ဒေသအလိုက် သတင်းကဏ္ဍ

တန့်ဆည်မြို့မှာ ဆိုင်ကယ်နဲ့ ကင်းလှည့်နေတဲ့ စစ်အုပ်စု မိုင်းထိ

၁၀၊ အောက်တိုဘာလ၊၂၀၂၁။ တန့်ဆည်မြို့နယ် နဘက်ကြီးကျေးရွာနဲ့ သစ္စေးကုန်းကျေးရွာကြားမှာ ဆိုင်ကယ်နဲ့ ကင်းလှည့်နေတဲ့ အကြမ်းဖက်စစ်အုပ်စု မိုင်းဆွဲခံရပြီး ၂ဦးသေဆုံးခဲ့တယ်လို့ The 74 Media သတင်းဌာနက ဖော်ပြချက်အရ သိရပါတယ်။ အောက်တိုဘာလ ၁၀ရက် နေ့လည် ၁၁နာရီခန့်မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

CDM လုပ်ပြီးထွက်ပြေးလာတဲ့ စစ်အုပ်စု ဒုတိုင်းမှူးရဲ့ ကိုယ်ရေးအရာရှိ တပ်ပျက်နေပုံကိုဖွင့်ဟ

၁၀၊ အောက်တိုဘာလ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်ရဲ့ ကိုယ်ရေးအရာရှိနဲ့ ကားသမားတို့ CDMပြုလုပ်ကာ ထွက်ပြေးလာခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ပြည်သူ့ထံ အလင်းဝင်ခိုလှုံပြီးနောက် အကြမ်းဖက်စစ်အုပ်စုအတွင်း စိတ်ဓာတ်ပိုင်း ကျဆင်းနေတာတွေ၊ အကြောက်တရားတွေနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရွှေဘိုရဲစခန်းထဲ ဗုံး ဆယ်လုံးပစ်သွင်းတိုက်ခိုက်ခံရ

၁၀၊ အောက်တိုဘာလ၊ ၂၀၂၁။ ရွှေဘိုမြို့မရဲစခန်းထဲကို ဒေသခံပြောက်ကျားတပ်ဖွဲ့ က ဒီနေ့မနက်၈နာရီလောက်မှာ လက်ပစ်ဗုံး၁၀လုံး ပစ်သွင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့ပေါ်က ရွှေဘိုမြို့မရဲစခန်းဟာ ပြောက်ကျားတပ်ဖွဲ့ဝင်တွေကိုရန်စစော်ကားထား တဲ့ ‘လာမဝိုင်းနဲ့ သေတတ်သည်’ လို့ ရေးသားထားတဲ့ ဗီနိုင်းကို ရဲစခန်းအဝင်ဝမှာချိတ်ဆွဲထားရုံတင်မက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သာကေတရေတပ်စခန်းရှေ့ ဗုံး ၂လုံးပေါက် စစ်အုပ်စုက ၃ဦး ဒဏ်ရာရ

၁၀၊ အောက်တိုဘာလ၊ ၂၀၂၁။ သာကေတမြို့နယ် အမှတ်(၄)ရပ်ကွက်၊ ရှု့ခင်းသာလမ်းမ စစ်အုပ်စုရဲ့ ရေတပ်စခန်းရှေ့မှာ ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲပြီး အကြမ်းဖက်စစ်အုပ်စုဝင် ၃ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ အောက်တိုဘာလ ၁၀ရက်နေ့ မနက် ၇နာရီ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သုံးခွအုပ်ကြီး ၁၇ဦး နုတ်ထွက်

၁၀၊ အောက်တိုဘာလ၊ ၂၀၂၁။ ရန်ကုန်တိုင်း၊သုံးခွမြို့နယ်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူး၁၇ဦး နုတ်ထွက်ကြပြီလို့သိရပါတယ်။ သုံးခွမြို့ပေါ်မှာ ရပ်ကွက်၁၂ကွက်ရှိတဲ့ထဲက ရပ်ကွက်၁၀ခုရဲ့ အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ခဲ့ပြီး ရွာ၆၄ ရွာရှိတဲ့အနက် ၇ရွာက အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ခဲ့တယ်လို့ ‌ဒေသခံ နွေဦးတော်လှန်ရေးလူမှုကွန် ရက်ပေချ့် TGA [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကသာကမ္ဘောဇဘဏ်အနီး ကင်းစောင့်စစ်သားတစ်ဦး သေနတ်ပစ်ခံရပြီးသေ 

