မြို့နယ်က ကြိတ်စခန်းကို KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့က စက်တင်ဘာလ ၂၀ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ KNU ဗဟိုက ဒီကနေ့မ နက်ပိုင်းမှာ ထုတ် ပြန်ပါတယ်။
အဲ့ဒီစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးပြီး နှစ်ဦးကို ဒဏ်ရာတွေနဲ့ဖမ်းမိထား တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ကြိတ်စခန်းကို သြဂုတ်လဆန်းပိုင်းကစပြီး တလခွဲလောက်ကြာအောင် ပိတ်ဆို့ရိက္ခာဖြတ်ပြီး တိုက်ခိုက်ခဲ့တာဖြစ် ပြီး မနေ့ကတော့ စခန်းတစ်ခုလုံး သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

KNLA တပ်ရင်း (၁၈)နဲ့ဒေါနစစ်ကြောင်း-SOG ပူးပေါင်းတပ်ဖွဲ့တို့ဟာမနေ့က နေ့လယ်ပိုင်းမှာ တိုက်ပွဲကြာချိန် (၁၇)မိနစ်လောက်အတွင်း ကြိတ်စခန်း တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့လည်း KNU ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

အဲ့ဒီတစခန်းသိမ်းတိုက်ပွဲကနေ RPG နဲ့ စိန်ပြောင်းစတဲ့ အဝေးပစ်လက်နက် သုံးလက်၊ငါးကြင်းမြီးစက်လက်တ လက်၊AKရိုင်ဖယ်သေနတ်တလက်နဲ့MAS sinperတလက်အပါအဝင် လက်နက်ငယ်တွေနဲ့ခဲယမ်းတွေ၊တခြား တိုက်ပွဲသုံး ပစ္စည်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့သိရပါတယ်။

စစ်ကောင်စီရဲ့ ကြိတ်စခန်းကို လွန်ခဲ့တဲ့ တနှစ်အကြာ ၂၀၂၁ ခုနှစ် ဩဂုတ်လအတွင်းတုန်းကKNLA တပ်ဖွဲ့တွေက သိမ်းပိုက်ရှင်းလင်းခဲ့ဖူးပါတယ်။အဲ့ဒီအချိန်တုန်းကတော့စစ်ကောင်စီတပ်တွေက စခန်းကနေ ကြိုတင်ဆုတ်ခွာသွား ကြတဲ့အတွက် တိုက်ပွဲဖြစ်ခဲ့တာမရှိဘဲ KNLA ကရှင်းလင်းသိမ်းယူခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလို စခန်းရှင်းလင်းခံရပြီးတလအကြာ ၂၀၂၁ စက်တင်ဘာမှာ စစ်ကောင်စီတပ်နဲ့ (BGF)တပ်တွေက ကြိတ်စ ခန်းအတွင်း ပြန်လည်နေရာယူတပ်စွဲပြီး ဒေသတွင်း စစ်ရေးလှုပ်ရှားမှုတွေလုပ်ခဲ့ပါတယ်။