ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး(ငြိမ်း) ကွယ်လွန်

ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး(ငြိမ်း) ကွယ်လွန်

၁၃၊ အောက်တိုဘာလ၊ ၂၀၂၁။ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး(ငြိမ်း) ဦးတင်စောဟာ အောက်တိုဘာလ ၁၂ရက်နေ့ ည ၁၀နာရီအချိန်မှာ ကွယ်လွန်သွားခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေထံက သိရပါတယ်။ ဝန်ကြီး(ငြိမ်း)ဦးတင်စောဟာ အကြမ်းဖက်စစ်အုပ်စုက စတင်အာဏာသိမ်းယူချိန်မှာ ထိန်းသိမ်းခံထားရပြီးနောက်မှာ ကျန်းမာရေးကြောင့် ရန်ကုန်ဆေးရုံကြီးမှာ ဆေးဝါးကုသမှု ခံယူနေစဉ် ဆုံးပါးသွားခဲ့တာလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။ “အကြောင်းရာတွေတော့ မေးလို့အဆင်မပြေဘူး၊ ဒီနေ့မှ ဝန်ကြီးနာရေးကို မြောင်းမြမြို့မှာ မိုက်နဲ့လိုက်အော်လို့ သိရရင်း စုံစမ်းကြည့်တာမှာ ရန်ကုန်မှာဆေးကုသရင်း…

Read More
ထိုးစစ်သတင်းကြောင့် ယင်းမာပင်ပြည်သူတွေ သတိရှိကြဖို့ PDF ပြော

ထိုးစစ်သတင်းကြောင့် ယင်းမာပင်ပြည်သူတွေ သတိရှိကြဖို့ PDF ပြော

၁၃၊ အောက်တိုဘာလ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုဟာ အောက်တိုဘာ၁၅ရက်နေ့မှာ ထိုးစစ်ဆင်မယ်လို့ သတင်းရရှိထားတဲ့အတွက် ပြည်သူတွေအနေနဲ့ လုံခြုံရေးသတိရှိကြဖို့ စစ်ကိုင်းတိုင်း၊ယင်းမာပင်ပြည်သူ့ကာကွယ်ရေးတပ်က ဒီနေ့ထုတ်ပြန်လိုက် ပါတယ်။ ဒါ့ကြောင့် စစ်အုပ်စုစခန်းချရာနေရာအနီးနဲ့ လမ်းဘေးဝဲယာနေထိုင်ကြတဲ့ပြည်သူတွေအနေနဲ့ ဘေး လွတ်ရာကိုပြောင်းရွှေ့နေထိုင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။ ‘၁၅ရက်နေ့ဆိုတာ ကျွန်တော်တို့လည်းသတင်းကြားပါတယ်။သတိရှိဖို့လည်းလိုပါတယ်။အခုလောလော ဆယ်ကတော့ ချင်းပြည်နယ်မှာ စစ်တပ်ကအင်အားအလုံးအရင်းနဲ့ရောက်နေပြီ။ထန်တလန်ကိုလည်း တိုက်နေပြီလို့ သတင်းကြားရတော့ ထိုးစစ်ဟာ ချင်းပြည်နယ်ကို စမယ်ထင်ပါတယ်’လို့ ယင်းမာပင် အ ခြေစိုက် ပြောက်ကျားရဲဘော်တစ်ဦးကသုံးသပ်ပါတယ်။ ချင်းပြည်နယ်သို့ ထောက်ပို့လမ်းကြောင်းမှာ  ချင်းတွင်းမြစ်အနောက်ဘက်ကမ်းတည်ရှိနေတာကြောင့်…

Read More
စစ်ကိုင်းတိုင်းဟာ ရပ်​ကျေးအုပ်ချုပ်​ရေးအဖွဲ့ဝင် နုတ်ထွက်မှု အများဆုံးဖြစ်

