စာသင်ကျောင်းထဲ တပ်စွဲထားတဲ့ စစ်အုပ်စု ဗုံးပစ်ခံရ

၁၁၊ အောက်တိုဘာလ၊ ၂၀၂၁။

ချမ်းမြသာစည်မြို့နယ် အမက ၃၅ကျောင်းအတွင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုကို Rangers of Mandalayပြောက်ကျားတပ်ဖွဲ့က ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၁ရက်နေ့ မနက် ၁၀နာရီခန့်မှာ စာသင်ကျောင်းထဲ တပ်စွဲထားတဲ့ စစ်အုပ်စုကို လက်လုပ်ဗုံးနဲ့ ပစ်ပေါက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အနည်းဆုံး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Rangers of Mandalay ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ဗုံးပေါက်ကွဲပြီးနောက် အကြမ်းဖက်စစ်အုပ်စုက စာသင်ကျောင်းဝန်းအတွင်းကနေ သေနတ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့သေးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ နိုဝင်ဘာလမှာ စာသင်ကျောင်းတွေကို ပြန်ဖွင့်ဖို့အတွက် ဖိအားပေးခိုင်းစေနေပြီး သူတို့ကတော့ စာသင်ကျောင်းတွေထဲ တပ်စခန်းချထားတာကြောင့် ကျောင်းသား၊ကျောင်းသူတွေကို လူသားဒိုင်းပုံစံ လုပ်ဆောင်လာနိုင်တယ်လို့ သိရပါတယ်။

 

 

Delta News Agency

Read Previous

ကာတာမှာ ကျင်းပမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲဟာ သူ့အတွက် နောက်ဆုံးဖြစ်လာမယ်လို့ ဘရာဇီးတိုက်စစ်မှူးနေမာပြော

Read Next

အကြမ်းဖက်စစ်အုပ်စုက မုံးကိုးအခြေစိုက် MNDAAတပ်ဖွဲ့ကို စစ်ကြောင်းထိုးတိုက်ခိုက်နေ