ကျောင်းသားတစ်သောင်းထက် ပိုပြီးလက်ခံပေးသွားမယ်လို့ Kaung For You ပြော

NUGပညာရေးဝန်ကြီးဌာန လက်အောက်ခံ Kaung For You ကျောင်းမှာ ကျောင်းသားတစ်သောင်းထက် ပိုပြီး လက်ခံပေးသွားမယ်လို့သိရပါတယ်။
အခုပညာသင်နှစ်မှာ ကျောင်းသားတစ်သောင်းကိုသာ လက်ခံသင်ကြားပေးသွားမယ်လို့ကြေညာထားတဲ့ Kaung For Youကို ကျောင်းအပ်ထားတဲ့ ကျောင်းသားအရေအတွက် နှစ်သိန်းနီးပါးရှိနေတဲ့အတွက် ကျောင်း သားပိုမိုလက်ခံနိုင်အောင်အပူတပြင်းကြိုးစားနေတယ်လို့ Kaung For You ကထုတ်ပြန်ပါတယ်။
ကျောင်းတက်ခွင့်ရ၊မရကို ဇွန်၁၀ရက်နေ့မှာ အကြောင်းပြန်ကြားမယ်လို့သိရပါတယ်။
လက်ရှိမှာ ကျောင်းသားပိုမိုလက်ခံနိုင်ရေးအတွက် ဆရာ၊ဆရာမတွေတိုးချဲ့ခေါ်ယူခြင်းနဲ့ အိုင်တီပညာလိုအပ် ချက်ရှိတဲ့ ဆရာ၊ဆရာမတွေကိုသင်တန်းပေးခြင်းတို့ ကို အားချင်းပြုလုပ်နေတယ်လို့ဆိုပါတယ်။
Kaung For You ကျောင်းမှာ NUG ပညာရေးစနစ်အတိုင်း KGတန်းကနေ Grade11 အထိ အွန်လိုင်းကနေ ၂၀၂၀ ခုနစ် မြန်မာနိင်ငံသင်ရိုးကို ကျောရိုးပြုသင်ကြားမှာဖြစ်ပြီးစင်ကာပူနိုင်ငံဒေသသင်ရိုး၊သင်္ချာဘာသာကို ဂျပန်နိုင်ငံ အခြေခံပညာမူလတန်း၊အ လယ်တန်းနဲ့ အထက် တန်းသင်ခန်းစာတွေနဲ့ တွဲဖက် သင်မှာဖြစ်ပါတယ်။
Cambridge English ကို မူလတန်း၊အ လယ်တန်းနဲ့ အထက် တန်းမှာ တစ်ဘာသာ သီးသန့် ထည့်သင်ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။