စစ်ကိုင်းတိုင်းဟာ ရပ်​ကျေးအုပ်ချုပ်​ရေးအဖွဲ့ဝင် နုတ်ထွက်မှု အများဆုံးဖြစ်

၁၃၊ အောက်တိုဘာလ၊၂၀၂၁။ စစ်ကိုင်းတိုင်းဟာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေ နုတ်ထွက်မှုအများဆုံးဖြစ်တယ်လို့ စစ်တမ်းအရ သိရပါတယ်။ အောက်တိုဘာ၁၁ရက်နေ့အထိ ကောက်ယူထားတဲ့ စစ်တမ်းအရ စစ်ကိုင်းတိုင်းမှာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်၁၆၂ဉီး နုတ်ထွက်ထားပြီး ဒုတိယအများဆုံးကတော့ ၉၇ဦးနုတ်ထွက် ထားတဲ့ရန်ကုန်တိုင်းဖြစ်ပါတယ်။ တတိယအများဆုံးမှာ ၅၈ဦးနုတ်ထွက်ထားတဲ့မကွေးတိုင်းဖြစ်ပြီး ပဲခူးတိုင်း-အယောက်၂၀၊ ကရင်ပြည်နယ်၁၀ဦး၊ရခိုင်ပြည်နယ်-၇ဦး၊ ချင်းပြည်နယ်-၄ဦး၊ဧရာဝတီတိုင်း၊ကချင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ၂ဦးစီနဲ့ ရှမ်းပြည်နယ်(တောင်ပိုင်း)နဲ့ တနသ်ာရီတိုင်းတို့မှာ တစ်ဦးစီ ဖြစ်ပါတယ်။ ‘ကျွန်တော်တို့ရန်ကုန်တိုင်းမှာဆိုရင် ခရမ်းမြို့နယ်မှာ အုပ်ကြီးတွေအများဆုံးထွက်တာတွေ့ရတယ်။ဒါကလည်း ဒေသခံ PDF တွေရဲ့ စွမ်းဆောင်ရည်နဲ့ တိုက်ပွဲ…

Read More
ရေစကြိုမှာ စစ်ကားမိုင်းထိ၊တစ်ဦး ပွဲချင်းပြီးသေ

ရေစကြိုမှာ စစ်ကားမိုင်းထိ၊တစ်ဦး ပွဲချင်းပြီးသေ

၁၃၊ အောက်တိုဘာလ၊ ၂၀၂၁။ မကွေးတိုင်း၊ရေစကြိုမြို့နယ်အတွင်း စစ်ကားတစ်စီးမိုင်းထိခဲ့ရာ တစ်ဦးသေ၊၄ဦး ဒဏ်ရာရ ခဲ့ကြောင်း ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ကထုတ်ပြန်ပါတယ်။ ဒီနေ့မနက်၈နာရီ ခွဲလောက်က  ရေစကြိုမြို့နယ်၊ရွှေချောင်းကျေးရွာ အနီး မှာအကြမ်းဖက်စစ်အုပ်စုတပ်သားတွေ စီးနင်းလာတဲ့ စစ်ကား (၂ )စီးကို ဒေသခံ မဟာမိတ်ပြောက်ကျား၁၀ဖွဲ့တို့ပူးပေါင်းပြီး မိုင်းခွဲ တိုက်ခိုက်ခဲ့တာပါ။ ‘ စစ်ကားတစ်စီး လယ်ကွင်းထဲ ထိုးကျသွားတယ်။တပ်သားတစ်ဦး အခင်းဖြစ်တဲ့နေရာမှာပဲခေါင်းပွင့်ပြီးသေသွားတယ်။ဒဏ်ရာရတဲ့လူ၄ဦးကတော့ စိုးရိမ်ရတယ်’လို့  ဒေသခံပြောက်ကျားရဲဘော်တစ်ဦးကဆိုပါတယ်။ မိုင်းခွဲတိုက်ခိုက်မှုမှာ ပြောက်ကျားတပ်ဖွဲ့ဝင်တွေ တစ်ဦးမှ ထိခိုက်မှုမရှိပါဘူး။ ပြောက်ကျားတပ်ဖွဲ့ဝင်တွေဟာ ခေတ်မီလက်နက်အင်အားမရှိသလောက်အခြေအနေမို့…

