မေလအတွင်းစစ်တပ်မီးရှို့လို့ပျက်စီးသွားတဲ့လူနေအိမ် ၇၀၀၀ကျော်ရှိပြီး စံချိန်တင်မြင့်တက်

အကြမ်းဖက်စစ်တပ်မီးရှို့လို့ ပျက်စီးသွားတဲ့ လူနေအိမ်အရေအတွက်ဟာ မေလအတွင်းစံချိန်တင်မြင့်တက်ခဲ့ပြီး၇၀၀၀ကျော်ရှိကြောင်း Data for Myanmar ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
အကြမ်းဖက်စစ်တပ်မီးရှို့ဖျက်ဆီးခံရမှုအများဆုံးလဖြစ်ခဲ့တဲ့ ၂၀၂၂ဧပြီမှာ မီးရှို့ခံရတဲ့အိမ် ၃၈၃၇လုံးရှိခဲ့ရာက နေ မေလမှာ မီးရှို့ခံရတဲ့ အိမ်၇၁၄၆လုံးအထိ ရှိခဲ့ကြောင်း Data for Myanmar ရဲ့ဒီကနေ့ထုတ်ပြန်ချက်အရ သိရပါတယ်။
၂၀၂၁ဖေဖေါ်ဝါရီ၁ရက်နေ့ကနေ ၂၀၂၂မေ၃၁ရက်နေ့အထိ အကြမ်းဖက်စစ်တပ်မီးရှို့လို့ပျက်စီးခဲ့တဲ့ပြည်သူ့နေ အိမ်စုစုပေါင်းမှာ ခန့်မှန်းခြေ၁၈၈၈၆လုံးရှိခဲ့ပြီး နေရာပေါင်း၄၃၅နေရာလောက်မှာ ဖြစ်ပွားခဲ့တာပါ။
‘မေလထဲမှာ စစ်ကိုင်းတိုင်းတစ်ခုလုံးနီးပါး မီးဟုန်းဟုန်းတောက်ခဲ့ရပါတယ်။စစ်ခွေးတွေဟာ ရည်ရွယ်ချက်ရှိရှိ နဲ့ ပြည်သူတွေရဲ့အိမ်တွေကို ရှို့နေတာပါ။
အခုမေလထဲမှာ ရှို့ခဲ့တဲ့ အိမ်အရေအတွက်များလာတာကြည့်ရင် စစ် ခွေးတွေရဲ့ ရည်ရွယ်ချက် ပိုပက်စက်လာတာတွေ့ရပါမယ်။လုံးဝမလျှော့ဘူး၊လုပ်ချင်ရာလုပ်မယ်ဆိုတာ ပိုပေါ် လွင်ပါတယ်’လို့ စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်အခြေစိုက် ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်ရဲဘော်ပေ ကပြောပါတယ်။
၂၀၂၂မေ၃၁ရက်နေ့အထိ စစ်ကိုင်းတိုင်းအတွင်း အိမ်၁၃၈၄၀လုံး မီးရှို့ခံခဲ့ရပြီး တစ်နိုင်ငံလုံးမှာ အများဆုံးဖြစ်ပါတယ်။ဒုတိယအများဆုံးမှာ မကွေးတိုင်းဖြစ်ပြီး ၃၀၅၅လုံး မီးရှို့ခံခဲ့ရပါတယ်။
အိမ်မီးရှို့ခံရတာနဲ့ပတ်သက်ပြီး မပြည့်စုံတဲ့အချက်အလက်တေွကိုချန်ထားတာဖြစ်လို့ မြေပြင်အိမ်မီးရှို့ခံရတဲ့ အရေအတွက်ဟာ အခုထုတ်ပြန်တာထက် ပိုများနိုင်တယ်လို့ Data for Myanmar ကဆိုပါတယ်။