Kaung For You ကျောင်းမှာ ကျောင်းသားသုံးသောင်းအထိ လက်ခံမယ်

NUGပညာရေးဝန်ကြီးဌာန လက်အောက်ခံ Kaung For You ကျောင်းမှာ ကျောင်းသားသုံးသောင်းအထိ လက်ခံသွားမယ်လို့ တရားဝင်ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
အခုပညာသင်နှစ်မှာ ကျောင်းသားတစ်သောင်းကိုသာ လက်ခံသင်ကြားပေးသွားမယ်လို့ကြေညာထားတဲ့ Kaung For Youကို ကျောင်းအပ်ထားတဲ့ ကျောင်းသားအရေအတွက် ၂၀၀၁၂၆ဦး ရှိနေတဲ့အတွက် Kaung For You ကျောင်းအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကအခုလို ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။
ကျောင်းတက်ခွင့်ရတဲ့ကျောင်းသားတွေကို ဇွန်၁၄ရက်နဲ့ ၁၅ရက်နေ့တို့မှာ ဆက်သွယ်မယ်လို့လည်း ထုတ်ပြန် ထားပါတယ်။
Kaung For You ကျောင်းမှာ NUG ပညာရေးစနစ်အတိုင်း KGတန်းကနေ Grade11 အထိ အွန်လိုင်းကနေ ၂၀၂၀ ခုနစ် မြန်မာနိင်ငံသင်ရိုးကို ကျောရိုးပြုသင်ကြားမှာဖြစ်ပြီး
စင်ကာပူနိုင်ငံဒေသသင်ရိုး၊သင်္ချာဘာသာကို ဂျပန်နိုင်ငံ အခြေခံပညာမူလတန်း၊အ လယ်တန်းနဲ့ အထက် တန်းသင်ခန်းစာတွေနဲ့ တွဲဖက် သင်မှာဖြစ်ပါတယ်။
Cambridge English ကို မူလတန်း၊အ လယ်တန်းနဲ့ အထက် တန်းမှာ တစ်ဘာသာ သီးသန့် ထည့်သင်ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။