ခရမ်းသွေးသောက်အဖွဲ့ကို လူ၂၀လောက်နဲ့ ဖွဲ့စည်းထား

ရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့မှာ သွေးသောက်အဖွဲ့ကို မကြာသေးခင်က ဖွဲ့စည်းလိုက်ပြီး အဖွဲ့ဝင် ၂၀ လောက်ရှိတယ်လို့သိရပါတယ်။
အဲဒီသွေးသောက်အဖွဲ့မှာ ဒလန်တွေ၊ စစ်တပ်နောက်လိုက်တွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေပါဝင်ပြီး လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်က ဖော်ပြပါတယ်။
ခရမ်းသွေးသောက်အဖွဲ့ခေါင်းဆောင်နဲ့အဖွဲ့ဝင်တချို့ကို ခရမ်းချန်နယ် တယ်လီဂရမ်စာမျက်နှာ https://t.me/khayanchannel/2004 မှာ ဖော်ပြထားတယ်လို့ဆိုပါတယ်။
‘သွေးသောက်ဆိုတာ အရင်က ဒလန်တွေ၊ပျူတွေထဲက လက်ရဲဇက်ရဲရှိတဲ့ကောင်တွေကို စစ်တပ်က သေနတ် တပ်ဆင်ပေးလိုက်ပြီး အကြမ်းဖက်လုပ်ငန်းတွေလျှောက်လုပ်ခိုင်းတာ။သူတို့အတွက်ဘာအကျိုးအမြတ်ပြန်ရ သလဲဆိုတော့ မိုက်ကြေးခွဲတာတို့၊လောင်းကစားဝိုင်းလုပ်တာတို့ နှစ်လုံးဒိုင်တွေမှာ ဆက်ကြေးကောက်တာတို့ ပေါ့၊ရဲတွေလုပ်စားတဲ့ဂွင်ထဲ သွေးသောက်ပါ ဝင်လာတဲ့သဘောပဲ’လို့ ခရမ်းမြို့နေ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပါတယ်။
ဇွန်၂ရက်နေ့က ခရမ်းPDFတပ်ဖွဲ့ဝင်တစ်ဦးရဲ့ ဖခင်(လေဖြတ်ပြီးလမ်းမလျှောက်နိုင်) အိမ်ထဲမှာရှိနေစဉ် သွေး သောက်အဖွဲ့ဝင်တွေက ဝင်ရောက်ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ပါတယ်။
သွေးသောက်အဖွဲ့ခေါင်းဆောင်နဲ့ သွေးသောက်အဖွဲ့ဝင်တချို့ဟာ ခရမ်းမြို့ အမှတ်(၁၀)ရပ်ကွက်မှာ နေထိုင်နေတယ်လို့ သိရပါတယ်။