ဘာစီလိုနာအသင်းရဲ့ ဆက်ဆံပုံတွေကို မျိုသိပ်ခဲ့ပြီး မက်ဆီကိုတောင် ထုတ်မပြောခဲ့ဘူးလို့ ဆွာရက်ဇ်ဖွင့်ဟ

၁၊ အောက်တိုဘာလ၊ ၂၀၂၁။

ဘာစီလိုနာတိုက်စစ်မှူးဟောင်း ဆွာရက်ဇ်ဟာ အသင်းက မထွက်ခွာခင် ဘာစီလိုနာအသင်းရဲ့ ဆက်ဆံပုံအကြောင်းတွေကို မျိုသိပ်ခဲ့ပြီး သူငယ်ချင်းအရင်းဖြစ်သူ မက်ဆီကိုတောင် ထုတ်မပြောခဲ့ဘူးလို့ ဖွင့်ဟလာပါတယ်။

တိုက်စစ်မှူးဆွာရက်ဇ်ဟာ ဘာစီလိုနာအသင်းမှာ ဆက်လက်နေလိုစိတ်ရှိနေပေမယ့် ဘာစီလိုနာအသင်းရဲ့ အနာဂတ် အစီအစဉ်မှာ မပါဝင်တော့ဘူးလို့ အသင်းအုပ်ချုပ်သူတွေပြောလာချိန်မှာတော့ အသင်းဟောင်း အက်သလက်တီကိုအသင်းကို ပြောင်းရွှေ့ခဲ့တာပဲဖြစ်ပါတယ်။

“ရိုးရိုးသားသားပြောရရင် ဒီကိစ္စတွေကို မက်ဆီကိုတောင် မပြောခဲ့ဘူး”လို့ ပြောကြားခဲ့ပါတယ်။ ဆွာရက်ဇ်က “တချို့ကိစ္စတွေက သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေမှာ”လို့ ဖွင့်ဟခဲ့တာပါ။ 

ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်ဟာ အက်သလက်တီကိုအသင်းကို ရောက်ရှိချိန်မှာတော့ အသင်းအတွက် ခြေစွမ်းပြသခဲ့သလို လာလီဂါအမှတ်ပေးဖလားပါ ရယူပေးခဲ့ပါတယ်။ 

လက်ရှိမှာ ဘာစီလိုနာအသင်းဟာ အရင်က စုဖွဲ့မှုပုံစံကောင်းတွေ ပျောက်ဆုံးခဲ့ရပြီး ရလဒ်တွေလည်း ဆိုးရွားနေခဲ့တာပါ။ ချန်ပီယံလိဂ် အုပ်စု ၂ ပွဲဆက် ရှုံးနိမ့်ခဲ့သလို ရလဒ်ဆိုးရွားနေတဲ့ ဘာစီလိုနာအသင်းဟာ လာလီဂါမှာလည်း အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေပါတယ်။ 

ဆွာရက်ဇက်က မက်ဆီရဲ့ ပီအက်စ်ဂျီအပြောင်းအရွှေ့အတွက်တော့ အံ့အားသင့်ခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။ “သူဘာစီလိုနာအသင်းမှာပဲ ကစားသမားဘဝ ကုန်ဆုံးဖို့ ကျွန်တော့်ကို ပြောတယ်။ သူက လူကောင်းတစ်ယောက်ပါ”လို့ ဖွင့်ဟခဲ့ပါတယ်။ 

ဒါပေမဲ့ သိပ်မကြာခင်မှာပဲ မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်ကိစ္စ အဆင်မပြေဖြစ်ခဲ့ပြီး ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ခဲ့တာပဲဖြစ်ပါတယ်။

 မက်ဆီနဲ့ ဘာစီလိုနာအသင်း အဆင်မပြေမှုမှာလည်း အသင်းဘက်က မက်ဆီအပေါ်မှာ လေးစားမှု ကင်းမဲ့ခဲ့တာတွေကိုလည်း ဆွာရက်ဇ်က အသိပေးခဲ့ပါတယ်။ 

Delta News Agency

Read Previous

ရဲနဲ့စစ်သား ၁၀ဦး ပြည်သူ့ထံ အလင်းဝင်

Read Next

သုံးခွကစစ်နဲ့ရဲ လက်နက်နဲ့ အလင်းဝင်ရင် သိန်းနှစ်ဆယ်ပေးမယ်