ဒီနေ့ မေလ ၂၂ ရက်နေ့မှာကလေးမြို့ ပင်မသပိတ်စစ်ကြောင်းဟာ ရက်ပေါင်း ၄၆၉ ရက်မြောက်နေ့အဖြစ် ချီတက်သပိတ်မှောက်ခဲ့ကြပါတယ်၊၊ အဲဒီသပိတ်စစ်ကြောင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေနဲ့ အတူ စစ်အုပ်စုရဲ့ဝင်ငွေဖြတ်တောက်ရေး သွေးစွန်းငွေဖြတ်တောက်ရေး အတွက်လှုပ်ရှား တောင်းဆိုကြွေးကြော်ခဲ့ကြပြီး လူစုခွဲခဲ့ကြတယ်လို့ သိရပါတယ်။
Read Moreစစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ်၊မိုးကောင်းရွာမှာ စခန်းချထားတဲ့ အကြမ်းဖက်စစ်တပ်နဲ့ တစ်နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အမျိုးသားတော်လှန်ရေးပြောက်ကျားတပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။ မိုးကောင်းကျေးရွာမှာ အကြမ်းဖက်စစ်အင်အား၁၀၀ဝန်းကျင်ရှိပြီး မေ၂၂ရက်နေ့ ည၇နာရီကနေ၈နာရီအထိ ရှော့တိုက်ဒုံး၊လက်နက်ကြီး၊လက်နက်ငယ်တို့နဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ရာ အကြမ်းဖက်စစ် တပ်ဘက်ကသေဆုံးထိခိုက်မှုရှိပေမဲ့ အရေအတွက်ကို မသိရှိရသေးဘူးလို့ ထုတ်ပြန်ပါတယ်။ အဲဒီတိုက်ပွဲကို အမျိုးသားတော်လှန်ရေးပြောက်ကျားတပ်ရင်းနဲ့အတူ ဒေသတွင်း တော်လှန်ရေးအင်အားစုအ ချို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။
Read Moreမိုးဗြဲမြို့အနီးရှိ ၊ဝှါရီဆူးပလိုင်ကျေးရွာမှ စစ်ဘေးရှောင်ပြည်သူတွေ စားနပ်ရိက္ခာပြန်ယူနိုင်ဖို့ လုံခြုံရေးယူ ပေး စဥ် စစ်အုပ်စုတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်- MBPDF က ထုတ်ပြန်ပါတယ်။ စစ်ရှောင်ကာလ ကြာလာသလိုအစားအသောက်တွေခက်ခဲလာတာကြောင့်နေအိမ်တွေမှာ စားနပ်ရိက္ခာတွေ ပြန်ယူလိုကြောင်း အကူ အညီတောင်းခံလာသည့်အတွက် မိုးဗြဲ ပြည်သူ့ကာကွယ်ရေး တပ်မှ လုံခြုံရေး အဖြစ် လိုက်ပါဆောင်ရွက်ခဲ့ပြီး လုံခြုံရေးယူပေးနေစဥ် မနေ့ကမေလ ၂၂ရက်နေ့ညနေ ၄ နာရီခန့်မှာ ဝှါရီဆူးပလိုင်ရွာအတွင်း တပ်စွဲထားတဲ့ စစ်အုပ်စုတပ်တွေနဲ့ မိနစ် ၃၀ခန့်…
Read Moreပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ သမ္မတရုံးညွန်ကြားရေးမှုးချုပ်အဖြစ်တာဝန်ယူခဲ့သူ ဦးဇော်ဌေးဟာ ဒီနေ့ မနက်ပိုင်းမှာပဲ နှလုံးရပ်ပြီး ရုတ်တရက်သေဆုံးခဲ့ပြီလို့ နီးစပ်သူတဦးက DNA ကိုပြောပါတယ် ။ “ဒီမနက် မိုးလင်းမှ နှလုံးရပ်ပြီး သေဆုံးနေတာ တွေ့ရတာ ၊ အာဏာသိမ်းပြီး နောက်ပိုင်းမှာ အရက်နဲ့ ကော်ဖီ ၊ ဆေးလိပ်တွေ အရမ်းသောက်တာ ၊ အခုက နေပြည်တော်က သူ့အိမ်မှာ တယောက်ထဲ နေနေတာ ၊ မနက်မိုးလင်းတော့ နှလုံးရပ်ပြီး သေနေတာတွေ့တာ”…
Read Moreဂျပန်အစိုးရအနေနဲ့ မြန်မာစစ်တပ်အရာရှိတွေကို စစ်သင်တန်းပေးတာ ချက်ချင်းရပ်ဆိုင်းသင့်ပြီလို့ Justice For Myanmar ကတောင်းဆိုလိုက်ပါတယ်။ ဂျပန်နိုင်ငံမှာ စစ်သင်တန်းတက်ခဲ့တဲ့ လေတပ် ဒုတိယဗိုလ်မှူးကြီး တစ်ဦးကို မကွေးတိုင်းအတွင်း ကြီးလေးတဲ့ချိုးဖောက်မှုတွေမှာ ပါဝင်ကျူးလွန်ထားတဲ့ တပ်ဖွဲ့တွေနဲ့ တာဝန်ထမ်းဆောင်နေတာတွေ့ရ ကြောင်း Human Rights Watch နဲ့ Justice For Myanmar တို့က ဒီကနေ့ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ All Japan Defense Association နဲ့ ကာကွယ်ရေးဝန်ကြီးဌာန မှတ်တမ်း…
