ချယ်ရီထက်ဖမ်းဆီးခံရတဲ့သတင်း ရဲတပ်ဖွဲ့ဝင်တွေကြား ရိုက်ခတ်မှုပြင်း

၂၉၊ စက်တင်ဘာလ၊ ၂၀၂၁။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်ကိုယ်ရံတော် ချယ်ရီထက် ဖမ်းဆီးခံရတာဟာ ရဲတပ်ဖွဲ့ဝင်တွေ ကြား ရိုက်ခတ်မှုကြီးမားခဲ့တယ်လို့ ရန်ကုန်မြို့ပေါ်မှာတာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတစ်ဦးက ပြောပါ တယ်။

ဒုရဲအုပ်ချယ်ရီထက်ဟာ လူမှုကွန်ရက်ကနေ တစ်ဆင့် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ဆက်သွယ်ခဲ့တယ်လို့ စွပ်စွဲပြီး စစ်အုပ်စုက ဖမ်းဆီးထားတာပါ။

အဲဒီနောက် လက်ရှိ အကြမ်းဖက်စစ်အုပ်စုလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ လူမှုကွန်ရက်သုံးစွဲတာ သတိကြီးကြီးထားနေရတယ်လို့ သိရပါတယ်။

‘ချယ်ရီထက်မတိုင်ခင်ကလည်း ဖေ့ဘွတ်ခ်သုံးတာ တော်တော်သတိထားရတာပဲ။ချယ်ရီထက်ဖြစ်ပြီးတော့ ပိုသတိထားရတော့တယ်။ကိုယ်တင်မကဘူး၊ကိုယ့်မိသားစုဝင်တွေတင်မကဘူး၊ကိုယ့်လက်အောက်က ရဲတပ် ဖွဲ့ဝင်တွေ တစ်စုံတစ်ရာပြဿနာတက်လာရင် ကိုယ့်ကိုပါ ရန်ရှာခံရနိုင်လို့ ကိုယ့်လက်အောက်လူတွေကိုလည်း သတိပေးနေရတယ်။’လို့သူကပြောပါတယ်။

ရန်ကုန်မြို့၊လှိုင်မြို့နယ်နေ အာဏာရှင်ဆန့်ကျင်ရေးစိတ်ဓာတ်ပြင်းထန်သူတစ်ဥ◌ီးကလည်း ချက်ရီထက် သတင်းထွက်ပေါ်လာပြီးနောက် သူ၏မိတ်ဆွေရဲအရာရှိတစ်ဥ◌ီးက ဖုန်းဆက်တောင်းပန်ကာ သူတို့ချင်း ကြားလူမှုကွန်ရက်ချိတ်ဆက်မှုကို ယာယီဖြတ်တောက်ထားမယ်လို့ပြောကြောင်း Delta News Agency ကို ပြောပါတယ်။

‘သူနဲ့ကျွန်တော်က ငယ်သူငယ်ချင်းတွေဆိုတော့ ကျွန်တော့်ကို Unfriend လုပ်ရမှာအားနာလို့ထင်တယ်။အဲဒါ ကြောင့်ဖုန်းဆက်လှမ်းပြောတာ။ဖုန်းဆက်တာတောင် သူ့ဖုန်းနဲ့မဆက်ဘဲ တခြားဖုန်းနဲ့လှမ်းဆက်တာ။သူတို့ အတွက်ဖိအားကြီးနေတာနားလည်လို့ ကျွန်တော်လည်း မမေးတော့ဘူး။’လို့သူကပြောပါတယ်။

သူ့သူငယ်ချင်းဟာ အကြမ်းဖက်စစ်အုပ်စုကို လုံးဝမကြိုက်သူတစ်ဥ◌ီးဖြစ်ပေမဲ့ မိသားစုလိုက်စွန့်စားရဲတဲ့ သတ္တိမရှိတာကြောင့် CDMမလုပ်တာလို့လည်းဆိုပါတယ်။

‘NLDအစိုးရလက်ထက်တုန်းကဆို သူမကြာခဏပြောလေ့ရှိတယ်။သူတို့ရဲတပ်ဖွဲ့ထဲ ရဲလုပ်ငန်းအကြောင်း လုံးဝနားမလည်တဲ့ စစ်တပ်ကကောင်တွေက အပေါ်ကနေ ရောက်လာပြီးအုပ်ချုပ်တဲ့အကြောင်း၊စစ်တပ်က နေရဲထဲရာထူးကြီးကြီးယူပြီး အုပ်ချုပ်တာအစဥ◌်အလာလိုဖြစ်နေတော့ သူတို့ရဲစစ်စစ်တွေ ရာထူးခပ်ကြီး ကြီးမရတဲ့အကြောင်းပေါ့။အခုအာဏာသိမ်းပြီးတဲ့နောက် သူတို့လိုမစွန့်စားရဲတဲ့ရဲတွေ ဘေးကျပ်နံကျပ်ဖြစ် နေတဲ့အကြောင်းလည်းသိရတယ်’လို့ သူကဆက်ပြောပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေကို လူမှုကွန်ရက်မသုံးရဘူးလို့ တရားဝင်အမိန့်ထုတ်ပြန်ထားတာမျိုးမရှိပေမဲ့ လူမှုကွန် ရက်သုံးသူကို အထက်အရာရှိတွေက သံသယနဲ့ကြည့်တတ်ကြတာကြောင့် ဓာတ်ပုံအတု၊နာမည်အတုနဲ့ ခိုးသုံး နေကြတယ်လို့ ရန်ကုန်မှာတာဝန်ထမ်းနေတဲ့ ရဲအရာရှိကပြောပါတယ်။

‘အခုချယ်ရီထက်ပြဿနာပေါ်တော့ အချင်းချင်းရှေ့မှာတောင်ဖုန်းသုံးတာရှောင်လာကြတယ်။ပြီးတော့ ကိုယ် တွေက CDMလုပ်တဲ့အထိမစွန့်စားရဲတော့ သိမ်ငယ်ရတယ်။လူတွေကြားထဲ ယူနီဖောင်းနဲ့သွားရမှာကို ကြောက်လာတယ်’လို့သူကဆိုပါတယ်။

အဂတိလိုက်စားခွင့်ရတာကို စွဲလန်းနေသူနဲ့ စစ်အသိုင်းအဝိုင်းကြားကြီးပြင်းလာတဲ့ရဲတချို့သာ စစ်အုပ်စုကို ကြိုက်ကြတယ်လို့လည်း သူကဆက်ပြောပါတယ်။

ချယ်ရီထက် နေပြည်တော်မှာ ဖမ်းဆီးခံထားတယ်လို့ စက်တင်ဘာ၂၆ရက်က မီဒီယာတွေမှာဖော်ပြခဲ့ကြသလို စစ်အုပ်စုဘက်ကလည်း သူ့ကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။