ဒေသအလိုက် သတင်းကဏ္ဍ

ရွှေကူတဲစုကျေးရွာက ပြည်သူ၃ဦးကို စစ်အုပ်စုက အကြောင်းမဲ့ ပစ်သတ်

၄၊ အောက်တိုဘာလ၊ ၂၀၂၁။ ခင်ဦးမြို့နယ် ရွှေကူတဲစုကျေးရွာမှာ နွားစာကျွေးဖို့ ပြန်လာတဲ့ ပြည်သူ ၃ဦးကို အကြမ်းဖက်စစ်အုပ်စုက အကြောင်းမဲ့ ပစ်သတ်သွားခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာလ ၃ရက်နေ့ နေ့လည်ပိုင်းမှာ အကြမ်းဖက်စစ်အုပ်စုက ပျဉ်ထောင်ကျေးရွာကို ဝင်ရောက်စီးနင်းခဲ့တာကြောင့် ပျဉ်ထောင်ကျေးရွာဒေသခံတွေအပြင် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထီးချိုင့်အုပ်ကြီး အားလုံးနီးပါးနုတ်ထွက်ပြီ

၄၊ အောက်တိုဘာလ၊ ၂၀၂၁။ ထီးချိုင့်မြို့နယ်အတွင်းက အုပ်ချုပ်ရေးမှူးအားလုံးနီးပါးနုတ်ထွက်ပြီးပြီလို့ သိရပါတယ်။ ထီးချိုင့်မြို့နယ်အတွင်းက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေအနေနဲ့ စက်တင်ဘာ၃၀ရက် နောက်ဆုံးထား နုတ်ထွက်ကြ ဖို့ ထီးချိုင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြေညာခဲ့ပြီးနောက် ၂၅ယောက်နုတ်ထွက်ခဲ့ပြီး ၁၁ယောက်ကျန်ခဲ့ပါတယ်။ ကျန်ရှိနေသူတွေအနေနဲ့ အောက်တိုဘာ၁၅ရက်နောက်ဆုံးထားနုတ်ထွက်ကြဖို့ ထီးချိုင့်ပြည်သူ့ကာကွယ် ရေးတပ်က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကျန်းမာရေးကြောင့် ရုံးချိန်းတွေကို တစ်ပတ်ခြားရွေ့ဆိုင်းလုပ်ပေးဖို့ အတိုင်ပင်ခံတောင်းဆို

၄၊ အောက်တိုဘာလ၊ ၂၀၂၁။  အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုက တရားစွဲဆိုထားတဲ့အမှုတွေနဲ့ ပတ်သတ်ပြီး  ရုံးချိန်းတွေကို တစ်ပတ်ခြားစီ ရွေ့ဆိုင်းပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့မှာ တောင်းဆိုခဲ့ပါတယ်။ စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်းများစွာနဲ့ တရားစွဲဆိုထားတာကြောင့် တစ်ပတ်ကို လေးကြိမ်ရုံးတက်နေရတာလည်း ဖြစ်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အင်တာနက်ဖြတ်တောက်မှုကို စစ်ရေးဗျူဟာတစ်ခုအဖြစ် အကြမ်းဖက်စစ်တပ်လုပ်ဆောင်နေ

၄၊ အောက်တိုဘာလ၊ ၂၀၂၁။ အကြမ်းဖက်စစ်တပ်ဟာ ဩဂုတ်လကစတင်ပြီး အင်တာနက်ဖြတ်တောက်ခြင်းတွေကို စစ်ရေးဗျူဟာတစ်ခုအနေနဲ့ ဆောင်ရွက်လာပြီး လက်ရှိအချိန်မှာ အင်တာနက်ဖြတ်တောက်ခံထားရတဲ့မြို့နယ် ၂၅ ခုအထိ ရှိနေပြီလို့ Infosheet 4 Human Rights:Myanmar အဖွဲ့က စာရင်းပြုစုထုတ် ပြန်ပါတယ်။  [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ငရုတ်ကောင်းမြို့သဲဖြူရွာက ဒလန်လို့ ယူဆရသူ၂ဦးအလောင်းပြန်တွေ့

၄၊ အောက်တိုဘာလ ၊၂၀၂၁။ ငပုတောမြို့နယ် ငရုတ်ကောင်းမြို့ သဲဖြူကျေးရွာမှာ အသတ်ခံထားရတဲ့ စစ်တပ်သတင်းပေး၂ဦးရဲ့အလောင်းတွေပြန်တွေ့ခဲ့တယ်လို့သိရပါတယ်။ သဲဖြူကျေးရွာမှာ လွန်ခဲ့တဲ့ သုံးပါတ်ကျော်ကပျောက်ဆုံးနေတဲ့ စစ်တပ်သတင်းပေးလို့ နာမည်ကြီးတဲ့ ဦးဆန်းတင့်နဲ့ ဦးတင်ထူးတို့ရဲ့ဘအ​လောင်းကို သဲဖြူကျေးရွာနဲ့ ကနစိုးကုန်းကျေးရွာနှစ်ရွာ ကြားမှာ မြေမြုပ်ထားကို အောက်တိုဘာ၂ရက်နေ့ညနေပိုင်းက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အကြမ်းဖက်စစ်ယာဥ်တန်း ပုလဲမှာ ဒုတိယအကြိမ်မိုင်းဆွဲခံရပြန် ၁၀ဦးထက်မနည်းသေ