Read More
တင့်ကားအပါအဝင် စစ်အင်အားအများအပြား ဖလမ်းသို့ရောက်လာ

တင့်ကားအပါအဝင် စစ်အင်အားအများအပြား ဖလမ်းသို့ရောက်လာ

၁၃၊အောက်တိုဘာလ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုတပ်ဟာ တင့်ကားအပါအဝင်စစ်အင်အားအများအပြားနဲ့ ချင်းပြည်နယ်၊ဖလမ်း မြို့ကို ရောက်ရှိလာတယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ်က ဒီနေ့ထုတ်ပြန်ပါတယ်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေတက်လာတဲ့ စစ်ကားအစီး ၅၀ ဟာ လမ်းမှာ ၂ ညအိပ်ပြီးနောက် မနေ့ညက ဖလမ်းမြို့ကိုရောက်ရှိလာတယ်လို့သိရပါတယ်။ ဒီမနက်မှာ ဖလမ်းမြို့ကနေ ဟားခါးဘက်ကို စစ်ကား ၆စီး နဲ့ သံချပ်ကာ ၂ စီး စတင်ထွက်ခွာသွားပြီလို့လည်းဆိုပါတယ်။ ပုလဲ-ဂန့်ဂေါလမ်းမကြီးပေါ်မှာလည်း ဒီအပတ်အတွင်း အကြမ်းဖက်စစ်ယာဉ်တန်းတွေ ယောက်ယက် ခတ်သွားလာနေတယ်လို့ ဒေသတွင်းပြောက်ကျားတပ်တွေကဆိုပါတယ်။…

Read More
ရန်ကုန်တိုင်းအတွင်း ပထမဆုံးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခရမ်းမှာစတင်

ရန်ကုန်တိုင်းအတွင်း ပထမဆုံးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခရမ်းမှာစတင်

၁၃၊ အောက်တိုဘာလ၊ ၂၀၂၁။ ရန်ကုန်တိုင်းအတွင်း ပထမဦးဆုံးအနေနဲ့ ခရမ်းမြို့နယ်က ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ယာယီ) ကိုဖွဲ့စည်းလိုက်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၊ခရမ်းမြို့နယ် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ယာယီ) ကိုအောက်တိုဘာလ ၁၂ ရက်နေ့မှာ ဖွဲ့စည်းလိုက်ကြောင်း ခရမ်းမြို့နယ်ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့(ယာ ယီ)ကကြေညာပါတယ်။ ၂၀၂၁ခုနှစ်ဖေဖေါ်ဝါရီ၂၈ရက်နေ့ သပိတ်တိုက်ပွဲကာလက ဖွဲ့စည်းခဲ့တဲ့ ‘ ခရမ်းမြို့နယ် ပြည်သူအုပ်ချုပ်ရေးအဖွဲ့ ” ကို ဖျက်သိမ်းပြီး ‘ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ယာယီ)၊ ခရမ်းမြို့နယ် ‘…

Read More
အကြမ်းဖက်စစ်အုပ်စုတပ်တွေ ထိုးစစ်ဆင်လို့ ပုလဲကရွာ၄၀လောက် တောထဲ တိမ်းရှောင်နေရ

