သုံးခွအုပ်ကြီး ၁၇ဦး နုတ်ထွက်

၁၀၊ အောက်တိုဘာလ၊ ၂၀၂၁။

ရန်ကုန်တိုင်း၊သုံးခွမြို့နယ်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူး၁၇ဦး နုတ်ထွက်ကြပြီလို့သိရပါတယ်။

သုံးခွမြို့ပေါ်မှာ ရပ်ကွက်၁၂ကွက်ရှိတဲ့ထဲက ရပ်ကွက်၁၀ခုရဲ့ အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ခဲ့ပြီး ရွာ၆၄ ရွာရှိတဲ့အနက် ၇ရွာက အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ခဲ့တယ်လို့ ‌ဒေသခံ နွေဦးတော်လှန်ရေးလူမှုကွန် ရက်ပေချ့် TGA News Channel ရဲ့ အောက်တိုဘာ၉ရက်နေ့စာရင်းအရသိရပါတယ်။

သုံးခွပြောက်ကျားတပ်ဖွဲ့ TYF က အောက်တိုဘာ၇ရက်နေ့ မနက်အစောပိုင်းမှာ သုံးခွမြို့နယ်လျှပ်စစ်ရုံး နဲ့ အခွန်ရုံးတို့ကို သတိပေးဗုံးဖောက်ခွဲခြင်းနဲ့အတူ အုပ်ချုပ်ရေးမှူးတွေနုတ်ထွက်ကြဖို့ တောင်းဆိုလိုက် ပြီးနောက်ပိုင်း အုပ်ချုပ်ရေးမှူးတွေတစ်ယောက်ပြီးတစ်ယောက် ကျန်းမာရေးအကြောင်းပြချက်နဲ့ နုတ် ထွက်ကြတာပါ။

‘ခရမ်းမှာအုပ်ကြီးတော်တော်များများနုတ်ထွက်ကြတဲ့ ဂယက်ရော သုံးခွမှာ ပြောက်ကျားတပ်ဖွဲ့ရှိလာ တာကြောင့်ရောပေါ့။အဲဒီအရှိန်တွေနဲ့ သုံးခွအုပ်ကြီးတွေနုတ်ထွက်ကြတာထင်တယ်’လို့ သုံးခွမြို့၂ရပ် ကွက်နေ တက်ကြွလှုပ်ရှားသူတစ်ဦးကပြောပါတယ်။

သုံးခွပြောက်ကျားတပ်ဖွဲ့ TYF အနေနဲ့ အခုထက်ပိုပြီး ထိရောက်တဲ့တိုက်ပွဲတွေဖော်ဆောင်နိုင်ပါက အုပ် ချုပ်ရေးမှူးနုတ်ထွက်နှုန်းမြင့်တက်လာဖွယ်ရှိတယ်လို့ ၉ရပ်ကွက်၊အောင်ဇေယျလမ်း‌မှာနေထိုင်သူတစ်ဦး ကပြောပါတယ်။

‘PDF လည်းဂရုမစိုက်ဘူးဆိုတဲ့ အုပ်ကြီးတွေ၊စစ်ခွေးတွေကို သံတော်ဦးတင်နေတဲ့ နာမည်ကြီး တစ် ယောက်လောက်ကို လုပ်ပြလိုက်။မင်းတို့အဖေစစ်ခွေးတွေက မင်းတို့ကိုခိုင်းပဲခိုင်းတာ၊မင်းတို့လုံခြုံရေး ဘာတာဝန်မှမယူဘူးဆိုတာ သဘောပေါက်အောင် နမူနာတစ်ယောက်လောက်လုပ်ပြဖို့လိုမယ်’လို့ သူက ဆက်ပြောပါတယ်။