ဖလူးဝေါ်လေ လမ်းမတိုက်ပွဲမှာဗိုလ်မှူးတဦးအပါအဝင်နှစ်ဦးသေဆုံး၊ပြည်သူတဦးဒဏ်ရာရ

ဖေဖော်ဝါရီ ၊ ၂၃

ကရင်ပြည်နယ်ရှိ၊ ​မြဝတီခရိုင်ထဲရှိ ဖလူးဝေါ်လေလမ်းမပေါ်မှာ ကော်ဘရာစစ်ကြောင်းနဲ့စစ်ကောင်စီတပ်ထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ကဗိုလ်မှူးတဦးအပါအဝင်အခြား အဆင့်တဦးသေဆုံးပြီး၊လေးဦးဒါဏ်ရာရခဲ့သလို စစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုကြောင့် အနီးအနားရှိပြည်သူတဦး ကျည်ထိမှန်ဒါဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

“ဖြစ်စဥ်ကတော့ကျတော်တို့ထုတ်ပြန်ထားတဲ့အတိုင်းပါပဲ။စစ်ရေးအခြေအနေကတော့ပြောလို့မရပါဘူး။ဒါဏ်ရာရတဲ့ပြည်သူကိုလဲကယ််ဆယ်ရေးစခန်းတခုမှာစောင့်ရှောက်ထားပါတယ်”ကော်ဘရာစစ်ကြောင်းမှပြန်ကြားရေးတာဝန်ရှိသူတဦးဖြစ်တဲ့ဗိုလ်မိုးကြိုးကDNAကိုပြောပါတယ်။

ဖေဖေဖော်ဝါရီ ၂၂ ရက်၊မွန်းလွဲ၂နာရီ၁၀မိနစ်လောက်မှာ စစ်ကောင်စီရဲ့ ၅၈၅တပ်ရင်း၊ စကစ ၁၃ ထုတ်နုတ်အဖွဲ့ ရဲ့ ယာဉ်(၃)စီးဟာ ကော်ဘရာစစ်ကြောင်းတာဝန်ယူစောင့်ရှောက်နေတဲ့ ဖလူးဝေါ်လေလမ်းမကနေ ဖြတ်သန်းရာက ကော်ဘရာစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။

အဲ့ဒီ့ တိုက်ပွဲဟာ ၁၅မိနစ်လောက်သာ ကြာမြင့်ခဲ့ပေမယ့် စစ်ကောင်စီဖက်က ဗိုလ်မှူး(၁)ဦးနဲ့ အခြားအဆင့်(၁)ဦးသေဆုံးခဲ့ပြီး (၄)ဦးဒဏ်ရာရခဲ့ရှိခဲ့တယ်လို့လဲသိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေက ကားပေါ်မှ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ဖလူးဝေါ်လေလမ်းမပေါ်ရှိ ဒုက္ခသည်စခန်းမှာ နေထိုင်ခိုလှုံနေတဲ့ ပြည်သူ(၁)ဦး ဦးခေါင်း ဒဏ်ရာ ရရှိခဲ့ပြီး ကော်ဘရာစစ်ကြောင်းမှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးထိခိုက်ဒါဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးနဲ့ကော့ကရိတ်မြို့နယ်နဲ့မြဝတီခရိုင်ထဲက ရွာ တွေဖက်မှာစစ်ကောင်စီဖက်ကလက်ရှိအချိန်အထိစစ်ကြောင်းထိုးနေတာတွေရှိနေပြီးထောင်နဲ့ချီတဲ့ဒေသခံတွေဟာတိမ်းရှောင်နေကြရသလိုစစ်ကောင်စီရဲ့အမြောက်တပ်ရင်းတွေကနေကျေးရွာတွေကိုဦးတည်ပြီးလက်နက်ကြီးနဲ့ပစ်ခတ်နေတာတွေပြုလုပ်နေပါတယ်။