သာကေတရေတပ်စခန်းရှေ့ ဗုံး ၂လုံးပေါက် စစ်အုပ်စုက ၃ဦး ဒဏ်ရာရ

၁၀၊ အောက်တိုဘာလ၊ ၂၀၂၁။

သာကေတမြို့နယ် အမှတ်(၄)ရပ်ကွက်၊ ရှု့ခင်းသာလမ်းမ စစ်အုပ်စုရဲ့ ရေတပ်စခန်းရှေ့မှာ ဗုံးနှစ်လုံး ဆက်တိုက်ပေါက်ကွဲပြီး အကြမ်းဖက်စစ်အုပ်စုဝင် ၃ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ အောက်တိုဘာလ ၁၀ရက်နေ့ မနက် ၇နာရီ ၄၅မိနစ်ခန့်မှာ ဗုံးတွေ့ရှိတာကြောင့် စစ်အုပ်စုဝင်တစ်ဦးက ဝါးလုံးနဲ့ထိုးပြီး ရှင်းလင်းနေစဉ် တစ်ကြိမ်ပေါက်ကွဲခဲ့ပြီး၊ မနက် ၈နာရီ ၅၅မိနစ်ခန့်တွင် ဗုံးရှာဖွေရေးအဖွဲ့က နောက်ထပ်ဗုံးတစ်လုံးတွေ့ရှိရသောကြောင့် ရှင်းလင်းရန် လုပ်ဆောင်စဉ် ထပ်မံပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

ပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပက်သက်ပြီး ဗမာ့နောက်ဆုံးတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဗုံးနှစ်လုံးစလုံးအား စောင့်ကြည့်ပြီးမှ သေချာဖောက်ခွဲခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးအရှိန်မြှင့်မှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုဝင်တွေအနီးကို သွားလာခြင်းမပြုလုပ်ဖို့ သတိထားသွားလာကြဖို့ ဗမာ့နောက်ဆုံးတော်လှန်ရေး လက်နက်ကိုင်အဖွဲ့က သတိပေးထားပါတယ်။