သုံးခွကစစ်နဲ့ရဲ လက်နက်နဲ့ အလင်းဝင်ရင် သိန်းနှစ်ဆယ်ပေးမယ်

၁၊ အောက်တိုဘာလ၊ ၂၀၂၁။

ရန်ကုန်တိုင်း၊သုံးခွမြို့နယ်အတွင်းရှိ စစ်အုပ်စုတပ်ဖွဲ့ဝင်နဲ့ရဲတပ်ဖွဲ့ဝင်တို့ ပြည်သူ့ရင်ခွင်သို့ လက်နက်အပြည့်အစုံ နဲ့ ခိုလှုံပါက ဆုကြေးငွေကျပ်သိန်း၂၀အပြင်လုံခြုံစိတ်ချရတဲ့နေရာသို့ပို့ဆောင်ပေးမယ်လို့ သုံးခွပြောက် ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

‘ခရမ်းမှာတိုက်ပွဲတွေဖော်နေတာကြာပြီ။သုံးခွမှာတော့ အခုအစပျိုးတယ်လို့ထင်တယ်။ကြေညာတာကောင်းပေး ပေမဲ့ လာခိုလှုံချင်တဲ့စစ်သားနဲ့ရဲတွေက ဘယ်လိုဆက်သွယ်ရမလဲဆိုတဲ့ပြဿနာရှိနိုင်တယ်။’လို့ သုံးခွမြို့ ၂ရပ် ကွက်နေပြည်သူတစ်ဦးကပြောပါတယ်။

သုံးခွပြောက်ကျားတပ်ဖွဲ့က စက်တင်ဘာ၂၉ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး သုံးခွရပ်ကျေးအုပ် ချုပ်ရေးမှူးတွေအနေနဲ့ ဒလန်လုပ်ရပ်တွေကိုရပ်တန်းကရပ်ပြီး နုတ်ထွက်စာတင်ကြဖို့လည်း သတိပေးထားပါ တယ်။

‘ဒီကြေညာချက်ဟာ နှစ်ပတ်အတွင်းအကျုံးဝင်တယ်ပေါ့။ဆိုလိုတာက ကြေညာချက်ထုတ်တဲ့ ၂၉ရက်နေ့ကစပြီး နှစ်ပတ်အတွင်း စစ်သားနဲ့ရဲ အလင်းဝင်ဖို့ အုပ်ကြီးတွေနုတ်ထွက်ဖို့။နှစ်ပတ်ကျော်သွားရင် တိုက်ပွဲတွေဖော်တော့ မယ်ဆိုတဲ့သဘော’လို့ သူကဆက်ပြောပါတယ်။

သုံးခွမြို့နယ်အတွင်း ရပ်ကွက်၁၂ခုနဲ့ ကျေးရွာအုပ်စု၆၄ခုရှိပြီး ဒီနေ့အထိ စစ်အုပ်စုခန့်အုပ်ချုပ်ရေးမှူးတွေ နုတ် ထွက်တာမကြားမိသေးဘူးလို့ သုံးခွမြို့ ၉ရပ်ကွက်နေပြည်သူတစ်ဦးကပြောပါတယ်။

‘အခုသုံးခွပြောက်ကျားတပ်ဖွဲ့ဆိုပြီး ကြားရတာ တစ်လလောက်ပဲရှိဦးမယ်ထင်တယ်။သိပ်မကြာခင်တုန်း က သုံးခွ၊ဆင်ခိုးရွာက Mytel တာဝါတိုင်ဖောက်ခွဲတဲ့အထဲ သူတို့ပါတယ်လို့လည်းကြားရတယ်။သိပ်မကြာခင်မှာ သုံးခွ မှာ ဖောင်းဒိုင်းတွေကြားရတော့မယ်ထင်တယ်’လို့ သူကဆက်ပြောပါတယ်။