ထိုင်ဝမ်နဲ့ ငြိမ်းချမ်းစွာ ပြန်လည် ပေါင်းစည်းမယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကတိပြု

၁၀၊ အောက်တိုဘာလ၊ ၂၀၂၁။

တရုတ်သမ္မတ ရှီကျင့်ဖျင်က ထိုင်ဝမ်နဲ့ ငြိမ်းချမ်းစွာ ပြန်လည် ပေါင်းစည်းရေးအတွက် အကောင်အထည်ဖော် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ အောက်တိုဘာလ ၉ ရက်၊ မနေ့က ပြောပါတယ်။

တရုတ်နဲ့ ထိုင်ဝမ်အကြား တင်းမာမှုတွေဟာ ရက်သတ္တပတ်နှစ်ပတ်လောက်အတွင်းမှာ ပိုမိုဆိုးရွားခဲ့သလို နိုင်တကာရဲ့ စိုးရိမ်ပူပန်မှုတွေဟာလည်း မြင့်တက်လာခဲ့ရပါတယ်။

မကြာသေးခင်က ထိုင်ဝမ်အရေးနဲ့ ပတ်သက်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒမ်နဲ့ တရုတ်သမ္မတ ရှီကျင်းဖျင်တို့ ဆွေးနွေးမှုမှာ အပေါင်းလက္ခဏာဆောင်ခဲ့ပြီး အခုအခါမှာတော့ တရုတ်သမ္မတ ရှီကျင်းဖျင်ဘက်က သဘောထားပျော့ပျောင်းလာတဲ့ ပြောဆိုမှုနဲ့ အသိပေးခဲ့တာပါ။

ဒါပေမဲ့ သမ္မတ ရှီကျင်းဖျင်ဟာ ထိုင်ဝမ်ကို တရုတ်လေတပ်က လေယာဉ်တွေလွှတ်ပြီး ဖိအားပေးခဲ့တဲ့ အခြေအနေတွေကိုတော့ ထုတ်ဖော်ပြောကြားခဲ့တာ မရှိပါဘူး။

ထိုင်ဝမ်ဟာ ဘေဂျင်းရဲ့ အချုပ်အခြာအာဏာ လက်အောက်မှာ ရှိနေပြီး လွတ်လပ်မှုအတွက် ခုခံနေပေမယ့် ထိုင်ဝမ်ပြည်သူတွေဟာ သူတို့ရဲ့ အနာဂတ်ကို ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့ သမ္မတရှီကျင်းဖျင်က ထပ်ဆောင်းပြောကြားပါတယ်။

တရုတ်နိုင်ငံဟာ သူတို့ရဲ့ အချုပ်အခြာအာဏာကို အပြည့်အဝလက်ခံဖို့ ထိုင်ဝမ်ဘက်ကို အကြိမ်ကြိမ် ဖိအားပေးခဲ့ပေမယ့် ဒီမိုကရေစီနည်းလမ်းတကျနဲ့ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ဘက်ကတော့ တရုတ်ရဲ့ လွှမ်းမိုးမှုကို အခုအချိန်ထိ တင်းခံထားဆဲဖြစ်ပါတယ်။

ဒါကြောင့်လည်း တရုတ်သမ္မတ ရှီကျင်းဖျင်က “ထိုင်ဝမ်ရဲ့ ခွဲထွက်ရေး အပြုအမှုဟာ အမိမြေပြန်လည် ပေါင်းစည်းရေးအတွက် အကြီးမားဆုံး အန္တရာယ်အဟန့်အတားဖြစ်ပြီး အမျိုးသားပြန်လည်ရှင်သန်မှုအတွက် ကွယ်ဝှက်ထားတဲ့ အန္တရာယ်ဖြစ်တယ်”လို့ တော်လှန်ရေးနှစ်ပတ်လည်နေ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာပါ။