Kaung For You ကျောင်းမှာ ကျောင်းသားသုံးသောင်းအထိ လက်ခံမယ်

NUGပညာရေးဝန်ကြီးဌာန လက်အောက်ခံ Kaung For You ကျောင်းမှာ ကျောင်းသားသုံးသောင်းအထိ လက်ခံနိုင်အောင်ကြိုးစားစီစဉ်နေကြောင်း သိရပါတယ်။

အခုပညာသင်နှစ်မှာ ကျောင်းသားတစ်သောင်းကိုသာ လက်ခံသင်ကြားပေးသွားမယ်လို့ကြေညာထားတဲ့ Kaung For Youကို ကျောင်းအပ်ထားတဲ့ ကျောင်းသားအရေအတွက် နှစ်သိန်းနီးပါးရှိနေတဲ့အတွက် ကျောင်း သားပိုမိုလက်ခံနိုင်အောင်အပူတပြင်းကြိုးစားနေတယ်လို့ Kaung For You ကထုတ်ပြန်ပါတယ်။

ကျောင်းတက်ခွင့်ရ၊မရကို ဇွန်၁၀ရက်နေ့မှာ အကြောင်းပြန်ကြားမယ်လို့သိရပါတယ်။

‘ကျွန်တော့်အနေနဲ့ ဒီကလေး အားလုံးကို ကျောင်းလက်ခံနိုင်အောင် ညစဉ်ညဆက် စဉ်းစားရတာလည်း မိုးလင်းတာအခါခါပါ။ဒါကြောင့် ဆရာဆရာမအင်အားတိုးမြှင့်ပြီး

ကျောင်းသား သုံးသောင်း အထိ လက်ခံနိုင်အောင် ကြိုးစားစီစဉ်နေတာ ဖြစ်ပါတယ်’လို့ Kaung For You ရဲ့ အဓိကတာဝန်ရှိသူ ဆရာကောင်းကပြောပါတယ်။

လက်ရှိမှာ ကျောင်းသားပိုမိုလက်ခံနိုင်ရေးအတွက် ဆရာ၊ဆရာမတွေတိုးချဲ့ခေါ်ယူခြင်းနဲ့ အိုင်တီပညာလိုအပ် ချက်ရှိတဲ့ ဆရာ၊ဆရာမတွေကိုသင်တန်းပေးခြင်းတို့ ကို အားချင်းပြုလုပ်နေတယ်လို့ဆိုပါတယ်။

Kaung For You ကျောင်းမှာ NUG ပညာရေးစနစ်အတိုင်း KGတန်းကနေ Grade11 အထိ အွန်လိုင်းကနေ ၂၀၂၀ ခုနစ် မြန်မာနိင်ငံသင်ရိုးကို ကျောရိုးပြုသင်ကြားမှာဖြစ်ပြီး

စင်ကာပူနိုင်ငံဒေသသင်ရိုး၊သင်္ချာဘာသာကို ဂျပန်နိုင်ငံ အခြေခံပညာမူလတန်း၊အ လယ်တန်းနဲ့ အထက် တန်းသင်ခန်းစာတွေနဲ့ တွဲဖက် သင်မှာဖြစ်ပါတယ်။

Cambridge English ကို  မူလတန်း၊အ လယ်တန်းနဲ့ အထက် တန်းမှာ တစ်ဘာသာ သီးသန့် ထည့်သင်ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။