ကသာကမ္ဘောဇဘဏ်အနီး ကင်းစောင့်စစ်သားတစ်ဦး သေနတ်ပစ်ခံရပြီးသေ 

၁၀၊ အောက်တိုဘာလ၊ ၂၀၂၁။

စစ်ကိုင်းတိုင်း၊ကသာမြို့ မှာ မနေ့ညပိုင်းက ကမ္ဘောဇဘဏ်အနီးကင်းစောင့်နေတဲ့ စစ်သား အနည်းဆုံးတစ်ဉီး ကျည်သင့်သေဆုံးခဲ့တယ်လို့သိရပါတယ်။

ဘဏ်အနီးကင်းစောင့်နေတဲ့စစ်သားတွေကို ကသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက လျှပ်တစ် ပြက် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ကသာPDF ကထုတ်ပြန်ပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ ပြောက်ကျားတပ်ဖွဲ့ဝင်တွေထိခိုက်မှုမရှိဘူးလို့လည်းသိရပါတယ်။

ကသာမြို့နယ်အတွင်း နုတ်ထွက်ကြောင်းလူမှုကွန်ရက်ပေါ်ကြေညာထားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၂၇ဦးရှိပေမဲ့ နုတ်ထွက်ကြောင်းအယောင်ပြပြီးစစ်အုပ်စုသတင်းပေးဆက်လုပ်နေတဲ့ အုပ်ချုပ်ရေးမှူး၄ ဦးရှိနေတယ်လို့လည်း ကသာ PDF ကထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်(SPDF)က မြို့ပြပြောက်ကျားတိုက်ပွဲတွေစတင်နေပြီဖြစ်လို့ ပြည်သူတွေအနေနဲ့ လုံးဝအပြင်မထွက်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။