DKBA အရာရှိတစ်ဦးနေအိမ်မှာ ထိုင်းကိုပို့မယ့်ရွှေ့ပြောင်းလုပ်သား ၁၀၀ကျော် ဖမ်းမိ

၉၊ အောက်တိုဘာလ၊ ၂၀၂၁။

မြဝတီမြို့က DKBA အရာရှိတစ်ဦးရဲ့ နေအိမ်မှာ ထိုင်းနိုင်ငံကို သွားရောက်မဲ့ ရွှေ့ပြောင်းလုပ်သား ၁၀၀ကျော်ကို အကြမ်းဖက်စစ်အုပ်စုက စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၈ရက်နေ့ ညပိုင်းမှာ အမှတ်(၄)ရပ်ကွက် အောင်မြေရွှေဘုံရပ်ကွက်၊ မချောလေးကုန်းလမ်းမှာရှိတဲ့ံ DKBAက ဒုရင်းမှူး ကျော်ဖိုးဝါးရဲ့ နေအိမ်မှာ ထိုင်းနိုင်ငံကို တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်မဲ့ လုပ်သား ၁၀၀ကျော်ရောက်ရှိနေတယ်လို့ သတင်းကြားတာကြောင့် စစ်အုပ်စုက ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ဖမ်းဆီးရမိသူတွေဟာ ပဲခူး၊ မန္တလေး၊ဧရာဝတီ၊ မကွေး၊ စစ်ကိုင်း၊ ရန်ကုန်၊ မွန်နဲ့ ကရင်ပြည်နယ်တို့ကနေ လာရောက်သူတွေဖြစ်ပြီး စုစုပေါင်း ၁၁၂ဦး ဖမ်းဆီးရမိပြီး ရွှေမြဝတီစောင့်ကြည့်ရေးစခန်းမှာ ခတ္တထိန်းသိမ်းထားတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ရွှေ့ပြောင်းလုပ်သားတွေကို လက်ခံထားတဲ့ DKBAက အရာရှိကိုတော့ စစ်အုပ်စုက အရေးယူမှု တစ်စုံတစ်ရာ မရှိသေးဘူးလို့ သိရပါတယ်။

Credit- Klo FM