ရိက္ခာပြန်ယူတဲ့ ပြည်သူနှစ်ဦးကို စစ်အုပ်စုပစ်သတ်

၉၊ အောက်တိုဘာလ၊ ၂၀၂၁။

ဒီးမော့ဆိုမြို့နယ် စံပြ ၆မိုင်ကျေးရွာမှာ အောက်တိုဘာလ ၉ရက်နေ့ မနက် ၈နာရီခန့်က ရိက္ခာပြည်သူတဲ့ ပြည်သူနှစ်ဦးကို စစ်အုပ်စုက အကြမ်းဖက်ပစ်ခတ်ခဲ့တာကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ပြည်သူနှစ်ဦးကို ပစ်လိုက်တဲ့ စစ်အုပ်စုရဲ့ သေနတ်သံကို ကြားရပြီး ကင်းလှည့်နေတဲ့ KNDFက သွားရောက် ကယ်တင်တာကြောင့် တစ်ဦးအသက်ရှင်ခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။

“ကျနော်တို့ရဲဘော်တွေက ကင်းလှည့်လာရင်း သေနတ်သံကြားလိုက်ပြီး ရောက်လာတော့ နှစ်ဖက်ထိပ်တိုက် တွေ့လို့ တစ်ယောက်က ကံကောင်းသွားတယ်လို့ပဲ ပြောရမယ်။ အမှန်တော့စကစက နှစ်ယောက်စလုံးကို ဖျောက်မလို့ပဲ။ သေနတ်ပစ်ခံရတဲ့တစ်ယောက်ကတော့ တွေ့တဲ့အချိန်အသက်ရှူသေးပေမယ့် ဆုံးသွားတယ်။ သူတို့နှစ်ယောက်က ရွာထဲကို ရိက္ခာပြန်လာသယ်တာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

သေဆုံးသူ ဦးကျော်ဟိန်းနဲ့ ဒဏ်ရာရရှိသူ ဦးဒေါမိနစ်တို့ဟာ ညီအစ်ကိုတွေ ဖြစ်ပြီး စစ်အုပ်စုက ကျေးရွာအတွင်းက ပြည်သူတွေရဲ့ နေအိမ်တွေကို ဖောက်ထွင်းခိုးယူနေချိန်မှာ တွေ့ရှိတာကြောင့် ရိုက်နှက်နှိပ်စက်ကာ အခုလို ပစ်ခတ်သတ်ဖြတ်ခဲ့တာလို့ သိရပါတယ်။

Source- The 74 Media