ဂန့်ဂေါလာတဲ့စစ်ယာဉ်တန်းကို မိုင်းဆွဲ၊၅ဦးထက်မနည်း ထိခိုက်မှုရှိ

မကွေးတိုင်း၊ဂန့်ဂေါမြို့ဘက်ဦးတည်လာတဲ့ အကြမ်းဖက်စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၅ဦးထက်မနည်းထိခိုက်မှုရှိခဲ့ကြောင်း ယောPDF ကထုတ်ပြန်ပါတယ်။

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  တပ်ရင်း (၁) ၊ တပ်ခွဲ (၂) ရဲဘော်တွေနဲ့ ကျေးရွာကာကွယ်ရေးအဖွဲ့ဝင်တို့စုစည်းထားတဲ့  ပူးပေါင်းအဖွဲ့ဟာ ဇွန် ၅ ရက်နေ့ ညနေပိုင်းက ဂန့်ဂေါမြို့ဘက် ဦးတည်လာတဲ့  စစ်ယာဉ်တန်းကို ပုလဲ-ဂန့်ဂေါလမ်း ၊မဲရွာအနီးမှာ  

ရှေ့ထွက်မိုင်း (၄) လုံးနဲ့မိုင်းဆွဲခဲ့ရာ (၂) လုံးပေါက်ကွဲခဲ့ပြီး စစ်ကားတစ်စီး ထိခိုက်ပျက်စီးကာ ကားပေါ်ပါ စစ်သား (၅) ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ယောPDFကဒီကနေ့ထုတ်ပြန်ပါတယ်။

မိုင်းထိတဲ့စစ်ကားပေါ်က အော်ဟစ်ညီးညူသံတွေကိုကြားခဲ့ရပေမဲ့

သေဆုံးမှုအခြေအနေကိုတော့ မသိရသေးဘူးလို့ ထုတ်ပြန်ပါတယ်။

အဲဒီစစ်ယာဉ်တန်းဟာ  ဇွန်လ(၅)ရက် ညနေပိုင်းက ဂန့်ဂေါမြို့ကို ဝင်ရောက်ခဲ့ပြီး ဇွန်လ (၆) ရက်နေ့ နံနက်ပိုင်းမှာလာလမ်းအတိုင်း နောက်ကြောင်း ပြန်လှည့်သွားခဲ့ပါတယ်။

စစ်ယာဉ်တန်းလာရာ လမ်းတစ်လျှောက်ရှိ နေအိမ် (၃) လုံးကို မီးရှို့ခံခဲ့ရပြီး ဇွန်လ (၅)ရက်နေ့က အရပ်သား (၅) ဦးဖမ်းဆီးခံခဲ့ရကာ  ဒီနေ့ထိ ပြန်လွတ်လာခြင်း မရှိသေးပါဘူး။

အကြမ်းဖက်စစ်တပ်ဟာ ပထဝီအနေအထားအရ အချက်အချာကျ အရေးပါတဲ့  ယောဒေသကို မြေပြင် ဝေဟင်ပေါင်းကာ အကြီးအကျယ် ထိုးစစ်ဆင်နေကြောင်း ယောPDFက ထုတ်ပြန်ထားပါတယ်။