၁၀၊ အောက်တိုဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်း၊ကသာမြို့ မှာ မနေ့ညပိုင်းက ကမ္ဘောဇဘဏ်အနီးကင်းစောင့်နေတဲ့ စစ်သား အနည်းဆုံးတစ်ဉီး ကျည်သင့်သေဆုံးခဲ့တယ်လို့သိရပါတယ်။ ဘဏ်အနီးကင်းစောင့်နေတဲ့စစ်သားတွေကို ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက လျှပ်တစ် ပြက် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ကသာPDF ကထုတ်ပြန်ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ ပြောက်ကျားတပ်ဖွဲ့ဝင်တွေထိခိုက်မှုမရှိဘူးလို့လည်းသိရပါတယ်။ ကသာမြို့နယ်အတွင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မုံရွာမှာ စစ်ကားနှစ်စီး မိုင်းထိ

၁၀ ၊ အောက်တိုဘာလ ၊ ၂၀၂၁ ။ စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်အတွင်း မနေ့ည ၉နာရီကျော်က စစ်ကား၂စီးမိုင်းထိမှန်ခဲ့တယ်လို့သိရ ပါတယ်။   အကြမ်းဖက်စစ်ကား၄စီးအနက်၂စီးဟာ မုံရွာမြို့၊စက်မှုဇုန်အဝင်လမ်းမှာ မိုင်းထိမှန်ကာ ကားအောက်ပိုင်းတွေ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ မဟာမိတ် PDF [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရွှေဆံတော်ဘုရား ဂေါပကအဖွဲ့ဝင်တစ်ဦးကို စစ်အုပ်စုက ဖမ်းဆီးသတ်ဖြတ်

၉၊ အောက်တိုဘာလ၊ ၂၀၂၁။ တောင်ငူမြို့နယ် ရွှေဆံတော်ဘုရားဂေါပကအဖွဲ့ဝင် ဦးစန်းကြည်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးပြီးနောက် နာရီဝက်အတွင်း နှိပ်စက်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၈ရက်နေ့ ည ၁၀နာရီခန့်မှာ စစ်အုပ်စုက ရွှေဆံတော်ဘုရားတံခါးတွေကို ဖျက်ဆီးဝင်ရောက်ပြီး ဂေါပကအဖွဲ့ဝင်ဖြစ်ပြီး ရုံးအဖွဲ့မှူးလည်းဖြစ်သူ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရိက္ခာပြန်ယူတဲ့ ပြည်သူနှစ်ဦးကို စစ်အုပ်စုပစ်သတ်

၉၊ အောက်တိုဘာလ၊ ၂၀၂၁။ ဒီးမော့ဆိုမြို့နယ် စံပြ ၆မိုင်ကျေးရွာမှာ အောက်တိုဘာလ ၉ရက်နေ့ မနက် ၈နာရီခန့်က ရိက္ခာပြည်သူတဲ့ ပြည်သူနှစ်ဦးကို စစ်အုပ်စုက အကြမ်းဖက်ပစ်ခတ်ခဲ့တာကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ပြည်သူနှစ်ဦးကို ပစ်လိုက်တဲ့ စစ်အုပ်စုရဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါနဲ့ဟားခါးကို အကြမ်းဖက်တပ်သား တထောင်ကျော် ပို့ဆောင်ခဲ့

၉၊ အောက်တိုဘာလ၊ ၂၀၂၁။ အခုသီတင်းပတ်အတွင်း ပုလဲမြို့နယ်ကိုဖြတ်ကာ ဂန့်ဂေါနဲ့ ဟားခါးသို့ အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင် ၁၀၀၀ ကျော်ကို ပို့ဆောင်ခဲ့တယ်လို့ ပုလဲမြို့နယ်အတွင်းက ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုပေ ကပြောပါတယ်။ ချင်းပြည်နယ်၊စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းကမြို့နယ်တချို့မှာ ပြီးခဲ့တဲ့သတင်းပတ်အတွင်း အကြမ်းဖက်စစ်အုပ် စုက [ဆက်လက်ဖတ်ရှုရန်]