အာဏာရှင်စနစ်ကို ကရင်နီပြည်သူအားလုံး ညီညွတ်စွာ အပြုတ်တိုက်ကြဖို့ KNDF တိုက်တွန်း

သမိုင်းကပေးတဲ့သင်ခန်းစာတွေကို ပြန်လည်သုံးသပ်ရင်း အာဏာရှင်စနစ်ကို ကရင်နီပြည်သူအားလုံးစည်းလုံးညီညွတ်စွာ အမြစ်ပြုတ်တိုက်ဖျက်ကြဖို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)ကတိုက်တွန်းလိုက်ပါတယ်။
ဒီကနေ့ကျရောက်တဲ့ (၁၄၇)နှစ်မြောက် ကရင်နီအမျိုးသားနေ့ အတွက် KNDF ပေးပို့တဲ့ သဝဏ်လွှာမှာ အဲဒီလို ဖော်ပြပါတယ်။
ကရင်နီအမျိုးသားတွေဟာ စည်းလုံးညီညွတ်မှု နည်းပါးခဲ့တဲ့အတွက် အာဏာရှင်တွေနဲ့ လူမျိုးကြီးတို့ရဲ့ သွေးခွဲမှုကိုခံရကာ နှစ်ပေါင်းများစွာ ကရင်နီအမျိုးသားရည်မှန်းချက်တွေဖြစ်တဲ့ စည်းလုံးညီညွတ်ရေး၊ကိုယ် ပိုင်ပြဌာန်းခွင့်နဲ့ လူထုဘဝ တည်ငြိမ်ဖွံ့ဖြိုးရေးတို့ကို ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသေးဘူးလို့ လည်း ထုတ်ပြန် ပါတယ်။
KNDF အနေနဲ့ ကရင်နီပြည်နယ်ကို ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရရှိတဲ့ ပြည်နယ်တစ်ခုအနေနဲ့ ပြည်ထောင်စုမှာ ရပ်တည်ဖော်ဆောင်သွားမှာဖြစ်သလို ဌာနေတိုင်းရင်းသားတွေရဲ့ လူနည်းစုအခွင့်အရေး၊က ရင်နီပြည်သူအားလုံးရဲ့ တန်းတူအခွင့်အရေးနဲ့ဖွံ့ဖြိုးတိုက်တက်ရေးအတွက် အနာဂတ်မှာ ပြဌာန်းမယ့် အခြေခံ ဥပဒေမှာ တိကျစွာ ပြဌာန်းရုံတင်မက အမှန်တကယ်အကောင်အထည်ဖော်နိုင်အာင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကရင်နီအမျိုးသားရည်မှန်းချက်တွေကို တားဆီးနေတဲ့ အာဏာရှင်စနစ်ကို အပြီးတိုင် တိုက်ပွဲဝင်သွားမှာဖြစ်ပြီး ရည်မှန်းချက်တူအင်အားစုအားလုံးနဲ့ လက်တွဲသွားမှာဖြစ်ကြောင်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။