နိုင်ငံရေး

ကန်ဒေါ်လာဈေးကွက် ကြိုက်ရောင်းကြိုက်ဝယ်ပုံစံနဲ့ ဈေးဆက်တက် 

၂၉၊ စက်တင်ဘာလ၊ ၂၀၂၁။ ဒီနေ့ရဲ့ ငွေကြေးအရောင်းအဝယ် ဈေးကွက်ဟာ အမေရိကန်တစ်ဒေါ်လာကို ကျပ်၂၆၀၀ကနေ ၃၀၀၀ကြားမှာ ကြိုက် ရောင်းကြိုက်ဝယ်ပုံစံနဲ့စခန်းသွားနေပါတယ်။ နာမည်ကြီးငွေလဲစင်တာတစ်ခုက အမေရိကန်တစ်ဒေါ်လာပေါက်ဈေး ကို ကျပ်၂၃၀၀လို့ ဒီနေ့ညနေပိုင်း မှာ သတ်မှတ်ခဲ့ပေမဲ့ အမှန်တကယ်အရောင်းအဝယ်မလုပ်ဘူးလို့ ရန်ကုန်မြို့၊ရွှေဘုံသာလမ်းအခြေစိုက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နွေဦးထီရဲ့ ကံထူးရှင်ရွေးချယ်ပွဲကိုအောက်တိုဘာ ၁ရက်နေ့မှလုပ်မယ်

၂၉၊ စက်တင်ဘာလ၊ ၂၀၂၁။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ရောင်းချပေးခဲ့တဲ့ အောင်လံလွှင့်ချီ နွေဦးထီရဲ့ ကံထူးရှင်ရွေးချယ်ပွဲကို အောက်တိုဘာလ ၁ရက်နေ့ မနက် ၉နာရီမှာ ပြုလုပ်သွားမယ်လို့ NUGက ကြေညာလိုက်ပါတယ်။ ကံထူးရှင်တွေကို စီမံကိန်း၊ ဘဏ္ဍာရေး နှင့်ရင်းနှီးမြှုပ်နှံမှု ပြည်ထောင်စုဝန်ကြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ချယ်ရီထက်ဖမ်းဆီးခံရတဲ့သတင်း ရဲတပ်ဖွဲ့ဝင်တွေကြား ရိုက်ခတ်မှုပြင်း

၂၉၊ စက်တင်ဘာလ၊ ၂၀၂၁။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်ကိုယ်ရံတော် ချယ်ရီထက် ဖမ်းဆီးခံရတာဟာ ရဲတပ်ဖွဲ့ဝင်တွေ ကြား ရိုက်ခတ်မှုကြီးမားခဲ့တယ်လို့ ရန်ကုန်မြို့ပေါ်မှာတာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတစ်ဦးက ပြောပါ တယ်။ ဒုရဲအုပ်ချယ်ရီထက်ဟာ လူမှုကွန်ရက်ကနေ တစ်ဆင့် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ဆက်သွယ်ခဲ့တယ်လို့ စွပ်စွဲပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ချင်းတွင်းမြစ်ထဲ ဆန်လာတဲ့စစ်ရေယာဉ် တိုက်ခိုက်ခံရ

၂၉၊ စက်တင်ဘာလ၊ ၂၀၂၁။ ချင်းတွင်းမြစ်ထဲ ဆန်တက်လာတဲ့ စစ်ရေယာဉ်ကို ဒေသခံကာကွယ်ရေးတပ်တွေက စစ်ကိုင်းတိုင်း၊ကနီမြို့ နယ်အရောက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ဒီနေ့မနက် ၆နာရီကျော်လောက်က စစ်ရေယာဉ်ဟာ ကနီမြို့နယ်ထဲအရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင် တွေအနေနဲ့ အထိအခိုက်လုံးဝမရှိဘူးလို့ ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ နဲ့နီးစပ်သူ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖယ်ခုံနဲ့ဒီးမော့ဆိုမြို့နယ်တွေကို စစ်အုပ်စု အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေ

၂၈၊ စက်တင်ဘာလ၊ ၂၀၂၁။ ဖယ်ခုံမြို့နဲ့ ဒီးမော့ဆိုမြို့နယ်တွေကို အကြမ်းဖက်စစ်အုပ်စုက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်တိုက်ခိုက်နေတယ်လို့ KNDFက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဖယ်ခုံမြို့ ကောင်းမိုင်းနဲ့ လွယ်လုံကျေးရွာအကြားမှာ စက်တင်ဘာလ ၂၈ရက်နေ့ မနက် ၆နာရီ၃၀မိနစ်ခန့်က အကြမ်းဖက်စစ်အုပ်စုက အင်အားဖြည့်တင်းဝင်ရောက်လာတာကြောင့် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အကြမ်းဖက်စစ်အုပ်စုကို နိုင်ငံတကာအသိအမှတ်မပြုတာ ပြည်သူ့အောင်ပွဲတစ်ခု