Read Moreမကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ဟာ ရွာ ၇ ရွာထဲက ခန့်မှန်း အိမ် ၁၇၀၀ လောက်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်တပ်က မေ ၁၂ ရက်နေ့ကစပြီး ဒီနေ့ထိတိုင်မြိုင်မြို့နယ် တခွင်လုံးကို စစ်ကြောင်းထိုးနေပြီး ရွာတွေထဲ ကောင်းတာမှန်သမျှ အကုန်လုယက်ပြီးမှ မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း မြိုင်မြို့နယ် ထောက်ပို့ရဲဘော်တစ်ဦးကပြောပါတယ်။ ‘ရွာထဲဝင်ပြီဆိုတာနဲ့ ရွာသားတွေလည်း ထွက်ပြေးနေကြရတော့ ပစ္စည်းတွေ ကောင်းတာမှန်သမျှ အကုန်လုယက်တယ်။ မလိုချင်တာ ဖျက်ဆီးတယ်။ အိမ်တွေကို မထင်ရင်မထင်သလို…
Read Moreစစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ဝက်ပြစ်ရွာက စစ်သတင်းပေးအဖြစ် အများကသတ်မှတ်ထားသူ ၂ ဦးကို အမည်မသိအဖွဲ့က ရှင်းလင်းလိုက်တယ်လို့ သိရပါတယ်။ မေလ ၂၁ ရက်နေ့ မနက်ပိုင်းမှာ ဝက်ပြစ်ရွာနေ သတင်းပေးလို့နာမည်ထွက်နေသူ ရွှေမောင်းကို ရှင်းလင်းခဲ့ပါတယ်။ ရွှေမောင်းဟာ စစ်သားတွေ လာရောက်ရင် ထမင်း၊ ဟင်းနဲ့ စားနပ်ရိက္ခာတွေကို ချက်ပြုတ်ကျွေးမွေး ထောက်ပံ့ပို့ဆောင်သူဖြစ်ကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေး စာမျက်နှာ အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ဆိုပါတယ်။ မေလ ၂၀ ရက်…
Read Moreစစ်ကိုင်းတိုင်း မင်းကင်းမြို့ မြစ်ရိုးအောက်ဖက်မှာရှိတဲ့ ကျေးရွာ ၁၀ရွာခန့်ကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ပြည်သူတွေရဲ့ နေအိမ် ၂၀၀ ကျော် မီးလောင်ပျက်စီးသွားခဲ့တယ်လို့ မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။ မနေ့က မေလ ၂၁ ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ရေယာဉ်တွေ ရေမြှုပ်မိုင်းနဲ့ အတိုက်ခံရအပြီးမှာ မြစ်ကမ်းဘေးတလျှောက်မှာရှိတဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တာပဲဖြစ်ပါတယ်။ “၁၀ ရွာလောက်ကို မီးရှို့သွားတယ်၊ တစ်ရွာဆို အိမ်ခြေ ၂၀ လောက်ပဲကျန်တယ် ရွာလုံးကျွတ်မီးရှို့ပစ်လိုက်ကြတာ၊ ဒီမနက်မှာလဲ နှင်းကြီး၊…
Read Moreမကွေးတိုင်း၊ ဂန့်ဂေါမြောက်ပိုင်း၊ စမ်းမြို့ရွာအနီး ထိတွေ့တိုက်ပွဲမှာ ကင်းထောက်တက်လာတဲ့ စစ်သားနဲ့ပျူစောထီး ၅ ဦးကို ရှင်းလင်းနိုင်ခဲ့တယ်လို့ ဂန့်ဂေါ PDF က ထုတ်ပြန်ပါတယ်။ မေလ၂၁ ရက်နေ့ မွန်းလွဲပိုင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးပူးပေါင်းထိုးလာတဲ့စစ်ကြောင်းနဲ့ ဂန့်ဂေါ PDF တပ်ရင်း (၁) တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအချိန် ၂ နာရီလောက်ကြာကာ စစ်တပ်ဘက်က ဒဏ်ရာရသူတွေလည်းများကြောင်း ထုတ်ပြန်ပါတယ်။ အထိနာလာတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၆၀ မမနဲ့ ၁၂၀…
Read Moreဧရာဝတီတိုင်း ဘိုကလေးမြို့နယ် စက်ဆန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကြည်ဝင်းရဲ့ နေအိမ်မှာ ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး ဦးကြည်ဝင်း ဒဏ်ရာ အနည်းငယ် ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မေလ ၂၂ ရက်နေ့ မနက်ပိုင်းက ဦးကြည်ဝင်းရဲ့ နေအိမ်ရှေ့မှာ ဗုံးလို့ယူဆရတဲ့ အထုတ်တစ်ခုကို တွေ့တာကြောင့် စစ်အုပ်စုကို ဖုန်းဆက်သတင်းပေးနေချိန်မှာ ထပေါက်ကွဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “အဲ့လူလုပ်လို့ အဖမ်းခံထားရတဲ့ သူတွေ မနည်းဘူး၊ ရွာမှာ ပြည်သူ့စစ်ဖွဲ့တော့လဲ သူပဲ…
Read More