တမူး PDFက စစ်တပ်ထုတ် မြန်မာဘီယာအမြောက်အများကို ဖျက်ဆီး

photo-Just You_TAMU
တမူးမြို့နယ်၊ ကလေး – တမူး အာရှလမ်းမမှာ ကုန်တင်ကားနဲ့သယ်လာ​တဲ့ စစ်​အုပ်စုတပ်ထုတ် မြန်မာဘီယာဖာ ၁၀၀လောက်ကို တမူး​မြို့နယ် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့တပ်ရင်း (၃) က မနေ့က ဇွန်လ ၂၀ ရက်နေ့ ည​နေမှာဖမ်းဆီး ဖျက်ဆီးခဲ့​​​တယ်လို့ Just you Tamu ​ဖေစ်ဘွခ်စာမျက်နှာမှာ ​ဖော်ပြထားပါတယ်။
ည​နေ ၆နာရီဝန်းကျင်မှာအာရှလမ်းမကြီး​ပေါ်ရှိ နန်မွန်းထားရွာရှေ့မှာ ကုန်တင်ကားဖြင့် သယ်ဆောင်လာတဲ့ အကြမ်းဖက်စစ်တပ်ထုတ်ကုန် ဘီယာ(၉၈)ဖာ ကို တမူး PDF တပ်ရင်း ၃ က ဖမ်းဆီးဖျက်ဆီးခဲ့တာပါ။
တမူးPDF ဟာ အဲဒီလမ်းပိုင်းမှာ အရင်ကလည်း ကားတွေကို မကြာခဏစစ်​​ဆေးပြီး စစ်တပ်ထုတ်ကုန်တွေ‌ ‌တွေ့ရင် ဖမ်းဆီးဖျက်ဆီး​မှုတွေလုပ်ဆောင်နေတာ ဖြစ်ပါတယ်။