အကြမ်းဖက်စစ်အုပ်စုတပ်တွေ ထိုးစစ်ဆင်လို့ ပုလဲကရွာ၄၀လောက် တောထဲ တိမ်းရှောင်နေရ

၁၂၊ အောက်တိုဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်းအတွင်းထိုးစစ်ဆင်မယ်ဆိုတဲ့သတင်းနဲ့ စစ်အင်အားတိုးချဲ့နေတဲ့အခြေအနေ တွေအရ ပုလဲ မြို့နယ်ထဲက ရွာ၄၀လောက်ဟာ တောထဲထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ စစ်ရှောင်ရွာ၄၀လောက်ဟာ သူတို့ရွာတွေနဲ့ ၂မိုင်ဝန်းကျင်ရှိတဲ့တောတွေထဲ မိုးကာတဲထိုးနေထိုင်နေကြ တယ်လို့ ပုလဲမြို့နယ်အတွင်းရှိ ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင်ကိုပေကပြောပါတယ်။ ပြည်သူ့တော်လှန်ရေးတပ်မတော်ကလည်း ပုလဲမြို့နယ်ထဲ စစ်ရှောင်ပြည်သူ၄၀၀ကျော်ရှိပြီလို့ ထုတ်ပြန် ထားပါတယ်။ ဒီလပထမပတ်ကစလို့ စစ်ယာဉ်တန်းတွေဟာ ပုလဲ-ဂန့်ဂေါလမ်းတစ်လျှောက် အတက်အဆင်းပြုလုပ် ကြသလို သံချပ်ကာကားတွေကိုပါတွေ့လာရပြီး ကားလမ်းဘေးတစ်လျှောက်က ရွာတွေကို မီးရှို့ဖျက် ဆီးတာတွေလုပ်ဆောင်နေတယ်လို့သိရပါတယ်။ ‘ပုလဲ-ဂန့်ဂေါလမ်းတစ်လျှောက်ကရွာတွေကို…

Read More
ဒလန်လို့နာမည်ကြီးတဲ့ကွမ်းယာဆိုင်မှာ ဗုံးပေါက်

ဒလန်လို့နာမည်ကြီးတဲ့ကွမ်းယာဆိုင်မှာ ဗုံးပေါက်

၁၂၊ အောက်တိုဘာလ၊ ၂၀၂၁။ ဧရာဝတီတိုင်း၊မော်လမြိုင်ကျွန်းမြို့ ၊၁၂ ရက်ကွက် မာလာလမ်းထိပ်က ကွမ်းယာဆိုင်မှာ ဒီကနေ့အောက်တိုဘာလ ၁၂ ရက်နေ့ မနက် ၈ နာရီ ကျော်ကဗုံးပေါက်ကွဲခဲ့တယ်လို့ မြို့ခံ​တွေဆီက သိရပါတယ်။ ကွမ်းယာဆိုင်ပိုင်ရှင် ဇော်ဝင်းဆိုသူဟာ စစ်အုပ်စုအာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြပွဲတွေပြုလုပ်စဥ်အချိန်ကတည်းက ရဲသတင်းပေးလုပ်နေတာလို့ဒေသခံတစ်ဦးကပြောပါတယ်။ ဗုံးကကွမ်းယာဆိုင်မှာပေါက်ကွဲခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရသူမရှိပဲဆိုင်ပစ္စည်းအချို့သာပျက်စီးသွားပြီး မပေါက်သေးတဲ့ဗုံးတစ်လုံးလဲတွေ့ခဲ့တယ်လို့သိရပါတယ်။ ဗုံးပေါက်ကွဲမှုအပြီးမှာ စစ်အုပ်စုက ကွမ်းယာဆိုင် အနီးကို ပိတ်ဆို့စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့သိရပြီး မပေါက်ကွဲပဲကျန်ရှိနေတဲ့ ဗုံးတစ်လုံးကိုမီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့သိရပါတယ်။ Facebook Notice for…

