ရန်ကုန်မှာ စစ်ရေးအရှိန်မြှင့်တင်မယ်လို့ Soul Takers UG အဖွဲ့ထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ တော်လှန်တိုက်ခိုက်ရေးအရှိန်ကို မြှင့်တင်လုပ်ဆောင်သွားမယ်လို့ Soul Takers (Yangon Underground Force)က စစ်ရေးအမိန့်တစ်ခု ဒီကနေ့ ဇူလိုင်လ ၂၅ရက်နေ့ ညနေပိုင်းမှာထုတ်ပြန်လိုက်ပါတယ်။
တော်လှန်တိုက်ခိုက်ရေးအရှိန်တွေ ဆက်လက်မြှင့်တင်လုပ်ဆောင်မှာဖြစ်တဲ့အတွက် ရန်ကုန်နေ ပြည်သူလူထု အနေနဲ့ သွားလာနေထိုင်မှုမှာ သတိဝီရိယထား သွားလာနေထိုင်နိုင်ကြိဖို့ကိုလည်း Soul Takers UG အဖွဲ့က တိုက်တွန်းထားပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်တပ်ရဲ့အောက်ခြေဌာနအသီးသီးက အခြေခံ Non CDM ဝန်ထမ်းတွေဖြစ်တဲ့ EPC ၊ စည်ပင်၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေ ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေ ၊ ပျူစောထီးတွေ၊ သွေးသောက်အဖွဲ့ဝင်တွေ၊ စွန်ရဲအဖွဲ့ အမည်ခံ မဘသ အဖွဲ့တွေနဲ့ ပြည်သူထံ လက်နက်ပြ ခြိမ်းခြောက်ပြီး ဓားပြတိုက် ၊လုယက်ရမ်းကားနေသူတွေကို သတိပေးစားထုတ်ပြန်ပြီးဖြစ်တာကြောင့် ပြည်သူကလွဲပြီး အကြမ်းဖက်စစ်တပ်နဲ့ပူးပေါင်းနေတဲ့ ဘယ်အဖွဲ့အစည်းကိုမဆို ထိရောက်စွာ ရှင်းလင်း ဖယ်ရှားတော့မယမလို့လည်း ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
ဒါ့အပြင် ရှင်းလင်းရေးလုပ်ဆောင်ရာမှာ ဝင်ရောက်နှောင့်ယှက်တာ၊တားဆီးတာတွေ မပြုလုပ်ကြဖို့နဲ့ အကြမ်းဖက်စစ်တပ်ကို သတင်းပေးတာ၊လိုက်ပါကူညီဖမ်းဆီးပေးတာတွေလုပ်ဆောင်ပါက ပူးတွဲရှင်းလင်းခံရမယ်လို့လည်း Soul Takers (Yangon Underground Force)အဖွဲ့က ထုတ်ပြန်ချက်မှာဆိုထားပါတယ်။