ခရမ်းသွေးသောက်အဖွဲ့ကို လူ၂၀လောက်နဲ့ ဖွဲ့စည်းထား

ခရမ်းသွေးသောက်အဖွဲ့ကို လူ၂၀လောက်နဲ့ ဖွဲ့စည်းထား

ရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့မှာ သွေးသောက်အဖွဲ့ကို မကြာသေးခင်က ဖွဲ့စည်းလိုက်ပြီး အဖွဲ့ဝင် ၂၀ လောက်ရှိတယ်လို့သိရပါတယ်။ အဲဒီသွေးသောက်အဖွဲ့မှာ ဒလန်တွေ၊ စစ်တပ်နောက်လိုက်တွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေပါဝင်ပြီး လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်က ဖော်ပြပါတယ်။ ခရမ်းသွေးသောက်အဖွဲ့ခေါင်းဆောင်နဲ့အဖွဲ့ဝင်တချို့ကို ခရမ်းချန်နယ် တယ်လီဂရမ်စာမျက်နှာ https://t.me/khayanchannel/2004 မှာ ဖော်ပြထားတယ်လို့ဆိုပါတယ်။ ‘သွေးသောက်ဆိုတာ အရင်က ဒလန်တွေ၊ပျူတွေထဲက လက်ရဲဇက်ရဲရှိတဲ့ကောင်တွေကို စစ်တပ်က သေနတ် တပ်ဆင်ပေးလိုက်ပြီး အကြမ်းဖက်လုပ်ငန်းတွေလျှောက်လုပ်ခိုင်းတာ။သူတို့အတွက်ဘာအကျိုးအမြတ်ပြန်ရ သလဲဆိုတော့ မိုက်ကြေးခွဲတာတို့၊လောင်းကစားဝိုင်းလုပ်တာတို့ နှစ်လုံးဒိုင်တွေမှာ ဆက်ကြေးကောက်တာတို့…

Read More
လိုင်စင်မပါတဲ့အကြောင်းပြချက်နဲ့ ခရမ်းမြို့ပေါ်မှာ လူ၅ဦးနဲ့ ဆိုင်ကယ်အစီး၃၀လောက် စစ်တပ် ဖမ်းဆီး

လိုင်စင်မပါတဲ့အကြောင်းပြချက်နဲ့ ခရမ်းမြို့ပေါ်မှာ လူ၅ဦးနဲ့ ဆိုင်ကယ်အစီး၃၀လောက် စစ်တပ် ဖမ်းဆီး

ရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့ပေါ်မှာ လိုင်စင်မပါဘူးဆိုတဲ့အကြောင်းပြချက်နဲ့ လူ၅ဦးနဲ့ ဆိုင်ကယ်အစီး၃၀ လောက် ဖမ်းဆီးထားကြောင်းသိရပါတယ်။ ဧပြီလ ၂၂ ရက်နေ့ကစတင်ကာ ဆိုင်ကယ်နဲ့ ကားလိုင်စင် မပါဘူးဆိုတဲ့အကြောင်းပြချက်နဲ့ ဖမ်းဆီး နေခြင်းဖြစ်ပြီးမနေ့ကတစ်ရက်တည်းနဲ့ ဆိုင်ကယ်အစီး၃၀လောက် ဖမ်းဆီးခံရတာပါ။ ဒီနေ့မနက်အစောပိုင်းမှာလည်းခရမ်းမြို့၊ ငှက်ကျောင်းလမ်းမှာ ပြည်သူတစ်ဦးစီးလာတဲ့ ဆိုင်ကယ်ဖုံတက်နေတယ်ဆိုပြီး ဒဏ်ငွေနှစ်သောင်းပေးဆောင်ခိုင်းရာ ကြောက်ပြီးပေးခဲ့ရတယ်လို့ ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်ကဖော်ပြပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ဒီနေ့တနေကုန် ဌက်ကျောင်းလမ်းမှာ လာသမျှကားနဲ့ဆိုင်ကယ်တွေကိုစစ်ဆေးနေ ပြီး ဒီကနေ့ ဖမ်းဆီးခံရမှုအခြေအနေကို မသိသေးပါဘူး။ ‘ဖမ်းထားတဲ့ ၅…

