ပြင်သစ် စစ်သတင်းထောက်ဆု မြန်မာဓာတ်ပုံဆရာ ရွေးချယ်ခံရ

၁၀ ၊ အောက််တိုဘာလ ၊ ၂၀၂၁ ။

ပြင်သစ်နိုင်ငံက နာမည်ကျော် ဘိုင်ယူး စစ်သတင်းထောက်ဆု Bayeux War Correspondents’ Awards ကို မြန်မာဓာတ်ပုံဆရာ ရွေးချယ်ချီးမြင့်ခံခဲ့ရတယ်လို့ French 24 သတင်းဌာနက ဖော်ပြပါတယ်။
ဒီနှစ် ၂၀၂၁ ခုနှစ်မှာ ပထမဆုကို New York Times သတင်းစာက မြန်မာဓာတ်ပုံသတင်းထောက်ကို ချီးမြှင့်လိုက်တာဖြစ်ပြီး မြန်မာနိုင်ငံမှာ ရှိနေတဲ့ ဓာတ်ပုံဆရာအတွက် အန္တရာယ်ရှိတာကြောင့် အမည်ကိုတော့ ဖော်ပြမထားပါဘူး။
အောက်တိုဘာ ၉ရက်နေ့က ပြင်သစ်နိုင်ငံမြောက်ပိုင်း ဘိုင်ယူးမြို့မှာ ကျင်းပတဲ့ ဆုပေးပွဲမှာ “နွေဦးတော်လှန်ရေး” လို့ တင်စားခေါ်ကြတဲ့ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေကို မှတ်တမ်းတင် ရိုက်ကူးခဲ့တဲ့ မြန်မာဓာတ်ပုံဆရာကို ပထမဆု ချီးမြှင့်ခဲ့တာဖြစ်တယ်လို့ ဆုရွေးချယ်ရေးအဖွဲ့ဥက္ကဋ္ဌ Manoocher Deghati က AFP သတင်းဌာနကို ပြောပါတယ်။
မြန်မာနိုင်ငံတွင်းက ငယ်ရွယ်တဲ့ ဓာတ်ပုံသတင်းထောက်တွေရဲ့ ကြိုးစားရုန်းကန်မှုကို ပေါ်လွင်စေချင်တာကြောင့် အခုလို ဆုပေးဖို့ ရွေးချယ်ရေးအဖွဲ့က ဆုံးဖြတ်ခဲ့တာလို့လည်း သူက ဆက်ပြောပါတယ်။
ဆုရရှိတဲ့ မြန်မာဓာတ်ပုံသတင်းထောက် ရိုက်ကူးထားတဲ့ ပုံတွေနဲ့ တခြား မြန်မာဓာတ်ပုံဆရာ အများအပြားရဲ့ လက်ရာတွေကိုလည်း ဘိုင်ယူးပြပွဲမှာ ပြသထားပါတယ်။
ဒါ့အပြင် ပုံနှိပ်သတင်းအတွက် ဆု ၊ ရုပ်သံ သတင်းထောက်ဆုနံ့ ရေဒီယိုအသံလွှင့် သတင်းထောက်ဆုတွေကိုလည်း မနေ့က ပြုလုပ်တဲ့ပွဲမှာ ပေးအပ်ခဲ့ပါပေးတယ်။
စစ်သတင်းတွေကို သက်စွန့်ဆံဖျား ရယူတင်ပြခဲ့သူတွေအတွက် ပြင်သစ်နိုင်ငံက ၁၉၄၄ ခုနှစ်မှာ ပထမဆုံး လွတ်လပ်ရေးရတဲ့ မြို့ငယ်ဖြစ်တဲ့ ဘိုင်ယူးက ၁၉၉၄ ခုနှစ်ကစပြီး ဆုတွေ ပေးခဲ့တာဖြစ်ပါတယ်။
ပြင်သစ်နဲ့ ဗြိတိန်သတင်းသမား ၄၀ ပါဝင်တဲ့ ဆုရွေးချယ်ရေးအဖွဲ့က ရွေးချယ်လိုက်သူတွေကို ဆုငွေအဖြစ် တဦးကို ယူရိုငွေ ၃,၀၀၀ ကနေ ၇,၀၀၀ အထိ ပေးအပ်သွားမယ်လို့ သိရပါတယ်။
Photo Credit – AP