ခရမ်းမှာ စစ်ကား ချောင်းထဲကျ၊ အသေအပျောက်များနိုင်

Photo-ခရမ်းချန်နယ်
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်း ဒီနေ့မနက်ပိုင်းမှာ စစ်ကားတစ်စီးချောင်းထဲ ထိုးကျခဲ့ရာ အသေအပျောက် များနိုင်ကြောင်း သိရပါတယ်။
ဒီနေ့ မနက် ၅ နာရီလောက်မှာ ခရမ်းမြို့နယ်၊ ကမာကလူရွာလမ်းမထိပ်ကနေ စစ်ဆေးပြီးအပြန် ကမာကလူကျောက်တံတားအရောက်စစ်ကား ချောင်းထဲ ထိုးကျသွားခြင်းဖြစ်ကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်က ဖော်ပြပါတယ်။
‘မြင်တဲ့လူတွေ ပြောတာရော ဆေးရုံဝန်ထမ်းတွေရဲ့ သတင်းပေးပို့ချက်တွေအရ ချောင်းထဲကျပြီး သေတာများ တယ်လို့သိရတယ်။ ကျည်ဆန်ဖိုးမကုန်ဘဲ အခုလို စစ်ခွေးတွေသေတယ်ကြားလို့ ခရမ်းပြည်သူတွေ ဝမ်းသာနေကြတယ်’ လို့ ခရမ်းမြို့ပေါ်နေ တက်ကြွလှုပ်ရှားသူတစ်ဦးကပြောပါတယ်။
ခရမ်းဆေးရုံပေါ် ဒဏ်ရာရ စစ်သားနဲ့ သေဆုံးအလောင်းတွေ အများအပြားရောက်ရှိနေတယ်လို့ ဆေးရုံဝန်ထမ်းတစ်ဦးကပြောကြောင်း ခရမ်းချန်နယ်က ဖော်ပြပါတယ်။