မော်လမြိုင်ကျွန်းမြို့က စစ်အုပ်စုရဲ့ ရပ်ကျေးစာရေးတစ်ဦး အပစ်ခံရပြီးသေ

၁၅၊ အောက်တိုဘာလ၊ ၂၀၂၁။

မော်လမြိုင်ကျွန်းမြို့နယ် မအူပင်-မော်လမြိုင်ကျွန်းကားလမ်းပေါ်မှာ အောက်တိုဘာလ ၁၅ရက်နေ့ မနက် ၈နာရီခန့်က အကြမ်းဖက်စစ်အုပ်စုရဲ့ ရပ်ကျေးစာရေးတစ်ဦး သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။

မအူပင်မြို့မှာ အစည်းအဝေးတက်ပြီး ပြန်လာတဲ့ စစ်အုပ်စုရဲ့ သတင်းပေးလို့ ဒေသခံတွေကြား နာမည်ကြီးနေတဲ့ ကျော်ဇံကျေးရွာက ရပ်ကျေးစာရေး ကိုအေးသွင်ကို ဘိုကလေးနဲ့ မော်ကျွန်း PDFတို့ ပူးပေါင်းကာ ရှင်းလင်းပစ်ခဲ့တာလို့ ဘိုကလေး PDFက သတင်းထုတ်ပြန်ထားပါတယ်။

“လမ်းမှာတင် အပစ်ခံရတာ နားထင်ကို တည့်တည့်ပဲ၊ သူက ကျော်ဇံမှာ ရပ်ကျေးစာရေးတင်မကဘူး သတင်းပေးလဲ လုပ်နေတာ၊ တပ်ကို ရွာကို မကြာမကြာခေါ်လာပြီးတော့ ရွာကိုခြောက်တတ်တဲ့သူ အဲ့ဒါမို့ အပစ်ခံရတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

မော်လမြိုင်ကျွန်းမြို့မှာ အောက်တိုဘာလ ၇ရက်နေ့ကလည်း စစ်အုပ်စု သတင်းပေးဒလန်လို့ဆိုသူတစ်ဦး ဓားထိုးခံပြီး သေဆုံးသွားခဲ့ပါတယ်။

Delta News Agency

Read Previous

အတိုင်ပင်ခံနဲ့နိုင်ငံတော်သမ္မတရုံးချိန်းသတင်းတွေကို မထုတ်ပြန်ဖို့ ရှေ့နေအဖွဲ့ကို တားမြစ်

Read Next

ရုရှားနဲ့ တရုတ် ပူးပေါင်းပြီး ဂျပန်ပင်လယ်ပြင်မှာ စစ်ရေးလေ့ကျင့်