Read More
ချောင်းထဲကျသွားတဲ့ စစ်ကားပေါ်က ဗိုလ်မှူးအပါအဝင်၅ဦးသေ

ချောင်းထဲကျသွားတဲ့ စစ်ကားပေါ်က ဗိုလ်မှူးအပါအဝင်၅ဦးသေ

ရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့နယ်အတွင်း စစ်ကားချောင်းထဲ ထိုးကျခဲ့တဲ့ဖြစ်စဉ်မှာ ဗိုလ်မှူးတစ်ဦးအပါအဝင်စစ်သား၅ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ ဒီနေ့မနက် ၅ နာရီလောက်က ခရမ်းမြို့နယ်၊ကမာကလူကျောက်တံတားအရောက်စစ်ကားချောင်းထဲထိုးကျခဲ့ခြင်းဖြစ်ပြီး ကားခေါင်းခန်းကယာဉ်မောင်းစစ်သားနဲ့ ဗိုလ်မှူး၊ကားနောက်ခန်းမှာလိုက်ပါလာသူတွေထဲက စစ်သား၃ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရစစ်သား၃ဦးရှိတယ်လို့ တပ်တွင်းသတင်းပေးပို့ချက်အရသိရကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်ကဖော်ပြပါတယ်။ ဗိုလ်မှူးအပါအဝင်၃ဦးမှာ နေရာမှာတင်ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၂ဦးမှာ ခရမ်းဆေးရုံရောက်မှ သေတယ်လို့ သိရပါတယ်။ ‘ချောင်းကရေနက်ပါတယ်။ မြေတူးစက်တွေနဲ့ တူးထားတာသိပ်မကြာသေးပါဘူး။ကားကဆယ်ပြီးပါပြီ။လက် ရှိမှာ ရေထဲကျသွားတဲ့ သေနတ်တွေလိုက်ရှာနေတယ်’လို့ ခရမ်းမြို့ပေါ်နေတက်ကြွလူငယ်တစ်ဦးကပြောပါ တယ်။ ဒဏ်ရာရစစ်သားတွေကို ဒီနေ့မနက်၁၀နာရီလောက်က ရန်ကုန်ကို ဆေးရုံကားနဲ့…

Read More
ခရမ်းမှာ စစ်ကား ချောင်းထဲကျ၊ အသေအပျောက်များနိုင်

ခရမ်းမှာ စစ်ကား ချောင်းထဲကျ၊ အသေအပျောက်များနိုင်

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း ဒီနေ့မနက်ပိုင်းမှာ စစ်ကားတစ်စီးချောင်းထဲ ထိုးကျခဲ့ရာ အသေအပျောက် များနိုင်ကြောင်း သိရပါတယ်။ ဒီနေ့ မနက် ၅ နာရီလောက်မှာ ခရမ်းမြို့နယ်၊ ကမာကလူရွာလမ်းမထိပ်ကနေ စစ်ဆေးပြီးအပြန် ကမာကလူကျောက်တံတားအရောက်စစ်ကား ချောင်းထဲ ထိုးကျသွားခြင်းဖြစ်ကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်က ဖော်ပြပါတယ်။ ‘မြင်တဲ့လူတွေ ပြောတာရော ဆေးရုံဝန်ထမ်းတွေရဲ့ သတင်းပေးပို့ချက်တွေအရ ချောင်းထဲကျပြီး သေတာများ တယ်လို့သိရတယ်။ ကျည်ဆန်ဖိုးမကုန်ဘဲ အခုလို စစ်ခွေးတွေသေတယ်ကြားလို့ ခရမ်းပြည်သူတွေ ဝမ်းသာနေကြတယ်’ လို့…

Read More
ခရမ်း၊ ဘုရားပျိုရဲစခန်းထဲ ဗုံး ၃ လုံးကွဲ

ခရမ်း၊ ဘုရားပျိုရဲစခန်းထဲ ဗုံး ၃ လုံးကွဲ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ ဘုရားပျိုကျေးရွာရဲစခန်းအတွင်း ဒီနေ့မွန်းလွဲပိုင်းက ဗုံး၃လုံး ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ ခရမ်းမြို့ ဘုရားပျိုကျေးရွာ ရဲစခန်းအတွင်း ဒီနေ့မွန်းလွဲ တစ် နာရီခွဲလောက်က ဗုံး ၃ လုံး ပေါက်ကွဲခဲ့ပြီး ခဏအကြာမှာ သေနတ်ပစ်သံတွေ အချက်ပေါင်းမနည်း ထွက်ပေါ်လာခဲ့ကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်ကဖော်ပြ ပါတယ်။ ထွက်ပေါ်လာတဲ့ သေနတ်သံဟာ အပြန်အလှန်ပစ်ခတ်မှုလို့ယူဆကြောင်း ခရမ်းချန်နယ်ကဆိုပါတယ်။ ‘အခုအချိန်ထိတော့ ထိခိုက်မှုသတင်းမကြားရသေးဘူး။သိရတာက လက်ပစ်ဗုံးနဲ့ရဲစခန်းထဲလှမ်းပစ်ထည့် ပြီး မှ အပြန်အလှန်ပစ်ကြတာ။ဗုံး၃လုံးစလုံး ရဲစခန်းထဲကျတယ်’လို့…