၂၈ ၊ စက်တင်ဘာလ ၊ ၂၀၂၁ ။ ကုလသမဂ္ဂနဲ့နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုကို အသိအမှတ်မပြုတာဟာ မြန်မာပြည်သူတွေရဲ့ အောင်ပွဲတစ်ခုဖြစ်တယ်လို့ နိုင်ငံရေးဆောင်းပါးရှင် တစ်ဦးကပြောပါတယ်။ ကုလသမဂ္ဂအထွေထွေညီလာခံကျင်းပနေစဥ်အတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ အာဏာသိမ်းမှုနဲ့ အကြမ်းဖက်လုပ်ရပ်တွေအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက အပြင်းအထန်ကန့်ကွက်ခဲ့ကြပြီး လူ့အခွင့်အရေးကောင်စီညီလာခံအတွင်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြန်မာစစ်တပ်ဟာ ကိုယ့်ပြည်မြို့ရွာကိုပြန်တိုက်နေတဲ့ လက်နက်ကိုင်အကြမ်းဖက်တွေလို့ ကုလအထူးကိုယ်စားလှယ်ပြော

၂၅၊ စက်တင်ဘာလ၊ ၂၀၂၁။ မြန်မာစစ်တပ်ဟာ ကမ္ဘာပေါ်မှာကိုယ့်ပြည်တွင်းက မြို့ရွာတွေကို ပြန်တိုက်ခိုက်နေတဲ့ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့လို့ ကုလအထူးကိုယ်စားလှယ် တွမ်အန်ဒရူးက ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီမှာ ပြောကြားလိုက်ပါတယ်။ PDFလို့ခေါ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကိုတော့ ကြီးမားတဲ့စစ်တပ်ကို ဆန့်ကျင်တော်လှန်ရေးနဲ့ ခြုံခိုတိုက်ခိုက်နေတဲ့အဖွဲ့တွေလို့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

မြန်မာနိုင်ငံဟာ လုံးဝပြိုလဲတော့မယ်လို့ ကုလမဟာမင်းကြီး ပြော

၂၄၊ စက်တင်ဘာလ၊ ၂၀၂၁။ မြန်မာနိုင်ငံဟာ လုံးဝပြိုလဲတော့မယ့် အခြေအနေကို နီးကပ်လာနေပြီလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မီရှဲလ်ဘက်ချလက်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ စက်တင်ဘာ ၂၃ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီညီလာခံမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အကြမ်းဖက်စစ်အုပ်စုကို ဖိအားပေးဖို့ အရေးတကြီးလိုနေတဲ့အကြောင်း အမေရိကန်-အာဆီယံဆွေးနွေး

၂၄၊ စက်တင်ဘာလ၊ ၂၀၂၁။ အာဆီယံ ဘုံသဘာတူညီချက် ၅ ချက်ကို လိုက်နာလာအောင် မြန်မာအကြမ်းဖက် စစ်စုကို ဖိအားပေးဖို့ အရေးတကြီးလိုအပ်နေတဲ့အကြောင်း အမေရိကန်-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးခဲ့ကြပါတယ်။ ဒေသစံတော်ချိန် စက်တင်ဘာ ၂၃ ရက်နေ့က နယူးယောက်မြို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

မြန်မာပြည်သူတွေရဲ့ တုံ့ပြန်တိုက်ခိုက်မှုကို နားလည်တယ်လို့ အမေရိကန် သံအမတ်ဟောင်းပြော

၂၃၊ စက်တင်ဘာလ၊ ၂၀၂၁။ မြန်မာပြည်သူတချို့က အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုကို တိုက်ခိုက်တဲ့နည်းလမ်းနဲ့ တုံ့ပြန်လာတဲ့အပေါ် နားလည်ပေးနိုင်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း မစ္စတာ စကော့မာရှယ်က ပြောပါတယ်။ စက်တင်ဘာ ၂၂ရက်နေ့၊ အမေရိကန် ရေးတက္ကသိုလ်မှာပြုလုပ်တဲ့ အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ [ဆက်လက်ဖတ်ရှုရန်]