၄၊ အောက်တိုဘာလ၊ ၂၀၂၁။ သံချပ်ကာ၇စီးပါတဲ့ အကြမ်းဖက်စစ်ယာဥ်တန်းကို ပုလဲမြို့နယ်အတွင်း ထပ်မံမိုင်းဆွဲခဲ့ရာ ၁၀ဦးထက်မနည်းသေ ဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့မနက်ပိုင်းက  သံချပ်ကာကား၇စီးနဲ့ အကြမ်းဖက်စစ်ကား၉၃စီး ပုလဲမြို့နယ်ထဲ ဝင်လာစဥ် ပြည်သူ့တော် လှန်ရေးတပ်(PRA)နဲ့ပုလဲပြည်သူ့ကာကွယ်ရေးတပ်(PPDF)တို့ပူးပေါင်းကာမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ဒုတိယအကြိမ် အဖြစ် ဒီနေ့မနက်၁၀နာရီခွဲလောက်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုလဲမြို့နယ်ထဲဝင်လာတဲ့ စစ်ကား၉၀ကျော်ကို မိုင်းဆွဲတိုက်ခိုက်

၄၊ အောက်တိုဘာလ၊ ၂၀၂၁။ စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်ထဲကိုဝင်လာတဲ့ အကြမ်းဖက်စစ်ကား၉၀ကျော်ကို ပြောက်ကျားတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့မနက်ပိုင်းမှာ သံချပ်ကာကား၇စီးနဲ့ အကြမ်းဖက်စစ်ကား၉၃စီး ပုလဲမြို့နယ်ထဲ ဝင်လာစဥ် ပြည်သူ့တော် လှန်ရေးတပ်(PRA)နဲ့ပုလဲပြည်သူ့ကာကွယ်ရေးတပ်(PPDF)တို့ပူးပေါင်းကာမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့တော် လှန်ရေးတပ်ဖွဲ့ဝင် ဗိုလ်စောကပြောပါတယ်။ ‘၇နာရီ၁၅မိနစ်လောက်မှာ မိုင်းဆွဲခဲ့တာ။မိုင်း၆လုံး၊၇လုံးကွဲတယ်။ကျွန်တော်တို့ပြောက်ကျားအလုပ်က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဧရာဝတီတိုင်းရှိ ရေကြောင်းလမ်းတွေကို ပိတ်ဆို့ စစ်ဆေးနေ

၃၊ အောက်တိုဘာလ၊ ၂၀၂၁။ ဧရာဝတီတိုင်း အတွင်းရှိမြိုတွေမှာ ရေကြောင်းလမ်းတွေကိုပါ စစ်အုပ်စုက ပိတ်ဆိုစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။ အောက်တိုဘာလ ၃၀ရက်နေ့က ပုသိမ်မြစ်အတွင်းမှာသွားလာနေတဲ့ ခရီးသည်တင်ရေယာဥ်၊ကုန်တင်ရေ ယာဉ်တွေနဲ့ စက်လှေ ဆိပ် ကူးတိုဆိပ် သင်္ဘောဆိပ်တွေမှာ ဆိုက် ကပ်ထားတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အကြမ်းဖက်စစ်ယာဥ်တန်း ပုလဲမှာမိုင်းဆွဲခံရ ၊ ၅၀ထက်မနည်း သေ

၃၊ အောက်တိုဘာလ၊ ၂၀၂၁။  စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်သို့ သံချပ်ကာယာဥ်၂စီးနဲ့ တက်လာတဲ့ အကြမ်းဖက်စစ်ယာဥ်တန်းကို ဒေသခံ ပြောက် ကျားတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၅၀ထက်မနည်းသေဆုံးခဲ့တယ်လို့ ပြည်သူ့တော်လှန်ရေးတပ်မတော်က ပြောပါတယ်။ ဒီနေ့မနက်မှာအကြမ်းဖက်စစ်ယာဥ်တန်းဟာ ကလေးဘက်ကိုတပ်ကူသွားဖို့ ပုလဲမြို့နယ်ထဲ ဖြတ်သန်းလာတာဖြစ်ပြီး ပြည်သူ့ တော်လှန်ရေးတပ်(PRA)နဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခရမ်းမြို့မှာ NLDပါတီဝင်နှစ်ဦးရဲ့နေအိမ်ကို စစ်အုပ်စုက ဝင်ရောက်ဖျက်ဆီးပြီး ပစ္စည်းတွေခိုးယူ

၃၊ အောက်တိုဘာလ၊ ၂၀၂၁။ ခရမ်းမြို့နယ် ရိုးကြီးကျေးရွာနဲ့ ခင်တန်းကျေးရွာမှာရှိတဲ့ NLDပါတီဝင် နှစ်ဦးရဲ့ နေအိမ်ကို အကြမ်းဖက်စစ်အုပ်စုက ဖောက်ထွင်းဝင်ရောက်ပြီး နေအိမ်ကိုဖျက်ဆီးကာ အဖိုးတန်ပစ္စည်းတွေကို ခိုးယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အောက်တိုဘာလ ၂ရက်နေ့ ည ၇နာရီ [ဆက်လက်ဖတ်ရှုရန်]