Read More
ခရမ်းမြို့နယ်ထွေအုပ်ရုံး ၄၀(မမ)လောင်ချာနဲ့ တိုက်ခိုက်ခံရ

ခရမ်းမြို့နယ်ထွေအုပ်ရုံး ၄၀(မမ)လောင်ချာနဲ့ တိုက်ခိုက်ခံရ

ရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး ၄၄(မမ)အပြင်းစားဗုံးနဲ့ ပစ်ခတ်တိုက်ခိုက် ခံရပြီး အကြမ်းဖက်စစ်သားတစ်ဦး ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။ ဒီနေ့မနက် ၁၁နာရီမိနစ်၂၀မှာ ခရမ်းPDF က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထွေအုပ်ရုံးအဆောက်အဦ မျက်နှာကျက်တွေကွာကျခဲ့ကာ ရုံးအနည်းငယ်ပျက်စီးသွားတယ်လို့ ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်ကဖော်ပြပါတယ်။ တိုက်ခိုက်ခံရချိန်မှာ အကြမ်ဖက်စစ်သားနဲ့ အုပ်ချုပ်ရေးမှူးတွေ ကြောက်လန့်တကြားထွက်ပြေးခဲ့တယ်လို့ သိရပါတယ်။ ‘ထိခိုက်မှုတစ်ယောက်ပဲရှိပေမဲ့ ခရမ်းမြို့ပေါ်က စစ်ခွေးအုပ်ချုပ်ရေးပင်မစခန်းတောင် လုံခြုံမှုမရှိတော့ဘူးဆို တဲ့ အသိမျိုးဝင်သွားကြပြီလေ။စစ်ခွေးတွေရော အုပ်ချုပ်ရေးကကောင်တွေရော ရူးချင်ချင်ဖြစ်နေကြပြီ။ထွေအုပ်ရုံးကို ထောင်လို အုတ်တံတိုင်းအမြင့်ကြီးကာနိုင်ရင်ကာလို့ ခရမ်းPDF ကဗုံးသီးတစ်လုံးပစ်ပြီး မက်ဆေ့ပေးလိုက်တာ’လို့ ခရမ်းမြို့ပေါ်နေတက်ကြွလှုပ်ရှားသူတစ်ဦးကပြောပါတယ်။…

Read More
ဖမ်းဆီးခံ ခရမ်းပြည်သူ၅ဦးကို ပြန်မလွှတ်သေး

ဖမ်းဆီးခံ ခရမ်းပြည်သူ၅ဦးကို ပြန်မလွှတ်သေး

ရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်က ဖမ်းဆီးထားတဲ့ ပြည်သူ ၅ ဦးကို ပြန်မလွှတ်သေးဘူးလို့ သိရပါတယ်။ ဖမ်းဆီးခံထားရသူတို့မှာ ခရမ်းမြို့နယ်၊ကျုံမရေရွာသား၃ဦး၊ဒေးပေါက်ရွာသားတစ်ဦးနဲ့ရွှေဘိုစုရွာသားတစ်ဦးတို့ဖြစ်ပြီး မတ်လ၁၀ရက် ညမှာ အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသွားတာလို့ ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာခရမ်းချန်နယ်က ဖော်ပြပါတယ်။ မတ်လ ၁၀ ရက်နေ့ ည ၁၁ နာရီလောက်က ခရမ်းမြို့ နယ်၊ကျုံမရေကျေးရွာထဲ အကြမ်းဖက်စစ်တပ်က ဧည့်စာရင်းလိုက်စစ်ခဲ့ပြီး ကျေးရွာအတွင်းရှိ ရွာခံ ၃ ဦးကို ဧည့်စာရင်းမတိုင်ထားဘူးလို့ဆိုကာ ဖမ်းဆီးသွားခဲ့ပါတယ်။ထို့အတူဒေးပေါက်ကျေးရွာမှာလည်း မတ်လ ၁၀ ရက်နေ့ ည…

Read More
စစ်သတင်းပေးလို့ နာမည်ကြီးနေသူ ၂ ဦး ပစ်ခတ်ခံရပြီးနောက် ခရမ်းမြို့အဝင်အထွက်ကို ပိတ်

စစ်သတင်းပေးလို့ နာမည်ကြီးနေသူ ၂ ဦး ပစ်ခတ်ခံရပြီးနောက် ခရမ်းမြို့အဝင်အထွက်ကို ပိတ်

