ရွှေဆံတော်ဘုရား ဂေါပကအဖွဲ့ဝင်တစ်ဦးကို စစ်အုပ်စုက ဖမ်းဆီးသတ်ဖြတ်

၉၊ အောက်တိုဘာလ၊ ၂၀၂၁။

တောင်ငူမြို့နယ် ရွှေဆံတော်ဘုရားဂေါပကအဖွဲ့ဝင် ဦးစန်းကြည်ကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးပြီးနောက် နာရီဝက်အတွင်း နှိပ်စက်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၈ရက်နေ့ ည ၁၀နာရီခန့်မှာ စစ်အုပ်စုက ရွှေဆံတော်ဘုရားတံခါးတွေကို ဖျက်ဆီးဝင်ရောက်ပြီး ဂေါပကအဖွဲ့ဝင်ဖြစ်ပြီး ရုံးအဖွဲ့မှူးလည်းဖြစ်သူ ဦးစန်ကြည်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။

“ညကဝင်ဖမ်းသွားတာ ဖမ်းသွားပြီး နာရီဝက်လောက်ကြာတော့ သေသွားပြီ မနက်ကျ အလောင်းလာထုတ်ဆိုပြီး သူ့မိသားစုကို ဖုန်းဆက်တယ်၊ နာရီဝက်ထဲနဲ့ လူတစ်ယောက်ကို သတ်ပစ်လိုက်တာ၊ ဘာလို့ဖမ်းတယ်ဆိုတာလည်း မသိရဘူး”လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

ဖမ်းဆီးခဲ့ချိန်မှာ မျက်မြင်တွေ့ရှိသူတွေ ပြောကြားချက်အရ စတင်ဖမ်းဆီးချိန်ကတည်းက ကားပေါ်မှာ ရိုက်နှက်မှုတွေ လုပ်ဆောင်ခဲ့တာလို့ အနီးဝန်းကျင်နေထိုင်သူတွေက ဆိုပါတယ်။

Delta News Agency

Read Previous

ရိက္ခာပြန်ယူတဲ့ ပြည်သူနှစ်ဦးကို စစ်အုပ်စုပစ်သတ်

Read Next

DKBA အရာရှိတစ်ဦးနေအိမ်မှာ ထိုင်းကိုပို့မယ့်ရွှေ့ပြောင်းလုပ်သား ၁၀၀ကျော် ဖမ်းမိ