Read More
သုံးခွမြို့ပေါ် အခြေခံအုပ်ချုပ်ရေးယန္တယား ရာနှုန်းပြည့်ရပ်ပြီ

သုံးခွမြို့ပေါ် အခြေခံအုပ်ချုပ်ရေးယန္တယား ရာနှုန်းပြည့်ရပ်ပြီ

၁၂၊ အောက်တိုဘာလ၊ ၂၀၂၁။ ရန်ကုန်တိုင်း၊သုံးခွမြို့ပေါ်ရဲ့ အခြေခံအုပ်ချုပ်ရေးယန္တယား ရာနှုန်းပြည့်ရပ်ဆိုင်းသွားပြီလို့ သိရပါတယ်။ သုံးခွမြို့ပေါ်မှာ ရပ်ကွက်၁၂ခုရှိတဲ့အနက် ယမန်နေ့နေခင်းပိုင်းအထိ ၆ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦး သာ နုတ်ထွက်ဖို့ကျန် ခဲ့ရာက အခုအခါ ၆ရပ်ကွက်အုပ်ချုပ်ရေးမှူးလည်း နုတ်ထွက်သွားခဲ့ပြီလို့ ဒေသခံ နွေဦးတော်လှန်ရေးစာမျက်နှာ TGA News Channel က ဒီနေ့ဖော်ပြပါတယ်။ ၆ရပ်ကွက်အုပ်ချုပ်ရေးမှူးဟာ တာဝန်ထမ်းဆောင်လိုစိတ်မရှိလို့နုတ်ထွက်ခွင့်ပြုဖို့ အောက်တိုဘာ၁၁ ရက်နေ့ရက်စွဲနဲ့ မြို့နယ်အုပ်ချုပ်ရေးကောင်စီသို့တင်ပြထားတဲ့စာကို TGA News Channel မှာဖော်ပြ ထားပါတယ်။ ‘၆ရပ်ကွက်အုပ်ကြီးမှာ…

Read More
ရန်ကုန်တိုင်းအတွင်း  ခရမ်းဟာ အုပ်ကြီးအကင်းစင်ဆုံးမြို့အဖြစ် ထင်ရှား

ရန်ကုန်တိုင်းအတွင်း ခရမ်းဟာ အုပ်ကြီးအကင်းစင်ဆုံးမြို့အဖြစ် ထင်ရှား

၁၂၊ အောက်တိုဘာလ ၊၂၀၂၁။ ခရမ်းမြို့နယ်ဟာ ရန်ကုန်တိုင်းအတွင်း အကြမ်းဖက်စစ်အုပ်စုခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူး အကင်းစင်ဆုံး မြို့အဖြစ် မှတ်ကျောက်တင်နိုင်ခဲ့ပြီလို့သိရပါတယ်။ ခရမ်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ အောက်တိုဘာ၃ရက်နေ့ရက်စွဲနဲ့ အုပ်ချုပ်ရေးမှူးတွေနုတ်ထွက် ကြဖို့ ပြင်းပြင်းထန်ထန်သတိပေးပြီးနောက် အောက်တိုဘာ၆ရက်ကနေ ၁၁ရက်နေ့အထိ ၅ရက်တာအတွင်း ရပ် ကျေးအုပ်ချုပ်ရေးမှူး၅၂ဦးနုတ်ထွက်ခဲ့ပြီးနောက် အောက်တိုဘာ၁၁ရက်နေ့မှာ နောက်ထပ်၄ဦးထပ်မံနုတ်ထွက်ခဲ့ တယ်လို့ ဒေသခံနွေဦးတော်လှန်ရေးစာမျက်နှာ Khayan Channel ကဖော်ပြပါတယ်။ ‘ခရမ်းမြို့ပေါ်၁၃ရပ်ကွက်စလုံးက အုပ်ချုပ်ရေးမှူးတွေနုတ်ထွက်ပြီးပြီ။ခရမ်းမှာ စုစုပေါင်း၅၆ရွာမှာ ၃၉ရွာနုတ် ထွက်ပြီးပြီ’လို့ ခရမ်းမြို့ခံတစ်ဦးကပြောပါတယ်။ ခရမ်း PDF…

Read More