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့မှာ စစ်သတင်းပေးလို့နာမည်ကြီးနေသူ ၂ ဦး ပစ်ခတ်ခံရပြီးနောက် မြို့အဝင်အထွက် လမ်းတွေကို အကြမ်းဖက်စစ်တပ်က ပိတ်ပစ်လိုက်တယ်လို့ သိရပါတယ်။ ဒီနေ့ နေ့ခင်းပိုင်းကစပြီး ရဲမွန်စစ်ဆေးရေးဂိတ်၊ ကရင်ကန်စစ်ဆေးဂိတ်၊ ဒေးပေါက်စစ်ဆေးရေးဂိတ်၊ သစ်တောစစ်ဆေးရေးဂိတ်၊ ဆည်မြောင်းဘက်နဲ့ ကွမ်းမိုးဒိန်းဘက်တို့ကို ပိတ်ဆို့လိုက်ပြီး ဒီနေ့ညနေ ၄ နာရီ ဝန်းကျင်အထိ ပြန်မဖွင့်သေးဘူးလို့ ဒေသတွင်း နွေဦးတော်လှန်ရေး စာမျက်နှာ ခရမ်းချန်နယ်က ဖော်ပြပါတယ်။ ‘ခရမ်းမြို့အဝင်အထွက် မဖွင့်သေးပါဘူး။ ပိတ်ထားဆဲပါ’ လို့ ခရမ်းမြို့သား…

Read More
ခရမ်းမြို့ပေါ်က ဒလန်လို့ နာမည်ကြီးနေသူ တစ်ဦးကို ရှင်းလင်း

ခရမ်းမြို့ပေါ်က ဒလန်လို့ နာမည်ကြီးနေသူ တစ်ဦးကို ရှင်းလင်း

ရန်ကုန်တောင်ပိုင်းခရိုင်၊ ၁၀ ရပ်ကွက်နေ အကြမ်းဖက်စစ်တပ် သတင်းပေးလို့ အများက သတ်မှတ်ထားသူတစ်ဦး ပစ်ခတ်ခံရပြီး ရန်ကုန်စစ်ဆေးရုံမှာ သေဆုံးသွားကြောင်း သိရပါတယ်။ ဒလန်လို့ဆိုပြီး နာမည်ဆိုးနဲ့ကျော်ကြားနေသူ မြင့်စိုးကို ဒီနေ့မနက် ၅ နာရီခွဲလောက်က ၁၁ ရပ်ကွက် ကုန်းဆင်းနားမှာ အမည်မသိအဖွဲ့က သေနတ်နဲ့ ၅ ချက်ပစ်ခတ်ခဲ့ကြောင်းဒေသတွင်းနွေဦးတော်လှန်ရေး စာမျက်နှာ ခရမ်းချန်နယ်ကဖော်ပြပါတယ်။ ‘မြင့်စိုးက ကျွန်တော်တို့မြို့ရဲ့ နာမည်ကြီးဒလန်ထဲက တစ်ယောက်ပါ။ အခုတော့ ဒလန်တို့သွားရာလမ်းအတိုင်း ပို့ဆောင်လိုက်ကြပြီ။’ လို့ ခရမ်းမြို့တွင်းနေ…

Read More
ခရမ်းမှာ လိုင်းကြေးပေးဖွင့်နေတဲ့ လောင်းကစားဝိုင်းတွေများလာ

ခရမ်းမှာ လိုင်းကြေးပေးဖွင့်နေတဲ့ လောင်းကစားဝိုင်းတွေများလာ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ရဲတို့ကို လိုင်းကြေးပေးဖွင့်နေတဲ့ လောင်း ကစားဝိုင်းတွေ များပြားလာကြောင်း သိရပါတယ်။ ခရမ်းမြို့နယ်၊ ပန်းတောချောင်ရွာအတွင်း ကြက်ဝိုင်းနဲ့ဖဲဝိုင်းကို တနင်္လာနေ့နဲ့ သောကြာနေ့တို့မှာ ရွာခံတစ်ဦးက အပတ်စဉ်ပြု လုပ်နေပြီး လိုင်းကြေးအဖြစ် အကြမ်းဖက်စစ်တပ်ကို တစ်ပတ်မှာ ကျပ်တစ်သိန်းခွဲကနေ နှစ်သိန်းအထိပေးရကြောင်း ခရမ်းချန်နယ်က ဖော်ပြပါတယ်။ ခရမ်းမြို့နယ်၊ အုန်းပင်ရွာနဲ့ ကမာမတ်ရွာတို့မှာလည်း ကြက်ဝိုင်းနဲ့ဖဲဝိုင်းကို အပတ်စဉ်ပြုလုပ်နေပြီး ကမာမတ်ရွာလောင်းကစားဝိုင်းတွေက တစ်ပတ်ကို ကျပ် ၃ သိန်း အကြမ်းဖက်စစ်တပ်ကို လိုင်းကြေးပေး…

Read More