တန့်ဆည်မြို့မှာ ဆိုင်ကယ်နဲ့ ကင်းလှည့်နေတဲ့ စစ်အုပ်စု မိုင်းထိ

၁၀၊ အောက်တိုဘာလ၊၂၀၂၁။

တန့်ဆည်မြို့နယ် နဘက်ကြီးကျေးရွာနဲ့ သစ္စေးကုန်းကျေးရွာကြားမှာ ဆိုင်ကယ်နဲ့ ကင်းလှည့်နေတဲ့ အကြမ်းဖက်စစ်အုပ်စု မိုင်းဆွဲခံရပြီး ၂ဦးသေဆုံးခဲ့တယ်လို့ The 74 Media သတင်းဌာနက ဖော်ပြချက်အရ သိရပါတယ်။

အောက်တိုဘာလ ၁၀ရက် နေ့လည် ၁၁နာရီခန့်မှာ ဆိုင်ကယ်နဲ့ ကင်းလှည့်နေတဲ့ စစ်အုပ်စု သစ္စေးကုန်းကျေးရွာ မိုင်တဲတာဝါတိုင်အနီးမှာ မိုင်းထိခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“အင်အားက ၅၀နီးပါးလောက်ရှိမယ် မိုင်းထိသွားတာ ၂ယောက်သေတယ်လို့ ပြောတယ်၊ ရွာတွေကို ဝင်ရှာပြီး ဒုက္ခပေးမှာဆိုးလို့ သတိနဲ့ ရှောင်နေကြတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

မိုင်းခွဲတိုက်ခိုက်မှုဟာ တန့်ဆည် PDFက လုပ်ဆောင်ခဲ့တာလို့ ဒေသခံတွေက ပြောကြားနေကြပြီး တန့်ဆည် PDFကတော့ သီးခြားထုတ်ပြန်တာ မရှိသေးပါဘူး။

Source- The 74 Media

Delta News Agency

Read Previous

CDM လုပ်ပြီးထွက်ပြေးလာတဲ့ စစ်အုပ်စု ဒုတိုင်းမှူးရဲ့ ကိုယ်ရေးအရာရှိ တပ်ပျက်နေပုံကိုဖွင့်ဟ

Read Next

အာဆီယံမှာ မင်းအောင်လှိုင် ဘုံပျောက်မလား