ကန်ဒေါ်လာဈေးကွက် ကြိုက်ရောင်းကြိုက်ဝယ်ပုံစံနဲ့ ဈေးဆက်တက် 

၂၉၊ စက်တင်ဘာလ၊ ၂၀၂၁။

ဒီနေ့ရဲ့ ငွေကြေးအရောင်းအဝယ် ဈေးကွက်ဟာ အမေရိကန်တစ်ဒေါ်လာကို ကျပ်၂၆၀၀ကနေ ၃၀၀၀ကြားမှာ ကြိုက် ရောင်းကြိုက်ဝယ်ပုံစံနဲ့စခန်းသွားနေပါတယ်။

နာမည်ကြီးငွေလဲစင်တာတစ်ခုက အမေရိကန်တစ်ဒေါ်လာပေါက်ဈေး ကို ကျပ်၂၃၀၀လို့ ဒီနေ့ညနေပိုင်း မှာ သတ်မှတ်ခဲ့ပေမဲ့ အမှန်တကယ်အရောင်းအဝယ်မလုပ်ဘူးလို့ ရန်ကုန်မြို့၊ရွှေဘုံသာလမ်းအခြေစိုက် ဒေါ် လာပွဲစားတစ်ဦးကပြောပါတယ်။

‘ဒီနေ့ငွေလဲကောင်တာတွေက ငွေအဝယ်ပဲလက်ခံတယ်။အရောင်းကိုလက်မခံဘူး။ ဈေးနှုန်းကတော့ ၂၆၀၀ကနေ ၃၀၀၀ကြား ကြိုက်ရောင်းကြိုက်ဝယ်ပဲ။ပြောရမယ်ဆိုရင်ဒေါ်လာစေ◌ျးကွက် ပျက်သွားတဲ့ သဘောပေါ့။ဒေါ်လာလိုလို့ ဝယ်တဲ့သူ နည်းနည်းပဲရှိတယ်။ကျွန်တော်တို့ကတော့ ငုတ်တုတ်ထိုင်ကြည့်နေရ တယ်။’လို့ သူကပြောပါတယ်။

Northern Breeze ငွေလဲကောင်တာတွေအပါအဝင် ငွေလဲလုပ်ငန်းတချို့ ယာယီပိတ်ထားပြီး ဖွင့်ထားတဲ့ ငွေလဲကောင်တာတွေကတော့ ငုတ်တုတ်ထိုင်နေရတာပါ။

ဒီနေ့ရန်ကုန် ရွှေဈေးကွက်ဟာ ဈေးမငြိမ်ဖြစ်နေပေမဲ့ ရွှေဈေးပြန်ကျလာပါတယ်။ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းရဲ့ ဒီနေ့ညနေ၃နာရီ အချိန် အကယ်ဒမီရွှေ အပိတ်ဈေး ကို ၂၁သိန်းလို့သတ်မှတ်ပါတယ်။

‘လူတွေက အလုပ်မရှိတာများလာပြီး ရွှေဈေးကလည်း တောက်လျှောက်တက်နေတော့ အဆင်မပြေလို့ ရွှေလာရောင်းကြတာများတယ်’လို့ ရွှေဆိုင်အရောင်းဝန်ထမ်းတစ်ဦးကပြောပါတယ်။

 

 

Delta News Agency

Read Previous

မြောက်ကိုရီးယားရဲ့ အသံထက်ငါးဆပိုမြန်တဲ့ ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုအောင်မြင်

Read Next

စားသောက်ကုန်ကလွဲ ကျန်လုပ်ငန်း ရာခိုင်နှုန်း၇၀ကျော် ရပ်