မုံရွာမှာ စစ်ကားနှစ်စီး မိုင်းထိ

၁၀ ၊ အောက်တိုဘာလ ၊ ၂၀၂၁ ။

စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်အတွင်း မနေ့ည ၉နာရီကျော်က စစ်ကား၂စီးမိုင်းထိမှန်ခဲ့တယ်လို့သိရ ပါတယ်။
 
အကြမ်းဖက်စစ်ကား၄စီးအနက်၂စီးဟာ မုံရွာမြို့၊စက်မှုဇုန်အဝင်လမ်းမှာ မိုင်းထိမှန်ကာ ကားအောက်ပိုင်းတွေ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မဟာမိတ် PDF – South Monywa နဲ့လက်တွဲထားတဲ့ Monywa Heroes Groupဟာ Monywa Nightking နဲ့ပူးပေါင်းပြီး မနေ့ည ၉နာရီမိနစ်၂၀လောက်မှာ မိုင်းဆွဲခဲ့တာလို့ Monywa Nightking ကထုတ်ပြန်ပါတယ်။
 
မုံရွာမြို့၊ထန်းတောရပ်ကွက်သားတစ်ဉီးက ‘ညကပေါက်ကွဲတာအသံတော်တော်ကျယ်တယ်။စစ်ကား၂ စီးထိတယ်လို့သိရပေမဲ့ လူအသေအပျောက်တော့ သွားမကြည့်ရဲလို့ မသိကြဘူး။စစ်ခွေးတွေက သူတို့ထိပြီးဆို တွေ့ရာလှမ်းပစ်ပြီး တွေ့တဲ့လူဖမ်းတာကိုး’လို့ ဆိုပါတယ်။
 
Monywa Nightking ကလည်း စစ်ခွေးအသေအပျောက်နဲ့ထိခိုက်ဒါဏ်ရာ ရရှိမှုအသေးစိတ်ကို မသိရှိသေးပေမဲ့ ပြောက်ကျားတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုလုံးဝမရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။

Delta News

Read Previous

ပြင်သစ် စစ်သတင်းထောက်ဆု မြန်မာဓာတ်ပုံဆရာ ရွေးချယ်ခံရ

Read Next

ခြေစွမ်းနဲ့ ပတ်သက်ပြီး မက်ဆီ၊နေမာနဲ့ ရာမို့စ်တို့ကို သတိပေးလိုက်တဲ့ နည်းပြ ပိုချက်တီနို