​ကော့ကရိတ် – ကျိုက်ဒုံလမ်းဆုံအနီး တိုက်ပွဲမှာ စစ်တပ်ဘက်က G1 ဒဏ်ရာရ

၁၊ အောက်တိုဘာလ၊ ၂၀၂၁။

ကရင်ပြည်နယ် ၊ ကော့ကရိတ် – ကျိုက်ဒုံလမ်းဆုံအနီး ဒီနေ့မနက်ဖြစ်ပွားတဲ့ တိုက်ပွဲမှာ စစ်တပ်ဘက်က G1 ဒဏ်ရာရခဲ့တယ်လို့ ဗိုလ်မှူးကျော်သက် ဦးဆောင်တဲ့DKBA ခွဲထွက်အဖွဲ့ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ကော့ကရိတ်မြို့အခြေစိုက် စကခ – ၁၂ ရဲ့ G1 အပါအဝင် ၅ယောက်ထက်မနည်း ဒဏ်ရာရခဲ့ပြီး တပ်မ – ၂၃၁ ၂ယောက်သေတယ်လို့လည်း မြို့ခံတွေက အတည်ပြုပါတယ်။

နောက်ဆုံးရရှိထားတဲ့ သတင်းတွေအရ စစ်တပ်ဘက်က တပ်ကူအင်အားတပ်ဖြည့်နေပြီး လှိုင်ဝဘက်ကနေ စစ်ကား ၅စီး တက်လာတယ်လို့လည်း သိရပါတယ်။

ဗိုလ်မှူးကျော်သက် ဦးဆောင်တဲ့အဖွဲ့DKBA ခွဲထွက်နဲ့ အကြမ်းဖက်စစ်တပ်အကြား တိုက်ပွဲဖြစ်တာဖြစ်ပြီး စစ်တပ်ဘက်က နယ်မြေကျော်လာလို့ စဖြစ်တာလို့ DKBA ပြောခွင့်ရအရာရှိတဦးက အတည်ပြုခဲ့တာပါ။

စစ်တပ်ဘက်က ကျေးရွာတွေဘက်ကိုလည်း လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့နေပြီး အခုချိန်ထိ နေအိမ်အဆောက်အဦး ပျက်စီးမှုတွေကိုတော့ အတည်ပြုချက်ရယူဖို့ ကြိုးစားနေပါတယ်။