သုံးခွမြို့ပေါ်အုပ်ချုပ်ရေး ရာခိုင်နှုန်း၉၀ကျော်ရပ်ဆိုင်းပြီ

ရန်ကုန်တိုင်း၊သုံးခွမြို့ပေါ်ရဲ့  အခြေခံအုပ်ချုပ်ရေးယန္တယားမှာ ရာခိုင်နှုန်း၉၀ကျော် ရပ်ဆိုင်းသွားပြီလို့ သိရပါ တယ်။

သုံးခွမြို့ပေါ်မှာ ရပ်ကွက်၁၂ရပ်ကွက်ရှိတဲ့အနက် ရပ်ကွက်၁၁ခုရဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဟာ ကျန်းမာရေး အကြောင်းပြချက်နဲ့ နုတ်ထွက်စာတင်လိုက်ပြီမို  အခြေခံအုပ်ချုပ်ရေးရဲ့ ရာခိုင်နှုန်း၉၀ကျော်မှာ ရပ်ဆိုင်းသွားပြီ လို့ ဒေသခံနွေဦးတော်လှန်ရေးစာမျက်နှာ TGA News Channel ကဖော်ပြပါတယ်။

‘၆ရပ်ကွက်တစ်ခုပဲ နုတ်ထွက်ဖို့ကျန်တော့တယ်။အခုသုံးခွတစ်မြို့လုံးက နိုးနိုးကြားကြားနဲ့စောင့်ကြည့်နေတယ်။ စစ်တပ်ကတော့ နောက်ထပ်ရပ်ကွက်အုပ်ချုပ်ရေးမှူးအသစ်တွေခန့်မယ်လို့ကြားနေတယ်။လုပ်ရဲတဲ့သူလုပ်ပေါ့။ သုံးခွပြောက်ကျားတွေကလည်း ဒီအတိုင်းငြိမ်နေမှာမဟုတ်ဘူး’လို့ သုံးခွမြို့ ၂ရပ်ကွက်နေ တက်ကြွလှုပ်ရှားသူ တစ်ဦးကပြောပါတယ်။

အောက်တိုဘာ၁၁ရက်နေ့မနက်ပိုင်းအထိ သုံးခွမြို့ပေါ်မှာ နုတ်ထွက်ရပ်ကွက်အုပ်ချုပ်ရေးမှူး၁၁ဦးရှိပြီး ရွာ၁၁ရွာ ကျေးရွာအုပ်ချုပ်ရေးမှူး၁၁ဦးလည်းနုတ်ထွက်ပြီးပြီလို့သိရပါတယ်။

‘ရွာအုပ်ချုပ်ရေးမှူးတွေထွက်တာတော်တော်နည်းသေးတယ်။သုံးခွပြောက်ကျားလူငယ်တွေကလည်း စောင့်ကြည့် နေတယ်လို့ကြားတယ်။ပြည်သူကိုဂရုမစိုက်ဘူး၊နုတ်မထွက်ဘူးဆိုရင်တော့ ရွာအုပ်ချုပ်ရေးမှူးတွေထဲက စစ်ခွေး တွေကို သတင်းပေးနေတဲ့ကောင်ကို အရင်ရှင်းရမှာပဲ။’လို့သူကပြောပါတယ်။

ပြောက်ကျားလူငယ်တွေဟာ သုံးခွမြို့နယ်အတွင်း ဒလန်ရှင်းလင်းရေးအတွက် စာရင်းပြုစုထားပြီးပြီဖြစ်ပြီး ဦးစားပေးအဆင့်အလိုက် ရှင်းလင်း သွားမယ်လို့သိရကြောင်း သူကဆက်ပြောပါတယ်။

အောက်တိုဘာ၇ရက်နေ့ မနက်စောစောပိုင်းက သုံးခွမြို့ပေါ်ရှိ လျှပ်စစ်ရုံးနဲ့ အခွန်ရုံးတို့ကို Thongwa Youth  Force (TYF) က လူထိခိုက်ခြင်းမရှိအောင်သတိပေးဖောက်ခွဲခဲ့ပါတယ်။ သုံးခွမြို့နယ်အတွင်းရွာပေါင်း၆၄ ရွာရှိပါတယ်။