ဒေသအလိုက် သတင်းကဏ္ဍ

ပုလဲမြို့နယ်အတွင်း ရဲကိုလိုင်းကြေးပေးပြီး စီးပွားဖြစ်ဂျင်ဝိုင်းတွေဖွင့်နေ

၁၅၊ အောက်တိုဘာလ၊ ၂၀၂၁။ အာဏာသိမ်းပြီးချိန်ကစလို့ စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်အတွင်းက ရွာအချို့မှာ ရဲကိုလိုင်းကြေးပေးပြီး စီးပွား ဖြစ် ဂျင်ဝိုင်းတွေဖွင့်နေကြတယ်လို့သိရပါတယ်။ ပုလဲမြို့နယ်၊မွေ့တုံ၊သရက်ခြံဝိုင်းနဲ့ ပန်းရွာဝိုင်းတို့မှာ ဂျင်ဝိုင်းရှိပြီး သရက်ခြံဝိုင်းကဂျင်ဝိုင်းဟာ အကြီးဆုံး ဖြစ်တယ်လို့ ပုလဲဒေသခံတွေက ဆိုပါတယ်။ ‘ဒီလောက် တိုက်ပွဲတွေဖြစ်နေတာတောင် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုကပုသိမ်-ချောင်းသာကားလမ်းဘေးတောတွေကို နေ့စဥ်ရှာဖွေရေးလုပ်နေ

၁၅၊ အောက်တိုဘာလ၊ ၂၀၂၁။ ဧရာ၀တီတိုင်း ပုသိမ်မြို့နယ် ပုသိမ်ချောင်းသာကားလမ်းဘေးက သစ်တောတွေထဲကို အကြမ်းဖက်စစ်အုပ်စုက နေ့စဥ်အင်အားသုံးရှာဖွေမှုတွေ ပြုလုပ်နေတယ်လို့ဆိုပါတယ်။ အောက်တိုဘာလ၁၃ရက်နေ့ ညထဲက စတင်ရှာဖွေနေတာဖြစ်ပြီး တောထဲမှာ မသင်္ကာစရာကားတစ်စီးနဲ့ လူတချို့တွေ့တယ်လို့ ဒလန်တွေက သတင်းပေးလို့ ခုလိုရှာနေတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုလဲတောင်ပေါ်ဒေသက တောထဲတိမ်းရှောင် လူ ၆၀၀၀ကျော် ရာသီတုပ်ကွေးဒဏ်ခံနေရ

၁၅၊ အောက်တိုဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ် တောင်ပေါ်ဒေသက ရွာ၂၀ကျော်ဟာ တောထဲကိုထွက်ပြေးတိမ်းရှောင်နေရပြီး ရာသီတုပ်ကွေးဖြစ်ပွားမှုနှုန်းလည်း မြင့်တက်နေတယ်လို့ သိရပါတယ်။ ပုလဲမြို့နယ်၊ပုလဲ-ဂန့်ဂေါကားလမ်းမ တောင်ဘက်ခြမ်းက တောင်ပေါ်ရွာ၂၀ကျော်ထဲကကန့်ဒေါင့်ရွာ၊ ၅၅မိုင်စ ခန်းရွာနဲ့ ပုံတောင်နတ်ထိပ်ရွာတို့မှာ အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေ စခန်းချနေတာကြောင့် ဒေသခံတွေ ဟာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မော်လမြိုင်ကျွန်းမြို့က စစ်အုပ်စုရဲ့ ရပ်ကျေးစာရေးတစ်ဦး အပစ်ခံရပြီးသေ

၁၅၊ အောက်တိုဘာလ၊ ၂၀၂၁။ မော်လမြိုင်ကျွန်းမြို့နယ် မအူပင်-မော်လမြိုင်ကျွန်းကားလမ်းပေါ်မှာ အောက်တိုဘာလ ၁၅ရက်နေ့ မနက် ၈နာရီခန့်က အကြမ်းဖက်စစ်အုပ်စုရဲ့ ရပ်ကျေးစာရေးတစ်ဦး သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။ မအူပင်မြို့မှာ အစည်းအဝေးတက်ပြီး ပြန်လာတဲ့ စစ်အုပ်စုရဲ့ သတင်းပေးလို့ ဒေသခံတွေကြား [ဆက်လက်ဖတ်ရှုရန်]

No Picture
ဒေသအလိုက် သတင်းကဏ္ဍ

ခရမ်းမြို့ပေါ် သေနတ်သံတွေဆူညံ

၁၅ ၊ အောက်တိုဘာလ ၊ ၂၀၂၁ ။ ရန်ကုန်တိုင်း၊ခရမ်းမြို့ပေါ်မှာ မနေ့ညဦးပိုင်းက သေနတ်သံတွေဆူညံခဲ့ပေမဲ့ အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့ဝင်တွေက မိုးပေါ်ထောင်ပစ် ခြိမ်းခြောက်တာသာဖြစ်တယ်လို့ သိရပါတယ်။   မနေ့ည ၉နာရီဝန်းကျင်က ခရမ်းမြို့ရဲစခန်း၊အားကစားရုံ၊ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးရုပ်တုနဲ့ ဒေးပေါက် စစ်ဆေးရေးဂိတ်တို့မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

နိုင်ငံရေးကနေနုတ်ထွက်ပြီး စစ်တပ်ရဲ့ဂုဏ်သိက္ခာကျဆင်းမှုကိုကယ်တင်ဖို့ ကေအဲန်ယူတောင်းဆို

၁၅ ၊အောက်တိုဘာလ ၊ ၂၀၂၁ ။ စစ်တပ်ရဲ့ဂုဏ်သိက္ခာကျဆင်းမှုကို ကယ်တင်တဲ့အနေနဲ့ နိုင်ငံရေးထဲ ပါဝင်နေမှုကနေ နုတ်ထွက်ကြောင်း ကြေညာဖို့ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)ကထုတ်ပြန်လိုက်ပါတယ်။ အောက်တိုဘာ၁၅ရက်နေ့၊တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)လက်မှတ်ရေးထိုးမှု(၆)နှစ်မြောက် ကြေညာချက်မှာ အဲဒီလိုထည့်သွင်းဖော်ပြထားပါတယ်။ စစ်တပ်အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်ရေး ကတိကဝတ်ပြုမှုကို တရားဝင်ကြေညာချက်ထုတ် ပြန် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုသိမ်မြို့မှာ ဒလန်လို့နာမည်ကြီးသူတစ်ဦး အပစ်ခံရ

၁၄၊ အောက်တိုဘာလ၊ ၂၀၂၁။ ပုသိမ်မြို့ တဂေါင်းဘုရားအနီးမှာ အောက်တိုဘာလ ၁၄ရက်နေ့ ည ၇နာရီ ၃၀မိနစ်ခန့်မှာ ဒလန်လို့နာမည်ကြီးနေသူ အမျိုးသားတစ်ဦး သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။ အပစ်ခံခဲ့ရသူဟာ အမှတ်(၈)ရပ်ကွက် မငြိမ်းလှကုန်းမှာ နေထိုင်တဲ့ ကြံ့ဖွံပါတီဝင် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကယားပြည်နယ်အတွင်း တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး စစ်အုပ်စုဝင် ၃ဦးသေ

၁၄၊ အောက်တိုဘာလ၊ ၂၀၂၁။ ကယားပြည်နယ်(ကရင်နီ)အတွင်းမှာ တိုက်ပွဲတွေ နေရာအနှံဆက်လက်ဖြစ်ပွားနေပြီး အောက်တိုဘာလ ၁၄ရက်နေ့က ဝမ်လထွားကျေးရွာအနီး တိုက်ပွဲမှာ စစ်အုပ်စုက ၃ဦး သေဆုံးခဲ့တယ်လို့ KNDFက သတင်းထုတ်ပြန်လိုက်ပါတယ်။ မနက် ၈နာရီ ၃၀မိနစ်ခန့်မှာ ၆မိုင် ဘက်သလင်နဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပြင်စလူရေလုပ်သားတွေဆီက ဆက်ကြေးတောင်းနေတဲ့ စစ်အုပ်စု တပ်ချိန်း

၁၄၊ အောက်တိုဘာလ၊ ၂၀၂၁။ လပွတ္တာမြို့နယ် ပြင်စလူမြို့မှာ ရေလုပ်သားနဲ့ ဒေသခံတွေဆီက ဆက်ကြေးတောင်းနေတဲ့ အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ အမှတ် ၆၆ တပ်ရင်းမှ တပ်စုတစ်စုအစား အမှတ် ၉၃ တပ်ရင်းမှ တပ်စုတစ်စုကို အစားထိုး ချထားလိုက်တယ်လို့ သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်တိုင်းအတွင်း ထိရောက်တဲ့စစ်ရေးပစ်မှတ်တွေကို ကွပ်ကဲရေးအဖွဲ့ သတ်မှတ်ပေး

၁၄၊ အောက်တိုဘာလ၊ ၂၀၂၁။ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့အနေနဲ့ ထိရောက်တဲ့ စစ်ရေးပစ်မှတ်တွေသတ်မှတ်ပြီး အကြမ်းဖက်စစ်အုပ်စုတပ်တွေကို ခုခံတွန်းလှန်နေတယ်လို့ သိရပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနဟာ နိုင်ငံတော် အရေးပေါ် အခြေအနေကြေညာပြီးနောက် စစ်အုပ်စုရဲ့ ရက်စက်မှုတွေကို ရန်ကုန်တိုင်းအတွင်း ထိရောက်စွာခုခံတွန်းလှန် ကာကွယ် ပေးနိုင်ဖို့ ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ကို [ဆက်လက်ဖတ်ရှုရန်]